ဖောရောင်ခြင်း၊ အရေပြားရောဂါ၊ ကျောက်ရောဂါတို့အတွက် အထူးကောင်းမွန်တဲ့ ကနဖော့ပင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖောရောင်ခြင်း၊ အရေပြားရောဂါ၊ ကျောက်ရောဂါတို့အတွက် အထူးကောင်းမွန်တဲ့ ကနဖော့ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဖောရောင်ခြင်း၊ အရေပြားရောဂါ၊ ကျောက်ရောဂါတို့အတွက် အထူးကောင်းမွန်တဲ့ ကနဖော့ပင်
ကနဖော့သည် ငန်အေးခါး အရသာ ရှိ၏ ။ သည်းခြေ ၊ သလိပ်ကိုနိုင်၏ ။ ဖောရောင်ခြင်း ၊ နူနာ ၊ အရေပြားရောဂါ ၊ ချောင်းဆိုးရောဂါ စသည်တို့မှ ကင်းဝေး၏။
အရွက်အသုံးပြုပုံ
၁။ အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက် ပူခြင်းကို အေးစေသည်။ အရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။
၂။ အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။
၃။ ကနဖော့ရွက်ကို ကြက်အသည်းအမြစ်နှင့်ချက်စားပါကသည်းခြေပျက်ရောဂါပျောက်ကင်းသည်။
ပဉ္စငါးပါးအသုံးပြုပုံ
၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။
၂။ ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။
၃။ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။
၄။ ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။
ရေးသားသူ – သမားတော်ကြီး ဦးသောင်းရွှေ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။