ထူခြားသော အပြာရောင် စက်ဝိုင်းလေး သို့မဟုတ် ထီပေါက် လာဘ်လာဘ ရွင်စေသော အဆောင် စက်ဝိုင်းလေး

Astrology
ထူခြားသော အပြာရောင် စက်ဝိုင်းလေး သို့မဟုတ် ထီပေါက် လာဘ်လာဘ ရွင်စေသော အဆောင် စက်ဝိုင်းလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထူခြားသော အပြာရောင် စက်ဝိုင်းလေး သို့မဟုတ် ထီပေါက် လာဘ်လာဘ ရွင်စေသော အဆောင် စက်ဝိုင်းလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထူခြားသော အပြာရောင် စက်ဝိုင်းလေး သို့မဟုတ် ထီပေါက် လာဘ်လာဘ ရွင်စေသော အဆောင် စက်ဝိုင်းလေး

အပြာရောင်စက်ဝိုင်းလေးရဲ့ စွမ်းအင်က….
ဒီအပြာရောင်စက်ဝိုင်းလေးနဲ့ ထီလက်မှတ်ကိုပွတ်ရင် ထီပေါက်ပါတယ် ။
မစ္စကာတာ..ဆိုတဲ့ အမျိုးသမီးကြီးက ဒီအပြာရောင် စက်ဝိုင်းလေးနဲ့ ထီလက်မှတ်ကို ပွတ်တာဒေါ်လာ ၁၁သန်းထီပေါက်သွားခဲ့ပါတယ် ။

ပရယ်ဒီ…ဆိုတဲ့ ရဲအရာရှိတစ်ဦးလည်း ဒီစက်ဝိုင်းလေးနဲ့ပဲ ထီလက်မှတ်ကို ပွတ်တာ ဒေါ်လာနှစ်သောင်းကိုးထောင်ထီ ပေါက်သွားခဲ့ဖူးပါတယ် ။ပိုက်လာဂိုး… ဆိုတဲ့ အမျိုးသမီးကတော့ မြင်းပွဲလက်မှတ်ကိုပွတ်တာ သူလောင်းတဲ့ မြင်း အနိုင်ရပြီး ဒေါ်လာတွေ အများကြီး ရခဲ့ဖူးပါတယ်။

မော်ရီကော်တီယားဆိုတဲ့ အမျိုးသမီးဟာလည်း လောင်းကစားဝိုင်း မသွားခင် ဒီအပြာစက်ဝိုင်းလေးကိုပဲ လက်နဲ့ ပွတ်သွားတာ ကံကောင်းပြီး ဒေါ်လာသုံးထောင်ကျော် အနိုင်ရခဲ့ပါတယ် ။ မူရင်းစိတ်ပညာဆရာများ ဖြစ်ကြတဲ့ …ဂျူဒီဟယ်ဘင်လီ နဲ့ လော်ရာစတီး….ဆိုသူတို့ဟာ အင်ကွိုင်ရာ မဂ္ဂဇင်းရဲ့ စာမျက်နှာတစ်နေရာမှာ ဖော်ပြထားပါတယ်။

ဒီအကြောင်းအရာတွေကို ကျွန်ုပ်တို့ အဘမင်းသိင်္ခက မနောမယလက်ဆောင်ဆိုတဲ့ စာအုပ်မှာရေးသားဖော်ပြခဲ့ပြီး အဘကိုယ်တိုင်လည်းပဲ အပြာရောင်စက်ဝိုင်းလေးတွေကို မေတ္တာပို့ သိဒ္ဓိတင်ပြီး စီရင်ကာ အဘရဲ့မိတ်ဆွေဧည့်ပရိတ်သတ်များကို ဝေငှခဲ့ဖူးပါတယ်။

ထီလက်မှတ်ကို ပွတ်လို့ ထီပေါက်ကြတယ်။တချို့က အပြာရောက်စက်ဝိုင်းလေးနဲ့ အလုပ်လျှောက်လွှာကို ပွတ်လို့ အလုပ်ရသွားကြတယ်။

တချို့က ငွေကိုပွတ်ကြတယ်ငွေဝင်တယ်။ငွေမြဲတယ်။ငွေပွားတယ်။
နေထိုင်မကောင်းဖြစ်နေတဲ့သူက ကိုယ်ဖြစ်နေတဲ့ ရောဂါနေရာကို အပြာရောင်စက်ဝိုင်းလေးနဲ့ ပွတ်ပေးရတယ် ။အညွှန်းကတော့ ပိုပိုသာသာ ပြောရရင်…. ဥာဏ်ရှိသလို သုံး ၊ လိုရာဆန္ဒ ပြည့်စုံအောင်မြင်မယ်လို့ ဆိုထားပါတယ်။ယုံကြည်တဲ့ သူအတွက်တော့ အဆောင်ကောင်းတစ်ခုပါ။

မယုံကြည်သူများအတွက်ကတော့…အပြာရောင်စက်ဝိုင်းလေးဟာ အပြာရောင်စက်ဝိုင်းလေး အဖြစ်နဲ့ပဲ ရှိနေပါလိမ့်မယ်။ ကျွန်ုပ် ဗေဒင် ဆရာ ပေါက်စ ဘဝမှ ယနေ့ထိတိုင် လက်တွေ့အသုံးချ အဆောင် ယတြာအစီအမံ တစ်ခု အဖြစ် အသုံး ပြုနေသောအပြာ ရောင် စက်ဝိုင်းလေး ဖြစ်ပါသည်။လိုအပ်သော သူများကိုလဲ အစဉ်သဖြင့် ပေးဝေနေသော အရာတစ်ခုဖြစ်ပါသည်။

အဘဆရာကြီးဒေါတ်တာမင်းသိင်္ခ ၏ ပညာအလင်း ပြပေးခဲ့သော ဂမ္ဘီရ စွမ်းအားများ အပြည့်အဝ ပါသော ထူးခြားသောအပြာရောင် စက်ဝိုင်းလေး အား မိတ်ဆွေ ယုံကြည် လေးနက်စွာ အသုံးချ ခြင်းဖြင့် ထူးခြားသော လက်တွေ့ အကျိုး တရား များ ရရှိနိုင်စေရန်အတွက် ဖော်ပြ ပေးလိုက်ပါသည်။

ရေးသားသူ –Zay Yar Htet

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။