စာလုံးပေါင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဒေါ်လာ ၅၀၀၀၀ ရရှိသွားခဲ့တဲ့ ၁၄ နှစ်သားလေး

International News
စာလုံးပေါင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဒေါ်လာ ၅၀၀၀၀ ရရှိသွားခဲ့တဲ့ ၁၄ နှစ်သားလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စာလုံးပေါင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဒေါ်လာ ၅၀၀၀၀ ရရှိသွားခဲ့တဲ့ ၁၄ နှစ်သားလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စာလုံးပေါင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဒေါ်လာ ၅၀၀၀၀ ရရှိသွားခဲ့တဲ့ ၁၄ နှစ်သားလေး

ဒီဗ် ရှာချ် ဆိုတဲ့ အသက် ၁၄ နှစ်အရွယ်ကောင်လေးက ၃ ရက်တာ ကျင်းပတဲ့ စာလုံးပေါင်းပြိုင်ပွဲ Scripps National Spelling Bee မှာ ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်က ဒီဗ်ဟာ သဲသောင်ပြင်တွေမှာ ပေါက်ရောက်တဲ့၊ ရှင်သန်တဲ့ အပင် (သို့) တိရစ္ဆာန်ဖြစ်တဲ့ “psammophile”ဆိုတဲ့စကားလုံးကို မှန်ကန်စွာ စာလုံးပေါင်းပြခဲ့ပြီးနောက် အနိုင်ရရှိသွားခဲ့တာပါ။

သူက ၁၄ ချီမှာ “daviely”ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းမှားခဲ့တဲ့ ပြိုင်ဘက် ချာလော့တ် ဝယ်ရှ်ကို ကျော်တက်သွားခဲ့တာပါ။ အဲဒီတုန်းက ဒီဗ်က “bathypitotmeter” ဆိုတဲ့စကားလုံးကို မှန်ကန်စွာ စာလုံးပေါင်းခဲ့တာပါ။ ပြိုင်ပွဲမှာ သူ ချန်ပီယံဖြစ်ဖို့အတွက်နောက်ထပ် စကားလုံးတစ်ခုကိုပဲ စာလုံးပေါင်းပြဖို့ လိုခဲ့တာပါ။ အဲဒီစကားလုံးက “psammophile” ပါပဲ။ သူဟာ အဲဒီစကားလုံးကို မှန်ကန်စွာ စာလုံးပေါင်းပြသွားနိုင်ခဲ့ပါတယ်။

ဒီဗ်က ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် ၄ နှစ်နီးပါးကြိုးစားခဲ့ရပြီး အနည်းဆုံး ၁၀ နာရီလောက် စကားလုံးတွေကို လေ့လာခဲ့ရတယ်လို့ သူ့အမေက ဆိုပါတယ်။ ဒီဗ်က Scripps National Spelling Bee ပြိုင်ပွဲကို အရင်က အကြိမ်ကြိမ်ဝင်ပြိုင်ခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်က ၅၁ နေရာကို ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်က ၇၆ နေရာကို ရောက်ခဲ့တာပါ။
ဒီဗ်က ဆုကြေးငွေ ကန်ဒေါ်လာ ၅၀၀၀၀ ကို ရရှိခဲ့တဲ့အပြင် Scripps Cup ဂုဏ်ပြုဆုတံဆိပ်လည်းရရှိခဲ့ပါတယ်။ အခုနှစ်ပြိုင်ပွဲကို အသက် ၉ နှစ် နဲ့ ၁၄ နှစ်အရွယ်ကြား မူလတန်းနဲ့အလယ်တန်း ကျောင်းသား/သူ ၂၃၁ ဦး ဝင်ရောက်ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။