ငွေအထွက်များနေရင်ဆောင်ရမည့်တဲရော့ကဒ်ပြားကလေး

Astrology
ငွေအထွက်များနေရင်ဆောင်ရမည့်တဲရော့ကဒ်ပြားကလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေအထွက်များနေရင်ဆောင်ရမည့်တဲရော့ကဒ်ပြားကလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေအထွက်များနေရင်ဆောင်ရမည့်တဲရော့ကဒ်ပြားကလေး

ငွေတွေ မမြဲဘူး ။လက်ထဲမှာ တာရှည်မခံဘူး ။ မစုမိ မဆောင်းမိပါဘူး ။အထွက်များနေတယ် ။ထိမ်းမရဘူး ဖြစ်နေတယ် ။အကုန်အကျတွေများတယ် စသဖြင့် စသဖြင့်ပေါ့ ။
ငွေကြေးနဲ့ ပတ်သက်လို့ ညည်းတွားနေရတဲ့သူတွေအတွက် တဲရော့ အဆောင်လေး ဖော်ပြပေးလိုက်ပါတယ်။

တဲရော့ကဒ် နံပါတ် {၁၄}

ရေခွက် တစ်ခွက် ကနေ အခြား တစ်ခွက် ကို ရေ တွေ သွန်းလောင်း နေတဲ့ ပုံ ၊ ကူးပြောင်း နေတဲ့ပုံ ၊ လွှဲပြောင်း နေတဲ့ ပုံကားချပ် လေးပါ။နာမည်က Temperance လို့ခေါ်ပါတယ်။ သူ့ရဲ့ဝိသေသက adjustment / healing / finding balance လို့ဖော်ပြထားတဲ့ အတွက် ငွေကြေး ပိုင်ဆိုင်ရာ ဆုံးရှုံးမှုတွေ သီလအတွက် ခြိုး ခြံစွာ ကျင့်ကြံတာတွေအတွက် အထောက်အကူပြု မယ့် တဲရော့ကဒ်ပါ ။

ဒီကဒ်လေးကို ဆောင်ထားခြင်း အားဖြင့် ငွေယိုပေါက် တွေ လျော့နည်းလာမယ် ။ အကုန်အကျ သက်သာလာမယ်။ငွေကြေးလေးတွေ အတန်အသင့်စုမိဆောင်းမိတာတွေ ဖြစ်လာပါလိမ့်မယ် ။

ဒါပေမယ့် ဒီကဒ်က ခြိုးခြံခြင်းကို ဖွင့်ဆိုတဲ့အတွက် ဆန္ဒကို ခြိုးခြံခြင်း လောဘကို ခြိုးခြံခြင်း သီလကို ခြိုးခြံခြင်းတို့ ပြုလုပ်ရင် သိသိသာသာ ပိုပြီး အစွမ်း ထက်တာကို ကိုယ်တိုင်ဆောင်ထားရင် သိသာမှာပါ ။

အဘဆရာကြီး မင်းသိင်္ခက ငွေယိုပေါက်ကို လျှော့တဲ့အခါမှာ ဆန်းပညာကို ထည့်သွင်း အသုံးပြုသွားပါသေးတယ် ။ ဒါကလည်း သိပ် မခက်ပါဘူး ။ ကိုယ်ငွေကိုသုံးတဲ့အခါ သတိလေးထားပြီး သုံးဖို့ လေးပါဘဲ ။

ဆန်းပညာမှာ ဣဋ္ဌနဲ့ အနိဋ္ဌ ဆိုပြီးရှိပါတယ်။
ဥပမာ။ ။ ဘုရားပန်း ဝယ်တယ် ။ ဒါ ဣဋ္ဌပေါ့။ အိမ်သာသုံးပစ္စည်းဝယ်တယ် အနိဋ္ဌပေါ့။

ကိုယ့်ဆီဝင်လာတဲ့ ငွေကို စတိလေးဖြစ်ဖြစ် မွန်မြတ်တဲ့ပစ္စည်း (သို့) အလှူအဖြစ် အဲဒီလိုလေး ခွဲခြားပြီးမှ တခြားအရာတွေ ဝယ်ခြမ်းဖို့ပါ ။

လခစားတွေဆိုရင်လည်း လခရဲ့ပိုက်ဆံကို တခြားဟာတွေ အရင်မဝယ်ဘဲ စတိဖြစ်ဖြစ် ဣဋ္ဌပစ္စည်း အရင်ဝယ်ထားပြီးမှ အကြွေးဆပ်တာတို့ တခြား ဝယ်တာတို့ လုပ်လို့ရပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...