တရုတ်ဆိပ်ကမ်းဂိုဒေါင်မှာ ၁၃ နှစ်ကြာ ရှိနေခဲ့တဲ့ Tesla ကား ၃ စီးကို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချဖို့ နီးစပ်နေ

International News Tech
တရုတ်ဆိပ်ကမ်းဂိုဒေါင်မှာ ၁၃ နှစ်ကြာ ရှိနေခဲ့တဲ့ Tesla ကား ၃ စီးကို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချဖို့ နီးစပ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်ဆိပ်ကမ်းဂိုဒေါင်မှာ ၁၃ နှစ်ကြာ ရှိနေခဲ့တဲ့ Tesla ကား ၃ စီးကို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချဖို့ နီးစပ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်ဆိပ်ကမ်းဂိုဒေါင်မှာ ၁၃ နှစ်ကြာ ရှိနေခဲ့တဲ့ Tesla ကား ၃ စီးကို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချဖို့ နီးစပ်နေ

 

တရုတ်နိုင်ငံ ချင်းတောင်မြို့ ဆိပ်ကမ်းကနေ တွေ့ရှိတဲ့ အသစ်စက်စက် Tesla ကား ၃ စီးကို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့ နီးစပ်နေပါတယ်။ Roadster မော်ဒယ်ကားတွေဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ချင်းတောင်မြို့ဆိပ်ကမ်းကို ရောက်ရှိနေတာပါ။ တက်သစ်စ တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုက သူတို့ရဲ့ အင်ဂျင်နီယာတွေ လေ့လာနိုင်ဖို့အတွက် Tesla ကား ၃ စီးကို မှာယူခဲ့တာဖြစ်ပြီး ဒေဝါလီခံလိုက်ရလို့ ဆိပ်ကမ်းကနေ ကားတွေကို လာမထုတ်ဖြစ်ခဲ့တာပါ။

မသုံးတာ၊ အားမသွင်းတာ အချိန်ကြာမြင့်လွန်းတဲ့အတွက် ဘက်ထရီ မရတော့ပေမဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ စက်ရုံက ထုတ်ထားတဲ့အတိုင်း အကောင်းပကတိ ရှိနေဆဲပါပဲ။ Roadster မော်ဒယ်တွေကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကြားကာလအတွင်း ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ Base မော်ဒယ်အတွက် အမေရိကန်ဒေါ်လာ ၁၀၉၀၀၀ ၊ Sports မော်ဒယ်အတွက် အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ နှုန်းနဲ့ ရောင်းချခဲ့တာပါ။

ဒီကား ၃ စီးကို ရောင်းချရေးနဲ့ပတ်သက်ပြီး ဖီးနစ်မြို့အခြေစိုက် Gruber Motor ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၂ သန်းတန် ကမ်းလှမ်းမှု ရရှိထားပါတယ်။ ဒီကမ်းလှမ်းမှုသာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ကားတစ်စီးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၆၆၆၆၆ ကျသင့်မှာဖြစ်ပြီး Tesla Roadster မော်ဒယ်တစ်စီးအတွက် စံချိန်တင်ရောင်းချမှု ဖြစ်လာမှာပါ။

Gruber Motor ကုမ္ပဏီဟာ Tesla Roadster ကားတစ်စီးရဲ့ အမြင့်ဆုံးဈေးနှုန်းအဖြစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ နဲ့ ရောင်းချခဲ့ရဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။