စန်းကောင်းအောင်နေထိုင်နည်း

Astrology
စန်းကောင်းအောင်နေထိုင်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စန်းကောင်းအောင်နေထိုင်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စန်းကောင်းအောင်နေထိုင်နည်း

လူတိုင်းမှတ်သားစရာမို့ သေချာဖတ်ပြီးမှတ်ပြီး ဂရုတစိုက်လုပ်စေချင်ပါတယ်
`စန်း´လို့ ဆိုလိုက်တိုင်း မျက်နှာပွင့်တယ် အချစ်ရေး ကံကောင်းတယ်လို့ အကြမ်းဖျဉ်းအားဖြင့် ကျွန်တော်တို့တတွေ သတ်မှတ်ထားကြပါတယ်။
တချို့ကဆို အဲ့ဒီလို မျက်နှာပွင့်တာကိုပဲ သူကတော့ အခုတလော စန်းထနေတယ် ကြည့်ပါလားဆိုတာမျိုးတွေ ပြောနေဆိုနေသံတွေ ကြားဖူးကြမှာပါ။
ဗေဒင်သဘော အခေါ်အဝေါ်အရပြောရရင် ဇာတာ စန်းလဂ် တက်နေတယ်ပေါ့။ လူချင်းတူတယ် စန်းချင်း မတူဘူး။ စန်းရှိတဲ့ လူတွေက အဘယ်အလုပ်ပဲ ထလုပ်လိုက် လုပ်လိုက်ဖြစ်နေတတ်ပါတယ်။ (အောင်မြင်တယ်ပေါ့)

တော်လို့ တတ်လို့ ကျွမ်းလို့လည်း ဟုတ်ချင်မှဟုတ်မယ်။ သူလုပ်
လိုက်ရင် အဆင်ကိုပြေနေတော့တာ အမှန်ပါပဲ။
ဆန့်ကျင်ဘက်ကို ကြည့်ပြန်ရင်လည်း

”စန်းပျက်”ခြင်း

တော်နေတဲ့လူများကြတော့လည်း ဘယ်လောက်တော်တော် ဘယ် လောက်တတ်တတ် ဘယ်လောက်သိသိ ဘယ်အလုပ်လိုက်လုပ်လိုက် တလွဲတချော်တွေနဲ့ အမြဲလိုလို တိုက်စားအဆင်မပြေတတ်ကြ ပြန်ဘူးလေ။ဒီအကြောင်းအရာ ဖြစ်စဉ်တွေက ကိုယ်တိုင်ဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ မြင်တွေ့နေရတတ်တာပဲလေ။

ဒီတော့ စန်းရှိတဲ့အကြောင်း စန်းပျက်တဲ့အကြောင်း ပထမတော့ စိတ်ဝင်စားမိတယ်။ ဒုတိယတော့ လေ့လာမိတယ်။ ဘာသာရေးအမြင်အရတော့ အကျိုးပေးကံကြောင့်ပေါ့။ ဗေဒင်ပညာအလိုတော့ ကံကောင်းနေတဲ့ ကိန်းခန်းတွေကြောင့်ပေါ့၊ အခြားယတြာကျမ်းတွေ လေ့လာကြည့်တော့ —

စန်းကောင်းအောင်နေနည်းနဲ့ စန်းပျက်အောင်နေနည်းတွေရှိတယ်ဆိုတာ တွေ့ရတာပေါ့။ စန်းပျက်ကြတဲ့နေရာမှာလည်း
အချို့က– `နှုတ်´
အချို့က– `ကိုယ်´
အချို့က– `စိတ်´ ဆိုပြီး ခွဲခြား လေ့လာမိတယ်။

အချို့ညစ်ညမ်းတဲ့စကား ဆဲရေးတိုင်းထွာ ဖရုဿဝါစာစကားတွေ နေ့စဉ်အတွင်တွင်သုံးနှုန်းပြောဆိုတတ်ကြတယ်။ အချို့လိမ်ညာတဲ့စကား ဂုန်းချောစကားတွေပြောတတ်ကြတယ်။ အစားအသောက်စားရင်လည်း အသံတွေ အရမ်းမြည်သံကြားအောင်စားကြတယ်။ ညစ်နွမ်းနိမ့်ကျသော မစားအပ်တဲ့ အစားစာတွေစားတတ်ကြတယ်။
တံတွေးထွေးတဲ့အခါ တွေ့ကရာနေရာမှာ (လူတကာ ခြေနင်းဖတ်) ထွေးတတ်ကြတယ်။

အဲ့ဒီလို ပါးစပ်စည်းကမ်း ပျက်လွန်းလာတဲ့သူတွေဟာ ကြာလာရင် စန်းပါ ပျက်လာပြီး ကိုယ်ပြောဆိုသမျှ မအောင်မြင်တော့ဘူး။ အဆို တော်၊ ပွဲစား၊ ရှေ့နေ၊ စကားပြန်၊ ဘာသာစကားသင်တန်းစတဲ့ နှုတ်နဲ့ လုပ်ရတဲ့အလုပ်တွေအားလုံး စန်းပျက်ပြီး အဆင်မပြေမှုတွေ ကြုံ ကြရပါတယ်။အချို့ကြတော့ လူတကာလျှောက်သွားနေတဲ့ ကြမ်းပြင်ပေါ် သံမံတလင်းတွေပေါ်မှာ အခင်းမပါဘဲ အိပ်တတ်ကြတယ်။ မအိပ်သင့်တဲ့နေ
ရာတွေမှာ အိပ်စက်ကြတာမျိုးတွေ။

မျက်နှာသုတ်တော့လည်း တွေ့ကရာ အဝတ်တွေနဲ့ သုတ်ကြတယ်။ အချို့ကိုယ်ဝတ်ဆင်ထားတဲ့ ပုဆိုး လုံချည်တွေနဲ့ မျက်နှာကို ပြန်သုတ်တတ်ကြတယ်။
အချို့ အင်္ကျီကအသစ် ပုဆိုး ဘောင်းဘီက အစုတ်၊ ပုဆိုး ဘောင်းဘီကအစုတ် အင်္ကျီကအသစ် တွဲဝတ်ကြတယ်။ အချို့ဖိနပ်က အစုတ် ဦးထုပ်ကအသစ်၊ ဦးထုပ်ကအသစ် ဖိနပ်ကအစုတ် တွဲဝတ်ကြတာတွေရှိတယ်။(မတွဲဖက်သင့်သော အရာတွေပေါ့)

တချို့ကလည်း နံနက်မိုးလင်းတာနဲ့ အိပ်ရာက ထလာတယ်။ ချက်ချင်းမျက်နှာမသစ်ဘဲ အကြာကြီး တခြားအလုပ်တွေလုပ်နေမယ်။ ငူငူငိုင်ငိုင်ကြီး ထိုင်နေမယ်။ (မျက်နှာမသစ်ဘဲ အစားအစာတစ်ခုခုစားမယ်)အချို့ကရေမချိုးဘဲ ကိုယ်ရေလက်ရေလောက်သပ်ပြီး အပေါ်ယံက နံ့သာ အမွှေးဖုံးနေတတ်ကြတယ်။

အချို့ မျက်လုံးတွေက ကျီးကန်းလို မငြိမ်မသက် အမြဲဖြစ်နေတတ်တယ်။
အချို့က`နေ´ရှိတဲ့ဘက် `လ´ရှိတဲ့ဘက်ကို အပေါ့စွန့်တတ်ကြတယ်။
ဒီလို အပြုအမူတွေ လုပ်လာပါများလာရင် စန်းပျက်လာပြီး ဘဝမှာ အလွန်အမင်းပင်ပန်းဆင်းရဲစွာဖြင့် ဘဝတစ်လျှောက်လုံး ရုန်းကန်ရှင်သန်ရလေ့ရှိတယ်။

ရုပ်ဓာတ်ရဲ့ဆွဲငင်အားတွေ ဆုံးရှုံးပြီး အများကကိုယ့်ကိုမြင်လိုက်ရုံနဲ့ ယုံကြည်စိတ် ချစ်ခင်စိတ် နှစ်လိုစိတ်တွေ လျော့နည်းလာစေတတ်တယ်။
Model အလုပ်တွေ၊ Make-Up Artist အလုပ်တွေ ကိုယ်ခံပညာအလုပ်တွေ ဇာတ်သဘင်အလုပ်တွေ ရုပ်ရှင် အနုပညာအလုပ်တွေ Fashion Designer အလုပ်တွေ မအောင်မြင်တော့ဘူး။ ဘဝမှာ ကျော်ဇောထင်ရှားဖို့ဆိုတာလည်း မလွယ်ကူတော့ပါဘူး။

အချို့ကြတော့ နေ့စဉ်နဲ့အမျှ အမုန်းအငြိုးစိတ်တွေ ဒေါသအာဃာ တစိတ်တွေ၊ မစ္ဆရိယစိတ်တွေနဲ့ တွေးတောကြံစည်နေလေ့ရှိတယ်။
အဲ့ဒီလူတွေကြတော့ စိတ်ကူးနဲ့ လုပ်ရတဲ့လုပ်ငန်းတွေအားလုံး စန်းပျက်ကုန်တယ်။ အကောင်းမမြင်ကြတော့ဘူး။ ကောင်းသောအကြံအစည်တွေထွက်မလာတော့ဘူး။

အခုပြောသွားတဲ့ အချက်တွေက လူတစ်ယောက် စန်းပျက်စေတဲ့ အချက်တွေပါပဲ။ အဲ့ဒီလို စန်းပျက်တဲ့ အနေအထိုင် အပြုအမူ အတွေးအခေါ် လုပ်ရပ်တွေကိုရှောင်မယ် မလုပ်ဘူး မနေဘူးဆို စန်းမပျက်တော့ဘူး။
စန်းပျက်တဲ့လုပ်ရပ်တွေအားလုံးနဲ့ ဆန့်ကျင်ဘက် ပြောင်းလဲနေထိုင် ပြောဆို ဝတ်ဆင်ကြမယ်ဆိုရင် စန်းကောင်းတဲ့ လူတစ်ယောက် သင်ဖြစ်လာနိုင်ပါတယ်။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ ·

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...