၁၅ နှစ်လုံးလုံး အလုပ်မလုပ်ဘဲ လစာရနေပေမဲ့ လစာတိုးရအောင် ကုမ္ပဏီကို တရားစွဲခဲ့သူ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၅ နှစ်လုံးလုံး အလုပ်မလုပ်ဘဲ လစာရနေပေမဲ့ လစာတိုးရအောင် ကုမ္ပဏီကို တရားစွဲခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
၁၅ နှစ်လုံးလုံး အလုပ်မလုပ်ဘဲ လစာရနေပေမဲ့ လစာတိုးရအောင် ကုမ္ပဏီကို တရားစွဲခဲ့သူ
၂၀၀၈ ခုနှစ်ကတည်းက အလုပ်မလုပ်ဘဲ လစာရနေတဲ့ အိုင်တီပညာရှင်တစ်ယောက်ဟာ လစာတိုးပေးဖို့အတွက် အမေရိကန်နည်းပညာကုမ္ပဏီ IBM ကို တရားစွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ အီယန်ကလစ်ဖို့ဒ်ဟာ ဆေးခွင့်ရထားသူဖြစ်ပြီး IBM ကုမ္ပဏီရဲ့ မသန်စွမ်းစီမံကိန်းအရ အသက်ရှင်နေသမျှကာလပတ်လုံး လစာရရှိနေမှာပါ။ သူဟာ တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ ၆၇၀၀၀ ( မြန်မာငွေ သိန်း ၁၈၀၀ ကျော်) ရရှိနေသူပါ။
ဒါပေမဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ညီမျှတဲ့ လုပ်ခလစာမျိုး တိုးမပေးဘူး၊ မသန်စွမ်းသူကို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီယန်ကလစ်ဖို့ဒ်က IBM ကို တရားစွဲဖို့ ကြိုးစားခဲ့တာပါ။ ဗြိတိန်နိုင်ငံသား ကလစ်ဖို့ဒ်ဟာ ၂၀၀၀ ခုနှစ်ကတည်းက အမေရိကန်ဆော့ဖ်ဝဲကုမ္ပဏီ Lotus Development ( နောက် ၅ နှစ်အကြာမှာ IBM က ဝယ်ယူ)မှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလလမှာ ဆေးခွင့် ၅ နှစ် ယူခဲ့တာပါ။
သူဟာ ပုံမှန်လုပ်ခလစာရဲ့ ၇၅ ရာခိုင်နှုန်းအထိ ရရှိနေတာ ဖြစ်ပါတယ်။
ကလစ်ဖို့ဒ်က တရားစွဲဖို့ လျှောက်ထားခဲ့ပေမဲ့ တရားရုံးကတော့ ဒီထက် ပိုမျှတကောင်းမွန်တဲ့ သဘောတူညီမှုမျိုး မရှိဘူးဆိုပြီး သူ့ရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ် ဒီသတင်း ပျံ့နှံ့သွားပြီးနောက်မှာတော့ ” ဘာအလုပ်မှ မလုပ်ဘဲ လစာရနေတာကိုတောင် မကျေမနပ်ဖြစ်နေသူ” လို့ ကလစ်ဖို့ဒ်ကို လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။