thayမင်းတမန်မှဲ့များ

Astrology
thayမင်းတမန်မှဲ့များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ thayမင်းတမန်မှဲ့များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

thayမင်းတမန်မှဲ့များ

လက်ဝါးပြင်တို့တွင် မှဲ့လေးများသည် ဆိုးကျိုးပေးမည့် အမှတ် အသားထဲတွင် ပါဝင်ထားပေသည်။ လက်ဝါးပြင်များတွင် မှဲ့တို့သည် ဂြိုလ်ခုံအချို့တွင် ပေါက်ရောက်ဖြစ်နေလေ့ရှိသည်။ တစ်ဖန် လမ်းကြောင်းများပေါ်၌လည်းဖြစ်ပေါ်နေ့လေ့ရှိပေသည်။

တကယ်တော့ လက်ဝါးပြင်တွင် မည်သည့်နေရာတွင် မှဲ့ဖြစ်ပေါ်ပါစေ ထိုဖြစ်ပေါ်သည့်နေရာဂြိုလ်ခုံ၊ လမ်းကြောင်းတို့၏ အင်အားကို လျော့စေလျက်ရှိပေသည်။

ထိုဖြစ်ပေါ်လာသော မှဲ့တို့သည် အတောက်ပဆုံးသော အနက်ရောင်ဖြစ်လာသည့်အခါတွင် ဆိုးကျိုးများပေးလေ့ရှိပေသည်။ ထိုမှဲ့တို့သည် အချို့၌ မွေးကတည်းကပင် ပါရှိလာတတ်ကြပေသည်။ အချို့၌ လက်ရှိ ပစ္စုပ္ပါန်ကာလ၌ဖြစ်ပေါ်တတ်ကြပေသည်။

(၁) အသက်လမ်းကြောင်းပေါ်တွင် မှဲ့ဖြစ်ပေါ်လာသည့်အခါ အတောက်ပဆုံးသော ကာလ၌ ထိုအချိန်တွင် အသက်အန္တရာယ်ဖြစ်စေသည့် ကျန်းမာရေးဆိုးဝါးခြင်းများကိုပင် ဖြစ်စေလေ့ရှိပေသည်။

(၂) ဉာဏ်လမ်းကြောင်း၌မှဲ့တည်ရှိလာလျှင် ထို့မှဲ့တောက်ပလာသည့် အချိန်၌ မျက်စိ၊ နှာခေါင်း၊ ဦးခေါင်း၊ လည်ချောင်းတို့၌ ဘေးဥပါဒ်များ ဖြစ်တတ်ကြပေသည်။

(၃) နှလုံးလမ်းကြောင်း၌ မှဲ့ဖြစ်ပေါ်လာလျှင် ထိုမှဲ့တောက်ပလာ သည့်အချိန်၌ အချစ်ရေး၊ အိမ်ထောင်ရေးတို့တွင် စိတ်သောကဖြစ်စရာတို့နှင့် ရင်ဆိုင်ကြုံတွေ့ရစေမည်ဖြစ်ပေသည်။ အထူးသဖြင့် အသည်းပင်ကွဲစေနိုင်သော အမှတ်အသားဖြစ်ပေသည်။

(၄) ကျန်းမာရေးလမ်းကြောင်းပေါ်တွင် မှဲ့ဖြစ်ပေါ်လာလျှင် ထိုမှဲ့ တောက်ပလာသည့် အချိန်၌ ကျန်းမာရေး ရောဂါ ဖြစ်ပေါ်ခြင်း ၊ မှဲ့ပေါ်မူတည်၍ ခွဲစိပ်ခံရခြင်းတို့ကိုလည်းဖြစ်ပေါ်စေတတ်ကြပေသည်။

(၅) ကံကြမ္မာလမ်းကြောင်းပေါ်တွင် မှဲ့ရှိလျှင် ထိုမှဲ့တောက်ပလာသည့် အချိန်၌ စီးပွားလုပ်ငန်း တစ်ခုခု ဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်ကြုံတွေ့စေ မည် ဖြစ်ပေသည်။ သို့မဟုတ် ငွေကြေးဆုံးရှုံးမည်။ သို့မဟုတ် အရှက်တကွဲ ဖြစ်ရစေသည်။

(၆) အိမ်ထောင်ရေးလမ်းကြောင်းပေါ်၌ မှဲ့အချို့ ဖြစ်ပေါ်လာလျှင် ထိုမှဲ့ တောက်ပ လာသည့် အချိန်၌ အိမ်ထောင်ရေးအဆင်မပြေမှု၊ အိမ်ထောင်ရေးပြိုကွဲမှု၊ အိမ်ထောင်ဖက် ကျန်းမာရေးညံ့ခြင်း၊ အိမ်ထောင်ဖက် အ That ဘေးဖြစ်ပေါ်မှုတို့ကိုပင် ကြုံတွေ့ရစေတတ်ပေသည်။

(၇) အောင်မြင်ရေးလမ်းကြောင်းပေါ်၌ မှဲ့ဖြစ်ပေါ်လာလျှင် ထိုမှဲ့တောက်ပလာသည့်အချိန်၌ နာမည်ပျက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်း၊ မိမိ၏ အောင်မြင်မှုများ ဆုတ်ယုတ်ပျက်စီးစေခြင်းတို့ဖြစ်ပေါ်စေတတ်သည်ဖြစ်ပေသည်။

(၈) အသက်လမ်းကြောင်းအဆုံး၌ မှဲ့ဖြစ်ပေါ်နေလျှင် ထိုမှဲ့တောက်ပလာသည့်အချိန်၌ ယာဥ်အန္တရာယ်ကြုံဆုံရမည်ဖြစ်ပေသည်။

(၉) အသက်လမ်းကြောင်း၏ အတွင်းနံရံဖက်၌ မှဲ့ဖြစ်လာလျှင် ထိုဖြစ်ပေါ်လာသည့်အချိန်၌ အချုပ် သို့မဟုတ် ထောင် ကာလတိုကျစေတတ်ပေသည်။

(၁၀) လက်ညိုးအောက်ကြာသပတေးဂြိုလ်ခုံပေါ်တွင် မှဲ့ဖြစ်ပေါ်နေလျှင် တောက်ပလာသည့်အချိန်၌ အထက်လူကြီးတို့၏ ငြိုငြင်ခံရခြင်း၊ စီးပွဥစ္စာပျက်တတ်ခြင်း၊ ရာထူးနာမည်ကျဆင်းခြင်းတို့ ဖြစ်ပေါ်တတ်စေသည်။

(၁၁) လက်ခလယ်အောက်စနေဂြိုလ်ခုံပေါ်တွင်ရှိနေလျှင် ပြဿာနာမျိုးစုံဖြစ်ပေါ်တတ်ပေသည်။ အမှုအခင်းများဖြစ်ပေါ်တတ်ပေသည်။ မိမိပိုင်ပစ္စည်းများ ခိုးနှိုက်လုယက်ခံရနိုင်ပေသည်။

(၁၂) တနင်္ဂနွေဂြိုလ်ခုံပေါ်တွင် မှဲ့ဖြစ်ပေါ်နေလျှင် တောက်ပလာသည့်အချိန်၌ တဟုန်ထိုး တိုးတက်နေသော အောင်မြင်မှုများ ပျက်စီးရခြင်း၊ ရပ်တန့်ရခြင်းတို့ဖြစ်ပေါ်စေမည်ဖြစ်ပေသည်။

(၁၃) ဗုဒ္ဓဟူးဂြိုလ်ခုံပေါ်တွင် မှဲ့ဖြစ်ပေါ်နေလျှင် တောက်ပ လာသည့် အချိန်၌ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးရစေတတ်ပေသည်။ မိတ်ဆွေကောင်းများနှင့်လမ်းခွဲရစေသည်။

(၁၄) အင်္ဂါဂြိုလ်ခုံ အဖိုတွင်ဖြစ်ပေါ်နေလျှင် တိုက်ခိုက်ခြင်းခံရစေသည်။ အမှုအခင်းများရှုံးစေတတ်ပေသည်။ မိမိအား လာရောက် တိုက်ခိုက်သူတို့နှင့်ဖြစ်ပေါ်ကြုံရတတ်ပေသည်။

(၁၅) အင်္ဂါအမပေါ်တွင် ဖြစ်ပေါ်နေလျှင် ပြိုင်ဆိုင်မှုများ၌ ရှုံးရစေတတ်ပေသည်။ သပုပ်လေလွင့်ပြောခံရခြင်းတို့ဖြစ်ပေါ်စေတတ်ပေသည်။

(၁၆) တနင်္လါဂြိုလ်ခုံပေါ်တွင်တည်ရှိနေလျှင် စိတ်ကြောင့်ဖြစ်စေသော ကျန်းမာရေးများအညံ့ကြုံရခြင်း၊ ရေလမ်းခရီး၊ ခရီးဝေးများတွင် ဒုက္ခဖြစ်စေခြင်းတို့ကြုံတွေ့ရစေတတ်ပေသည်။

(၁၇) သောကြာဂြိုလ်ခုံပေါ်တွင် မှဲ့ဖြစ်ပေါ်နေလျှင် ထိုမှဲ့ တောက်ပ လာသည့်အချိန်၌ အချစ်ရေး၊ အိမ်ထောင်ရေးများ အဆင်မပြေဖြစ်စေ တတ်ကြပေသည်။ ၎င်းသည်လည်း အသည်းကွ အမှတ်အသားကဲ့သို့ပင်ဖြစ်စေသည်။ တစ်ဖန် ကာလသားရောဂါအချို့ဖြစ်စေခြင်း၊ အိမ်ထောင်ရေး ၌ နီးစပ်ရာလူနှင့် မှားခြင်းတို့ ဖြစ်ပေါ်စေတတ်ကြပေသည်။

သင်တို့၏ လက်ဝါးပြင်တို့တွင် မှဲ့လေးများဖြစ်ပေါ်နေပါက ဖြစ်ပေါ်လာပါက မှဲ့ ဖျက်ခြင်းကို အချိန်ဆိုင်းမပေဲ ပြုလုပ်သင့်ပေသည်။ ထိုမှဲ့လေးများသည် ဆိုးကျိုးပေးစေမည့်အမှတ်အသားနိမိတ်လေးများဖြစ်ပေ သည်။ မှဲ့ဖျက်ရာတွင်လည်း အင်္ဂ ဝိဇ္ဇာနည်းလမ်းကျကျဖျက်ခြင်းတို့ကို ပြုလုပ်သင့်ပေတော့သည်။

ရေးသားသူ –Zar Ni Soe B.A.(English)လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။