တစ်ပတ်အတွင်း ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့သူ

International News
တစ်ပတ်အတွင်း ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ပတ်အတွင်း ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ပတ်အတွင်း ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့သူ

ဗြိတိန်နိုင်ငံသားတစ်ဦးက ၇ ရက်အတွင်း ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်သစ်တင်ခဲ့ပါတယ်။ ဂျေမီမက်ဒေါ်နယ် အမည်ရတဲ့ အဲဒီအမျိုးသားဟာ ခရီးသွားကုမ္ပဏီ Travelport ရဲ့အကူအညီနဲ့ ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခဲ့တာပါ။

အတိအကျပြောရရင် ဂျေမီက ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုဖြစ်တဲ့ တရုတ်မဟာတံတိုင်း၊ တာ့ဂျ်မဟာရ်၊ ပီထရာမြို့၊ ကိုလော့စီယမ်၊ Christ the Redeemer ရုပ်တု၊ မာချူးပီချူး၊ ChichénItzá Itzá ရှေးဟောင်းသုတေသနပြုလုပ်ရာနေရာတွေဆီ သွားလည်ဖို့ (၆) ရက်၊ (၁၆) နာရီနဲ့ (၁၄) မိနစ် အချိန်ယူခဲ့ရတာပါ။

ဒီခရီးစဉ်မှာ ဂျေမီက တိုက်ကြီး (၄) တိုက်ဖြတ်သွားရပြီး နိုင်ငံ ၉ နိုင်ငံ ရောက်ခဲ့တယ်၊ လေကြောင်း ၁၃ ခု စီးရတယ်၊ တက္ကစီ ၁၆ ခါ စီးရတယ်၊ ဘတ်စ်ကား (၉) စီး၊ ရထား (၄) စီး၊ တိုဗဂ္ဂန် (၁) ခါ စီးရတယ်၊ ၂၂၈၅၆ မိုင်လောက် သွားခဲ့ရပါတယ်။ သူ့ရဲ့ခရီးစဉ်ကို တရုတ်မဟာတံတိုင်းကနေ စတင်ခဲ့ပါတယ်။

ပြီးရင် တာ့ဂျ်မဟာရ်ကို သွားခဲ့တယ်။ အဲဒီနောက် ဂျော်ဒန်ကို သွားပြီး ပီထရာမြို့ကို ဘတ်စ်ကားစီးသွားခဲ့တယ်။ အဲဒီကနေ ကိုလော့စီယမ်ဆီ လည်ပတ်ဖို့ ရောမကို သွားခဲ့တယ်။ အဲဒီကို သွားပြီးတော့ Christ the Redeemer ကို တွေ့ရဖို့ ဘရာဇီးကို သွားခဲ့တယ်။ အဲဒီကတဆင့် ပီရူးက မာချူးပီချူးကိုသွားခဲ့ပြီး မက္ကဆီကိုက ChichénItzá Itzá ရှေးဟောင်းသုတေသနပြုလုပ်ရာနေရာမှာ ခရီးစဉ်အဆုံးသတ်ခဲ့ပါတယ်။

Travelport ခရီးသွားကုမ္ပဏီက သူတို့ရဲ့ Travelport+ ပလက်ဖောင်းကို စမ်းသပ်ဖို့ ဂျေမီကို စိန်ခေါ်ခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံး ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျေမီရဲ့စံချိန်တင်ခရီးအတွက် အဓိကလှုံ့ဆော်မှုက သူ့ရဲ့ပရဟိတအဖွဲ့အစည်း Superhero Foundation အတွက် ရန်ပုံငွေရှာဖို့ပါပဲ။

သူ့ရဲ့ပထမသက်တမ်း ၉ နှစ်က Syringomyelia လို့ခေါ်တဲ့ ရှားပါးကျောရိုးရောဂါအခြေအနေကြောင့် ဆေးရုံမှာ နေခဲ့ရတာများခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က သူ့အတွက် အရမ်းလုပ်ပေးခဲ့တဲ့ ဆေးရုံတွေကို ပြန်ပေးဆပ်ဖို့အတွက် ရန်ပုံငွေစပြီးရှာခဲ့တာပါ။
သူက ဘန်ကောက်ကနေ ဗြိတိန်ရဲ့ Gloucester မြို့လေးဆီ မိုင် ၁၄၀၀၀ စက်ဘီးစီးနှင်တာ (သို့) ကနေဒါနိုင်ငံတစ်ဝှမ်း မိုင် ၅၀၀၀ ပြေးတာတွေလုပ်ခဲ့ပါတယ်။

၁၂ ရက်အတွင်း မရပ်မနား စက်ဘီးစီးနှင်တာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်လည်း ချိုးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ၇ ရက်အတွင်း ပြေးစက်ပေါ်မှာ ၅၂၄ မိုင် (တစ်နေ့ကို မာရသွန် ၃ ခု ပြေးတာနဲ့ညီမျှ) ပြေးနိုင်တဲ့အတွက် နောက်ထပ်ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...