မင်းသမီးဟယ်လီဘေလီရဲ့ ရေသူမဇာတ်ကောင်ဆံပင်အတွက် ဆံပင်စတိုင်လစ်က အနည်းဆုံး ဒေါ်လာ ၁၅၀၀၀၀ သုံးစွဲ ဖန်တီးပေးခဲ့ရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းသမီးဟယ်လီဘေလီရဲ့ ရေသူမဇာတ်ကောင်ဆံပင်အတွက် ဆံပင်စတိုင်လစ်က အနည်းဆုံး ဒေါ်လာ ၁၅၀၀၀၀ သုံးစွဲ ဖန်တီးပေးခဲ့ရဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မင်းသမီးဟယ်လီဘေလီရဲ့ ရေသူမဇာတ်ကောင်ဆံပင်အတွက် ဆံပင်စတိုင်လစ်က အနည်းဆုံး ဒေါ်လာ ၁၅၀၀၀၀ သုံးစွဲ ဖန်တီးပေးခဲ့ရ
“The Little Mermaid” မူရင်းအန်နီးမေးရှင်းကို Live Action အနေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားမှာ မင်းသမီးဟယ်လီဘေလီရဲ့ဆံပင်ကို ဆံပင်စတိုင်လစ်က သေချာလေး အာရုံစိုက်ပေးခဲ့ရပါတယ်။ ရေသူမလေး အေရီရယ်အဖြစ် သရုပ်ဆောင်ထားတဲ့ဟယ်လီက သူ့ရဲ့သဘာဝဆံပင်ရှည်ကို ဒီအတိုင်း ဘာမှမလုပ်ဘဲ ထိန်းသိမ်းထားချင်တဲ့အတွက်ကြောင့်ပါ။ ဒါက ဆံပင်ပြင်ဆင်ရေးအဖွဲ့ခေါင်းဆောင် ကာမလီ ဖရန့်ဒ်ပေါ် တာဝန်တစ်ခုဖြစ်လာပါတယ်။
ကာမလီက Black Panther: Wakanda Forever ဇာတ်ကားမှာ လူပီတာ နယောင်အိုရဲ့ဆံပင်ကို ပြင်ဆင်ပေးတဲ့သူဖြစ်တဲ့အတွက် ဟယ်လီကို ဆံပင်အနီရောင်နဲ့ အေရီရယ်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။
ကာမလီက ဟယ်လီရဲ့ဆံပင်ကို မပြင်ဆင်ပေးခင် သူ့ရဲ့မိသားစုနဲ့တွေ့ဆုံကြည့်တော့ သူတို့က ကြင်နာတတ်တဲ့မိသားစုဖြစ်ပြီး သူ့အမေက ဘာသာရေးသက်ဝင်ယုံကြည်တဲ့သူဆိုတာသိခဲ့ရတယ်။ ဟယ်လီက ဘယ်လိုလူမျိုးလဲ၊ သူ့ရဲ့သဘာဝဆံပင်က သူ့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ နားလည်ခဲ့ရတယ်။
ကာမလီက ဟယ်လီရဲ့ဆံပင်တွေကို မညှပ်ဖို့၊ ဆံပင်အတုမသုံးဖို့ လုပ်ခဲ့ရတယ်။ သူ့ရဲ့နဂိုဆံပင်က ခါးအထိရှိနေတဲ့အတွက် ဆံပင်အတုသုံးရင် အဆင်မပြေနိုင်ဘူး။ ကာမလီက အထူးပြုလုပ်ထားတဲ့ ၃၀ လက်မ အနီရောင်ဆံပင်တွေကို နောက်ဆုံးပေါ် ဆံပင်ဆက်တဲ့နည်းနဲ့ ဆက်ပေးခဲ့ပါတယ်။ အေရီရယ်လို ဖြစ်ဖို့အတွက် အနီရောင်အရင့်သုံးခဲ့ရတယ်။
ဆံပင်အတွက် သုံးရတဲ့အရောင်ပမာဏနဲ့ ဆံပင်အရှည်ကြောင့်ရော ပြန်ပြင်တာ၊ ဖြုတ်တာလုပ်ရတာကြောင့်ပါ အနည်းဆုံး ဒေါ်လာ ၁၅၀၀၀၀ သုံးခဲ့ရပါတယ်။ ရုပ်ရှင်အတွက် မင်းသမီးဟယ်လီက ဆံပင်ပြင်ဆင်ရာမှာ ၁၂ နာရီ ကနေ ၁၄ နာရီ ကြာ အချိန်ပေးခဲ့ရပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။