မြန်မြန်အိပ်ပျော်သွားဖို့ဆိုရင် ဒီနည်းတွေ လိုက်နာကြည့်ပါ

Health Knowledge
မြန်မြန်အိပ်ပျော်သွားဖို့ဆိုရင် ဒီနည်းတွေ လိုက်နာကြည့်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မြန်အိပ်ပျော်သွားဖို့ဆိုရင် ဒီနည်းတွေ လိုက်နာကြည့်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မြန်အိပ်ပျော်သွားဖို့ဆိုရင် ဒီနည်းတွေ လိုက်နာကြည့်ပါ

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုပါ။ ကျွန်တော်တို့တွေက ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာဖို့အတွက် အရေးကြီးပါတယ်။ အိပ်ချိန်နည်းတာ၊ အိပ်မပျော်ဖြစ်တာတွေက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ကျန်းမာရေးပြဿနာတွေလို များစွာသော ကျန်းမာရေးအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေမဝတာ၊ အိပ်ချိန်နည်းတာတွေက လူကို ပင်ပန်းနွမ်းနယ်တာ၊ စိတ်မကြည်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ တချို့လူတွေအတွက် ချက်ချင်းအိပ်ပျော်သွားဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။ အဲဒီလိုလူတွေအတွက် မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားဖို့အတွက် အောက်ကနည်းလမ်းတွေကို လိုက်လုပ်ကြည့်လို့ရပါတယ်။

တစ်နေ့လုံး စိတ်ဖိစီးမှုမဖြစ်အောင် ထိန်းချုပ်ကြည့်ပါ

စိတ်ဖိစီးမှုများလာတာနဲ့ ကိုလက်စထရောပမာဏများလာပြီး အိပ်ပျော်ခြင်းကို ဖြစ်စေတဲ့ မယ်လတိုနင် (melatonin) ဟော်မုန်းဓာတ်ထုတ်လွှင့်မှုကို လျော့ချပစ်နိုင်ပါတယ်။ ဒါက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာမှာ စိတ်ဖိစီးမှုမရှိအောင် ယောဂကျင့်တာ၊ ပြေးတာ၊ တရားထိုင်တာ၊ စာအုပ်ဖတ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။

ညစာကို ပေါ့ပါးတဲ့အစားအစာစားပေးပါ

ညဘက်ကို ဗိုက်အရမ်းပြည့်အင်အောင်ထိ အစာစားတာကို ရှောင်ရှားသင့်ပါတယ်။ ညစာ အများကြီးစားခြင်းက အစာမကြေခြင်းကို ဖြစ်စေပြီး သင့်အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အူက ဆီရိုတိုနင် (Serotonin) ဟော်မုန်းဓာတ်ထုတ်လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ညစာအများကြီးစားလိုက်တာက ဆီရိုတိုနင်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ညအိပ်ရာမဝင်ခင် မယ်လာတိုနင်ဟော်မုန်းဓာတ်ကြွယ်ဝတဲ့အစားအစာကို စားပါ

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် မယ်လတိုနင်ဓာတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ မယ်လတိုနင်ဓာတ်ကြွယ်ဝတဲ့အစားအစာကို စားပေးတာကောင်းပါတယ်။ အိပ်ရာမဝင်ခင် ချယ်ရီသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ဖရုံစေ့စားပေးတာက အိပ်စက်ချိန်ကို ကောင်းမွန်လာစေနိုင်ပါတယ်။

ညဘက်တွေ ဖုန်းသုံးတာ၊ ကွန်ပျူတာသုံးတာ လျော့ပါ

မှောင်သွားတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်က မယ်လတိုနင်ဓာတ်ကို စထုတ်လုပ်ပါတယ်။ ဖုန်းမျက်နှာပြင်၊ ကွန်ပျူတာမျက်နှာပြင်က အပြာရောင်အလင်းက ညဘက် အိပ်စက်ခြင်းကို ခက်ခဲသွားစေနိုင်ပါတယ်။ အိပ်ရာမဝင်ခင် အနည်းဆုံး(၁) နာရီကတည်းက ဖုန်း၊ ကွန်ပျူတာကို မသုံးဘဲနေသင့်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။