ကောင်းကင်ဘုံရောက် လမ်းမကြီး

International News
ကောင်းကင်ဘုံရောက် လမ်းမကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကောင်းကင်ဘုံရောက် လမ်းမကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကောင်းကင်ဘုံရောက် လမ်းမကြီး

ဒီပုံကတော့ အမှတ် ၈၀ ပြည်နယ်ချင်းဆက် လမ်းမကြီး ( I-80)ရဲ့ လမ်းပိုင်းတစ်နေရာ ဖြစ်ပါတယ်။ ဝိုင်အိုမင်းပြည်နယ်မှာရှိတဲ့ အီဗန်စတန်နဲ့ လိုင်မန်းမြို့ကြား လမ်းပိုင်းပါ။ ပုံမှာ မြင်ရတဲ့ အနေအထားအရ ကောင်းကင်ပေါ် ထိုးတက်သွားသယောင် ဖြစ်နေတာကြောင့် ” ကောင်းကင်ဘုံရောက် လမ်းမကြီး” လို့ တင်စားကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ဒီဓာတ်ပုံကို တချို့ကလည်း အတုအယောင် ဖန်တီးထားတာလို့ ယူဆကြပါတယ်။ ဒီလမ်းပိုင်းနဲ့ ရင်းနှီးသူတချို့ကတော့ ဒီပုံဟာ ဖန်တီးယူထားတာ မဟုတ်ဘူး၊ တကယ့်အစစ်အမှန်လို့ ဆိုကြပါတယ်။ ရာသီဥတု ကြည်လင်သာယာတဲ့ နေ့မျိုးမှာ ဒီလိုမြင်ကွင်းမျိုး မြင်ရမှာမဟုတ်ပေမဲ့ တိမ်ညိုတွေ ထူထပ်ပြီး နေသာနေတဲ့ အချိန်မျိုးဆိုရင် ဒီမြင်ကွင်းအတိုင်း အမှန်တကယ် မြင်ရတယ်လို့ ဝိုင်အိုမင်းပြည်နယ် ပို့ဆောင်ရေးဌာန ပြည်သူ့ဆက်ဆံရေးအရာရှိ စတီဖန်နီဟာရှာက ပြောပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။