ဆီးချိူဝေဒနာရှင်များအတွက် လွယ်ကူထိရောက်ပြီး ကိုယ်တွေ့ သက်သာခဲ့တဲ့ ဆေးနည်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးချိူဝေဒနာရှင်များအတွက် လွယ်ကူထိရောက်ပြီး ကိုယ်တွေ့ သက်သာခဲ့တဲ့ ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဆီးချိူဝေဒနာရှင်များအတွက် လွယ်ကူထိရောက်ပြီး ကိုယ်တွေ့ သက်သာခဲ့တဲ့ ဆေးနည်း
ဆီးချို နည်းစေလို
“ဘယ်လောက်ထိအောင် ဆီးချို တက်နေလဲ”“၄၀၀/၄၇၀ထိတက်တယ်ဗျာ”“ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”“ကြားဖူးတယ်..ဆေးဝိဇ္ဇာ လို့နံမည်ကြီးတယ်”“ဟုတ်တယ်…သူကျွန်တော် ဦးလေး ကို ဆီးချို ကု ပေးတဲ့ ဆေးနည်း ရှိတယ်။ကျွန်တော်ဦးလေးတကယ်ကို သက်သာပျောက်ကင်းခဲ့တယ်–”ဆေးနည်း – မာလကာရွက် (၅)ရွက်၊ ကြက်သွန်ဖြူ (၁)ဥ၊ ကြက်သွန်နီ(၁) ဥ၊ သံပုရာ (၁)စိတ်၊ ဆားအနည်းငယ်။အဲ့ဒီ အမယ် တွေဟာ မြင်နေတွေ့နေရတာများလို့ သာ အထင်သိပ်မကြီးကြတာ။ တစ်မယ်ခြင်းရဲ အကျိုးအသွားဂုဏ်စွမ်းအားတွေအများကြီးပဲ။မာလကာရွက် မှာတင်စွမ်းအင်တွေအများကြီး၊ကြက် သွန်ဖြူ/နီ၊ သံပုရာ ၊ဆားအကုန်လုံးအစွမ်းကြီးလှတယ်။
အဲ့ဒါကို ရေမတ်ခွက်တစ်လုံး(၃)ခွက်တစ်ခွက် ပြုတ်ပြီးနေ့စဉ်သောက်ခိုင်းတာ။အရသာက ဖန်၊သက်၊ခါး၊ချဉ် အဝါရောင်အရည်ပါ။ဆေးပတ်လည်ပြီးဆိုတာနဲ့ ဆီးချို အတက်အကျ ကိုချိန်ကြည့် အံ့သြဖွယ်သက်သာပျောက်ကင်း တာကိုတွေ့ရလိမ့်မယ်။အကုန်လွယ်လွယ်ကူကူပဲ။
ဆီးချို အခြေအနေ မဆိုးသေးသော ဝေဒနာရှင် အတွက် – (၁) မာလကာရွက် (၁၄/၁၅)ရွက်၊ (၂) ကြက်သွန်ဖြူ (၁)လုံး။ နှစ်မျိုးကို ကြေညက်စီးပိုင်နေအောင်ထောင်း ရသည်ဆိုပါသည်။ပြီးလျှင် ပျားရည် စစ်စစ်သင့်ရုံထည့် သမအောင်ရောမွေပြီးရေအေးနှင့်မျှောချလိုက်ရန်ဖြစ် သည်။
အကယ်၍ဆီးချိုရောဂါတက်၍ (၄၀၀/၄၈၀)ရှိနေ မည်ဆိုလျှင် – (၁) မာလကာရွက် လက်တစ်ဆုပ်ခန့်၊ (၂) ကြက် သွန်ဖြူ(၃/၄)လုံး၊ (၃) ပျားရည် နည်းနည်းပိုထည့်။
အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး ဆေးပမ္စာများသည်အတွက်နှစ်ကြိမ်သုံးကြိမ်ခွဲ၍မှီဝဲ ပေးပါဟု ဆိုထားပါသည်။
ဆိုးရွားလှသော ဆီးချိုဝေဒနာရှင်တို့အတွက် ဒုတိယနည်းအတိုင်း မပျက်မကွက်(၁)လခန့်မှီဝဲ သွားပါက ဆီးချိုရောဂါသက်သာပျောက်ကင်း သွားမည်ဖြစ်သည်ဆိုပါသည်။လူချင်းတူသော်လည်း ကံခြင်းမတူကြပါ။
ထို့အတူ ရောဂါ ချင်းတူပါသော်လည်း သွေးသား သဘာဝ ကွဲပြားကြပြန် ၍ ပျောက်ကင်းကြပုံမတူကြပါ။
ရေးသားသူ – ရဲမျိုးသူ(ဗောဓိမြိုင်)
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။