၁၃၈၅ခုနှစ် တနင်္လာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၅ခုနှစ် တနင်္လာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၃၈၅ခုနှစ် တနင်္လာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၃၈၅ခုနှစ် တနင်္လာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

တနင်္လာနှင့်အင်္ဂါသားသမီးတွေအတွက်တနှစ်တာအချစ်ရေးအိမ်ထောင်ရေး - Wedding Guide

ယခု ၁၃၈၅ခုနှစ်တွင် ဒေသန္တရခရီး သွားလာရကိန်း များတတ်ပြီး အိမ်နှင့် ကင်းကွာ နေရတတ်မည်။ လမ်းပေါ်တွင် အချိန် ကုန်နေရတတ်မည်။ ရှာဖွေထားသော တန်ဘိုးကြီး ဥစ္စာပစ္စည်းများနှင့် စာရွက်စာတမ်းများ အခိုးခံရကိန်း သို့မဟုတ် ပျောက်နိုင်မည်။ ဂရုတစိုက် ထိန်းသိမ်းပါ။ ကျောင်းသူ၊ ကျောင်းသားများ ပညာရေး အနည်းငယ် ညံ့သည်။ အတွေးအခေါ် အယူအဆ အကြံဥာဏ် အသစ်များ ရရှိမည့် နှစ်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများ၊ အိုအိမ်သစ် ဝယ်ယူ ထူထောင်ခြင်းများ အကျိုးရှိမည်။ ညီအကို၊ မောင်နှမတို့၏ ပံ့ပိုးမှုဖြင့် စီးပွားရေး အခွင့်လမ်းသစ်များ စတင် လုပ်ဆောင်နိုင်မည်။

နိုင်ငံရပ်ခြားတွင် သွားရောက် တာဝန် ထမ်းဆောင်ခြင်း၊ နိုင်ငံခြား ကုမ္ပဏီများတွင် အလုပ် လုပ်ကိုင်ခြင်းများ အကျိုးပေးမည်။ တစ်နှစ်ပတ်လုံး မည်သည့် လုပ်ငန်း လုပ်လုပ် မဝံ့မရဲ လုပ်ကိုင်နေရမည်။ မိမိ တတ်ကျွမ်းသော အလုပ်အကိုင်များ၌ အရှုံးဖြင့် မကြာခဏ ရင်ဆိုင်ရမည်။ ရိုးသား ပွင့်လင်းသလောက် ပတ်ဝန်ကျင်၏ အသုံးချ ခံရမည်။ အခြားသူတို့၏ လိမ်လည် လှည့်ဖြားခြင်းတို့ကို ကြုံရမည်။ အထက်စီးမှ မဆက်ဆံမိစေရန် အထူးဂရုစိုက်ရမည့် နှစ်ဖြစ်သည်။

ကဆုန်လ၊ တန်ဆောင်းမုန်းလများတွင် အစစအရာရာ ဂရုစိုက် နေထိုင်ပါ။ နယုန်လနှင့် နတ်တော်လများတွင် ထူးထူးခြားခြား အောင်မြင်မှုများ ရမည်။ ခြံ၊ မြေ၊ ကား၊ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်းတို့ အကျိုးပေးမည်။ ဤ တစ်နှစ်လုံးတွင် မိခင်နှင့် ပတ်သက်၍လည်းကောင်း၊ ငွေကြေး သုံးစွဲရာတွင်လည်းကောင်း အထူးဂရုစိုက် လုပ်ဆောင်ရန် အရေးကြီးသည်။ ကျန်းမာရေးတွင် အစားအိမ်၊ လေနာ၊ မောပန်းလွယ်ခြင်းတို့ကို မကြာခဏ ကြုံတွေ့ရမည်။ အချစ်ရေးတွင် ကံကောင်းနိုင်သော်လည်း အခြေအနေ တစ်ခုအရ ဝေးကွာနေရမည်။ အိမ်ထောင်ရေးမှာလည်း မကြာခဏ စိတ်အနှောင့်အယှက် ကြုံရမည်။

ယတြာ – မွေးနေ့ မနက် ၉နာရီ ၂၇မိနစ် အချိန် အိမ်ဘုရားတွင် သခွားသီး ၃လုံး၊ အုန်းသီးစိပ် ၆စိပ် ဒါမှမဟုတ် အုန်းနို့ ခေါက်ဆွဲ ၃ပန်းကန် ကြိုက်ရာတစ်မျိုး ကပ်လှူပြီး လိုရာ ဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့လဲ စားလို့ရပါသည်။ စွန့်ပစ်ချင်လဲ စွန့်ပါ။ ကြိုက်သလို လုပ်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...