” အကြော်အကြားယတြာ “

Astrology
” အကြော်အကြားယတြာ “

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ” အကြော်အကြားယတြာ ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

” အကြော်အကြားယတြာ “

မိတ်ဆွေများအနေဖြင့်ရာထူး အမြန်တိုးဖို့၊ လစာ အမြန်တိုးဖို့၊ လုပ်ငန်းဆောင်တာ ရည်ရွယ်ချက် စီးပွားရေးတွေ လက်ရှိအခြေအနေကနေ အမြန်ဆုံးမြင့်တက်သွားဖို့၊ လူအများနဲ့လုပ်ကိုင်ရတဲ့ အလုပ်တွေ အနုပညာအလုပ်၊ ကုန်ပစ္စည်း ကြော်ငြာရတဲ့ အလုပ်တွေမှာ အသုံးပြုဖို့ ( အကြော်အကြားဓာတ် ရစေဖို့အတွက် )ရှေးဆရာအစဥ်အဆက် အသုံးပြုလာခဲ့တဲ့အကြော်အကြား ယတြာနည်းကို လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

” ပြောတိုင်းဆိုတိုင်း ကိစ္စမှန်သမျှ အောင်မြင်ချင်တာတို့ပဲ ဖြစ်ဖြစ်..”” အကျပ်အတည်း အခဲအခက်ကိစ္စများ အောင်မြင်ချင်တာတို့ပဲ ဖြစ်ဖြစ် “” ဘေးဘယာကိစ္စများ ကင်းဝေးချင်တာတိုပဲ ဖြစ်ဖြစ်..””ပိတ်ဆို့နေတဲ့ “ဘူ” တွေများ ပွင့်ထွက်သွားပြီး “လာဘ်လာဘ”များပွင့်လန်းချင်တာတို့ပဲဖြစ်ဖြစ်…။” ၎င်းအခက်အခဲ ကိစ္စမှန်သမျှ အားလုံးတို့အတွက်

လင်ဗန်းတစ်ချပ်ထဲမှာ…
ကြက်သွန်ကြော် ၄ခု၊
ငှက်ပျောကြော် ၄ခု၊
ဘူးသီးကြော် ၄ခု၊
ဗယာကြော် ၄ခု
အလယ်မှာ သောက်တော်ရေ ၁ခွက်ထည့်၍ ကပ်လှူပါ။ မိမိ၏မွေးနေ့ မနက် ၉ နာရီ ၂၇ မိနစ် အချိန်မှာ မိမိနေအိမ်ဘုရားမှာဖြစ်စေ၊ တန်ခိုးကြီးဘုရားတစ်ဆူရဲ့ မွေးနံဒေါင့်မှာဖြစ်စေ လှူတန်းပြီး အသံထွက်ဆုတောင်းပါ။

မှတ်ချက်….
အမျိုးသားဆိုလျှင်
ကြေးစည်တီးပြီး မေတ္တာပို့အမျှဝေ ဆုတောင်းပါ။
အမျိုးသမီးဆိုလျှင်
ခေါင်းလောင်းထိုးပြီး မေတ္တာပို့အမျှဝေ ဆုတောင်းပါ။

ရေးသားသူ –ဆရာမင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း )

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။