ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုမစတင်ခင်မှာ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မေးကြည့်ပါ

Knowledge
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုမစတင်ခင်မှာ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မေးကြည့်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုမစတင်ခင်မှာ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မေးကြည့်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုမစတင်ခင်မှာ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မေးကြည့်ပါ

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်တော့မယ်ဆိုရင် စွန့်စားရဲဖို့တော့လိုပါတယ်။ တချို့က စီးပွားရေးလုပ်ဖို့တောင် မကြိုးစားရသေးဘူးလက်လျော့လိုက်ကြတာရှိသလို တချို့ကတော့ အဆုံးထိအောင်မြင်အောင် ကြိုးစားသွားကြတာတွေလည်းရှိပါတယ်။

စီးပွားရေးလုပ်မယ်ဆိုတဲ့လမ်းကြောင်းကို လျှောက်လိုက်တာနဲ့ ရှုံးနိမ့်မှာကို ရင်ဆိုင်နိုင်ဖို့တော့ ခံနိုင်ရည်ရှိရပါတယ်။ စီးပွားရေးတစ်ခုစတင်မယ်လို့ ပြောတာကသာ လွယ်တာ တကယ်လုပ်ကြည့်ရင် ကြိုးစားရပါတယ်။ သင်က စီးပွားရေးလုပ်ငန်းတစ်ခုစတင်မယ်လို့ စဉ်းစားနေပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ ပြန်မေးကြည့်လိုက်ပါ။

ဘယ်လိုစီးပွားရေးမျိုးကို စိတ်ဝင်စားတာလဲ

စီးပွားရေးအောင်မြင်တဲ့သူတွေကို အားကျပြီး ဘာမှမစဉ်းစားမဆုံးဖြတ်ရသေးဘဲနဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ မစီစဉ်ပါနဲ့။ ဒါကြောင့် စီးပွားလုပ်ငန်းရှင်တစ်ယောက်ဖြစ်မလာခင်မှာ ဘယ်လိုစီးပွားရေးမျိုးကို စတင်ချင်တာလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ကုန်ပစ္စည်းရောင်းချင်တာလား (ဒါမှမဟုတ်) ဝန်ဆောင်မှုပေးချင်တာလား။ သင်က fitness training လို ဝန်ဆောင်မှုပေးတာကို ဖွင့်မယ်ဆိုရင် ကုန်ထုတ်လုပ်ရေးကုန်ကျစရိတ်မလိုပါဘူး။ ဒါပေမဲ့ ကုန်ပစ္စည်းရောင်းချတဲ့စီးပွားရေးလုပ်ငန်းကို ရွေးချယ်မယ်ဆိုရင် ကုန်ထုတ်လုပ်တဲ့ကုန်ကျစရိတ်၊ ပစ္စည်းသိုလောင်မဲ့စတိုခန်းတွေလည်း ရင်းနှီးမြုပ်နှံ့ဖို့လိုပါတယ်။ သင့်ခွန်အား၊ ငွေကြေး၊ အစွမ်းအစပေါ်မူတည်ပြီး စီးပွားရေးမလုပ်ခင်မှာ အမျိုးမျိုးစဉ်းစားဖို့လိုပါတယ်။

ဘယ်လောက်ရောင်းရမှ အရင်းကြေမလဲ

တစ်ခါတရံ ဘဏ်အကောင့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိရုံနဲ့ စီးပွားရေးစတင်လို့ရပေမဲ့ အရင်ဆုံး ဘယ်လောက်ရောင်းရမှ အရင်းကြေမလဲဆိုတာကို ခန့်မှန်းတွက်ချက်ထားဖို့လိုပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေကိုက်ညီတဲ့အခါ အရင်းကြေနိုင်ပါတယ်။ ဘယ်လိုလုပ်ရင် အမြတ်ရနိုင်မလဲဆိုတာကို အရင်ဆုံးတွေးထားသင့်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုမစခင် သေသေချာချာစဉ်းစားသင့်ပါတယ်။

ဝန်ထမ်း ဘယ်နှစ်ယောက်လိုအပ်မလဲ

စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ပြီးဆိုတာနဲ့ ဝန်ထမ်းက မရှိမဖြစ်လိုအပ်လာပါပြီ။ ဝန်ထမ်းအရေအတွက်ကတော့ သင်လုပ်မဲ့စီးပွားရေးလုပ်ငန်းအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အခုမှစတဲ့ဝန်ဆောင်မှုလုပ်ငန်းဆိုရင် ထုတ်ကုန်ရောင်းတဲ့လုပ်ငန်းနဲ့ယှဉ်ရင် ဝန်ထမ်းအရေအတွက်နည်းနည်းသာလိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းအရေအတွက် ဆုံးဖြတ်ရုံနဲ့မလုံလောက်ပါဘူး။ ဝန်ထမ်းနဲ့ပတ်သက်ပြီး လစာအပါအဝင်ကုန်ကျစရိတ်တွေကိုလည်း ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။

အရှုံးများမှာ၊ စိန်ခေါ်မှုတွေကြုံရမှာကို လက်ခံနိုင်ရဲ့လား

လုပ်ငန်းတစ်ခုစတင်တာနဲ့ အရှုံးတွေ၊ စိန်ခေါ်မှုတွေ၊ စွန့်စားမှုတွေ တော်တော်များပါတယ်။ ဒါကြောင့် သင့်ကိုယ့်ကိုယ်ကို မေးဖို့လိုတဲ့မေးခွန်းက အရှုံးများမှာကို လက်ခံနိုင်ရဲ့လား။ အရှုံးတွေရရှိတဲ့အခါ စိန်ခေါ်မှုတွေကြုံရတဲ့အခါ ပြဿနာကဘာလဲဆိုတာကို ဂရုစိုက်ဖို့လိုလာပါတယ်။

ဆုံးရှုံးမှုတွေ၊ အခက်အခဲကြီးကြီးမားမားရင်ဆိုင်ရရင် လက်လျှော့မှာလား

လူတော်တော်များများက ရှုံးနိမ့်မှုကို ကြုံတွေ့ရတဲ့အခါ ပထမဆုံးအကြိမ်မှာပဲ သူတို့ရဲ့လုပ်ငန်းတွေကို လက်လျှော့ပစ်ကြပါတယ်။ မဆုတ်မနစ်သောဇွဲလုံ့လနဲ့ စီမံခန့်ခွဲနိုင်မှုတွေက အောင်မြင်မှုရဲ့သော့ချက်ပါပဲ။ တစ်နေ့တည်းနဲ့ အောင်မြင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုစတင်မယ်ဆိုရင် ရှုံးနိမ့်မှုကို ကြုံတွေ့ရမှာပါပဲ။ လုပ်ငန်းတစ်ခုစတင်တယ်ဆိုတာ လမ်းလျှောက်တတ်ဖို့ သင်ယူနေတဲ့ ကလေးတစ်ယောက်လိုပါပဲ။

အစမှာကတည်းက လဲကျသွားလို့ လမ်းလျှောက်တာကို လက်လျှော့လိုက်မယ်ဆိုရင် ဘယ်တော့မှ လမ်းလျှောက်တတ်တော့မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ ရှုံးနိမ့်မှုကို ကြုံလာရင် အစမှာကတည်းက လက်လျှော့လိုက်မယ်ဆိုရင် ဘယ်တော့မှ အောင်မြင်မှုရရှိတော့မှာမဟုတ်ပါဘူး။ ရှုံးနိမ့်မှုတွေကို လက်မလျှော့ဘဲ ဆက်ပြီးကြိုးစားသွားမယ်ဆိုရင် အောင်မြင်မှုရရှိလာပါလိမ့်မယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။