အဝတ်အစားတွေမှာ အနံ့အသက်ပျောက်ဆေးတွေ စွန်းထင်းနေပြီလား

Knowledge
အဝတ်အစားတွေမှာ အနံ့အသက်ပျောက်ဆေးတွေ စွန်းထင်းနေပြီလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဝတ်အစားတွေမှာ အနံ့အသက်ပျောက်ဆေးတွေ စွန်းထင်းနေပြီလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဝတ်အစားတွေမှာ အနံ့အသက်ပျောက်ဆေးတွေ စွန်းထင်းနေပြီလား

အဝတ်အစားတွေမှာ အနံ့အသက်ပျောက်ဆေးတွေက စွန်းထင်းကျန်နေခဲ့မယ်ဆိုရင် ဘယ်သူကမှ ကြိုက်နှစ်သက်ကြမှာမဟုတ်ပါဘူး။ မိမိတို့ကြိုက်နှစ်သက်တဲ့ဝတ်စုံမှာ အနံ့အသက်ပျောက်ဆေးတွေ စွန်းထင်းကျန်ခဲ့မယ်ဆိုရင် အဲဒါထက် ပိုပြီးဆိုးရွားတာမရှိတော့ပါဘူး။ တကယ်လို့ အဲဒီလိုဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်သင့်လည်းဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

အစွန်းအထင်းတွေကို ဖယ်ရှားလို့ရတဲ့ အလျင်အမြန်ဆုံးနည်းလမ်းကတော့ အဝတ်စိုကို ယူလာပြီး ညင်ညင်သာသာလေး ပုတ်သုတ်ပေးပါ။ အရမ်းကြီးရေမစိုတဲ့ အဝတ်စကို သုံးပေးသင့်ပါတယ်။ အရမ်းကြီးရေစိုနေမယ်ဆိုရင် ဝတ်စုံကိုခြောက်သွားအောင်လုပ်ဖို့ အချိန်ယူနေရမှာဖြစ်ပါတယ်။ အစွန်းအထင်းကို ဖယ်ရှားဖို့ဆိုရင် မိတ်ကပ်ဖျက်ဆေးကိုလည်း အသုံးပြုလို့ရပါတယ်။

အောက်မှာဖော်ပြပေးထားတဲ့နည်းတွေအတိုင်းလဲ အစွန်းအထင်းတွေ မဖြစ်အောင် ကာကွယ်ထားလို့ရပါတယ်။

အဝတ်အစားမဝတ်ခင်မှာ အနံ့အသက်ပျောက်ဆေးကို အသုံးပြုပါ။ စပရေးဖြန်းတဲ့အခါ လုံးဝခြောက်သွားတဲ့အထိစောင့်ပါ။ ဒါက အဝတ်အစားတွေမှာ အနံ့အသက်ပျောက်ဆေးတွေ စွန်းထင်းမကျန်ခဲ့အောင် သေချာလုပ်ပေးမှာဖြစ်ပါတယ်။ အစွန်းအထင်းတွေကို ထပ်ခါထပ်ခါ သတိထားမိနေမယ်ဆိုရင် ပုံမှန်သုံးနေကျအနံ့အသက်ပျောက်ဆေးကို ပြောင်းသုံးကြည့်လိုက်ပါ။ အဖြူရောင်မမြင်ရတဲ့ အရည်ကြည်နဲ့ အနံ့အသက်ပျောက်ဆေးကို ရှာဝယ်ကြည့်ပြီး သုံးပေးလို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...