ကော်ဖီက ရေဓာတ်ကုန်ခန်းမှုကို ဖြစ်စေနိုင်သလား

Health
ကော်ဖီက ရေဓာတ်ကုန်ခန်းမှုကို ဖြစ်စေနိုင်သလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကော်ဖီက ရေဓာတ်ကုန်ခန်းမှုကို ဖြစ်စေနိုင်သလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကော်ဖီက ရေဓာတ်ကုန်ခန်းမှုကို ဖြစ်စေနိုင်သလား

ကော်ဖီက ကမ္ဘာတစ်ဝှမ်းလုံးမှာ သောက်သုံးမှုအများဆုံး ဖျော်ရည်ဖြစ်ပါတယ်။ မနက်ခင်းတစ်ခုစတင်တာနဲ့ ကော်ဖီပူပူတစ်ခွက် သောက်လိုက်ရမှ ပြီးပြည့်စုံကြပါတယ်။ ကော်ဖီက သင့်ကို ခွန်အားတိုးစေတာ၊ စိတ်ပျော်ရွှင်မှု အားကောင်းစေတာတွေအပြင် ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်ရည် မြင့်မားစေပါတယ်။

ဒါပေမဲ့ တစ်နေ့ကို ကော်ဖီအများကြီး သောက်မယ်ဆိုရင် ရေဓာတ်ကုန်ခန်းတတ်တယ်လို့လည်း ပြောကြပါတယ်။ ဒီလိုပြောကြတာမှန်မမှန်ကို အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ကြပါနော်..။

တကယ်တော့ ကော်ဖီက ရေဓာတ်ကုန်ခန်းတာ မဖြစ်နိုင်ပါဘူး။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ဆီးရွှင်စေတဲ့ရလဒ်တော့ရှိပါတယ်။ ဆီးရွှင်စေတဲ့ရလဒ်က သင့်ခန္ဓာကိုယ်ကနေ ရေဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တွေကို ထုတ်ပစ်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ဖိအားပေးပါတယ်။

ကျွန်တော်တို့ကျောက်ကပ်ကလည်း ဆီးကနေတဆင့် ခန္ဓာကိုယ်ကနေ ဆားတွေကို ထုတ်ပစ်ပါတယ်။ ခန္ဓာကိုယ်ကနေ ဆားတွေထုတ်ပစ်နေတုန်းမှာ ဆိုဒီယမ်က သွေးကနေ ရေကို ဆွဲချတဲ့အတွက် ပုံမှန်ထက်ပိုပြီး မကြာခဏ ဆီးသွားရတာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကော်ဖီအရမ်းသောက်တဲ့သူတွေက သန့်စင်ခန်းကို ခဏခဏသွားရပါတယ်။ ဆီးရွှင်စေတဲ့အကျိုးဆက်က ခဏခဏ ကော်ဖီသောက်တဲ့သူတွေနဲ့ယှဉ်ရင် တစ်ခါတရံမှာ ကော်ဖီသောက်တဲ့သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ဘာလို့ ကော်ဖီက ရေဓာတ်မကုန်ခန်းရတာလဲ

ဆီးအရမ်းသွားလိုက်လို့ ခန္ဓာကိုယ်က ရေဓာတ်တွေပိုပြီး ဆုံးရှုံးသွားမယ်ဆိုရင် ရေဓာတ်ကုန်ခန်းစေနိုင်တယ်လို့ တွေးမိကြမှာပါ။ ဒါပေမဲ့ အဲဒီလိုမဖြစ်ပါဘူး။ သင် ကော်ဖီသောက်လိုက်တဲ့အခါ ကဖင်းဓာတ်နဲ့အတူ ရေဓာတ်ပမာဏကို ရရှိပါတယ်။ ဒါကြောင့် ဆီးကနေတဆင့် သင့်ခန္ဓာကိုယ်ကနေ ရေဓာတ်ကို ဆုံးရှုံးရမှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်က လိုရင်လိုသလောက် ရေဓာတ်ကို စုပ်ယူနိုင်ပါတယ်။ ဒါပေမဲ့ ရေဓာတ်ကုန်ခန်းမှု တွေမဖြစ်အောင် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလုံလောက်လောက်ရှိဖို့တော့ လိုအပ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...