Queen Cleopatra နဲ့ ပတ်သက်ပြီး လျော်ကြေးတောင်းသွားမယ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Queen Cleopatra နဲ့ ပတ်သက်ပြီး လျော်ကြေးတောင်းသွားမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
Queen Cleopatra နဲ့ ပတ်သက်ပြီး လျော်ကြေးတောင်းသွားမယ်
Netflix ရဲ့ အငြင်းပွားဖွယ်ရာ documentary drama ဇာတ်လမ်းတွဲ Queen Cleopatra ဟာ သမိုင်းအထောက်အထားတွေကို လွဲမှားစွာဖော်ပြထားတဲ့အတွက် ပညာရပ်အရရော ရုပ်ရှင်အရပါ ဝေဖန်ခံရရုံသာမက Netflix အနေနဲ့ အီဂျစ်နိုင်ငံဘက်ကို လျော်ကြေးပေးရဖွယ်ရှိနေပါတယ်။
နောက်ဆုံးရသတင်းများအရ အီဂျစ်နိုင်ငံက ဥပဒေပညာရှင်တွေနဲ့ရှေးဟောင်းသုတေသနပညာရှင်တွေဟာ Netflix ကို ဥပဒေကြောင်းအရတရားစွဲကာ လျော်ကြေးတောင်းယူဖို့အတွက် ပြင်ဆင်နေကြပါတယ်။
Queen Cleopatra trailer ထွက်ရှိစဥ်ကလည်း အီဂျစ်နိုင်ငံက ရှေ့နေတွေက Queen Cleopatra ကို ထုတ်လွှင့်ပြသခြင်းမပြုဖို့ ပိတ်ပင်တရားစွဲဆိုခဲ့ပေမယ့်လည်း ထိရောက်မှုမရှိခဲ့ပါဘူး။ ယခုအခါမှာတော့ အီဂျစ်ရှေ့နေတစ်ဦးဖြစ်တဲ့ Amr Abdelsalam အပါအဝင် အီဂျစ်ရှေ့နေတွေဟာ ကလီယိုပတ်ထရာနဲ့ပတ်သက်ပြီး Netflix ရဲ့ သမိုင်းအမှားဖော်ပြမှုတွေအတွက် လျော်ကြေးငွေ ကန်ဒေါ်လာ ၂ ဘီလျံပေးလျော်ဖို့တောင်းဆိုတရားစွဲထားသလို ကုလသမဂ္ဂလက်အောက်ခံ ရှေးဟောင်းအမွေအနှစ်အသင်း UNESCO ကိုလည်း ဝင်ရောက်ပါဝင်ပေးဖို့ အီဂျစ်ရှေ့နေတွေက တောင်းဆိုထားပါသေးတယ်။
Netflix ဘက်ကတော့ Queen Cleopatra နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖြေရှင်းခြင်းမရှိသေးပေမယ့် Queen Cleopatra မှာ ပါဝင်ထားတဲ့ သရုပ်ဆောင် Adele Janes ကတော့ တန်ပြန်ချေပမှုတွေတုံ့ပြန်လာပါတယ်။
Queen Cleopatra ဟာ တစ်စတစ်စ အငြင်းပွားမှုတွေပိုမိုမြင့်တက်လာစေသလို လူတွေကလည်း ဟောလိဝုဒ်ရဲ့လူမျိုးရေးအသုံးချကာစီးပွားရှာမှုကိုလည်း ပိုမိုထောက်ပြလာနေကြပါတယ်။
Cleopatra ဘုရင်မဟာ Alexander the Great ရဲ့ သက်တော်စောင့်စစ်သူကြီးဖြစ်သူ Ptolemy I Soter ရဲ့ မျိုးဆက်ဖြစ်ပြီး ဘီစီ ၅၁ ကနေ ဘီစီ ၃၀ အထိ အီဂျစ်နိုင်ငံကိုအုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။
ကလီယိုပတ်ထရာခေတ်မှာရှိခဲ့တဲ့ သမိုင်းဝင်အတွေးအခေါ်နဲ့စာရေးဆရာနှစ်ယောက်ဖြစ်ကြတဲ့ Plutarch နဲ့ Cassius Dio တို့ဟာလည်း ၎င်းတို့ရဲ့စာပေတွေမှာ ကလီယိုပတ်ထရာဟာ အသားအရေဖျော့တဲ့ မက်ဆီဒိုးနီးယန်းသူတစ်ယောက်ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ တချို့ရှေးဟောင်းပညာရှင်တွေကတော့ ကလီယိုပတ်ထရာမှာ အီဂျစ်သွေးလေးပုံတစ်ပုံတော့ပါဝင်နိုင်တယ် ဆိုပြီး ငြင်းဆန်ထားကြပါတယ်။
အီဂျစ်နိုင်ငံက နာမည်ကျော်ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ Zahi Hawass ကလည်း ကလီယိုပတ်ထရာဟာလူမည်းမဟုတ်ဘူးလို့ အခုလိုအတိအလင်းငြင်းဆန်ထားပါတယ်။
“သူ့အဖေနဲ့မောင်ရဲ့ရုပ်တုတွေနဲ့သွင်ပြင်တွေကိုကြည့်မယ်ဆိုရင် ကလီယိုပတ်ထရာဟာလူမည်းဖြစ်တယ်ဆိုတာကိုပြသပေးမယ့်သက်သေဆိုတာမရှိဘူး။”
ကလီယိုပတ်ထရာနန်းစံချိန်မှာ Nubia ခေါ် Kush ပြည်ထောင်ကို အုပ်ချုပ်ခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ ယခု ဆူဒန်နဲ့အီဂျစ်တောင်ပိုင်းဖြစ်ကြောင်း၊ အာဖရိကန်ယဥ်ကျေးမှုများထွန်းကားခဲ့ပေမယ့်လည်း ဖာရိုလူမှုစနစ်နဲ့ကူးလူးဆက်စပ်မှုမရှိခဲ့ကြောင်း Zahi Hawass က ထပ်မံငြင်းဆိုထားပါတယ်။
ကလီယိုပတ်ထရာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဟာ ၂၀၂၀ မှာလည်း ဒါရိုက်တာ Patty Jenkins ရဲ့ Cleopatra ရုပ်ရှင်အတွက် အစ္စရေးသရုပ်ဆောင် Gal Gadot ကို ကလီယိုပတ်ထရာအဖြစ်ရွေးချယ်ခဲ့စဥ်ကလည်း အငြင်းပွားမှုတွေရှိခဲ့ပါတယ်။
ရေးသားသူ –Myanmar Varient Entertainment
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။