ပထမဝါဆိုလ အတွက် အကောင်းဆုံးယတြာ

Astrology
ပထမဝါဆိုလ အတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပထမဝါဆိုလ အတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပထမဝါဆိုလ အတွက် အကောင်းဆုံးယတြာ
ပထမဝါဆိုလဆန်း(၁)ရက်နေ့(18.6.2023) မှ ပထမဝါဆိုလကွယ်(17.7.2023)တစ်လတာလုံး


လစ်ပိုပုလင်းအသစ် တစ်လုံးဝယ်လိုက်ပါ။
လစ်ပိုပုလင်းထဲမှ အရည်များကို ဖန်ခွက်တစ်ခွက်
ထဲတွင် သီးသန့်ဖယ်ထုတ်ထားလိုက်ပါ။ထိုလစ်ပို
ပုလင်းကိုသေချာဆေးကြော၍ လစ်ပိုပုလင်းထဲသို့

ရေသန့် အပြည့်နီးပါး ထည့်ပေးလိုက်ပါ။
ရေသန့်ထည့်ထားသောလစ်ပိုပုလင်းအထဲတွင်
အုန်းညွန့်၁ညွန့် နှင့် #နှင်းဆီပန်းအနီ၁ပွင့် ထည့်ပါ။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့
တင်ထား၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ
လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် နို့အေးတစ်ခွက် ကို နေ့စဉ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်း မိမိအတွက် ထူးခြားမှူဖြစ်စဉ်များစွာ နှင့် ကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေကြရမည်။

ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။
နေ့စဉ်အောက်ဖော်ပြပါဂုဏ်တော်များကိုလည်း
ရွတ်ဖတ်ပူဇော်ပေးနေကြပါ

ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၅…
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်

ပထမဝါဆိုလအတွက်နေ့စဉ်လာဘ်ပွင့်အရပ်များ

တနင်္ဂနွေနေ့=အရှေ့မြောက်အရပ်
တနင်္လာနေ့=နောက်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=တောင်အရပ်
ကြာသပတေးနေ့=မြောက်အရပ်
သောကြာနေ့=အရှေ့အရပ်
စနေနေ့=အနောက်တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခု ပထမဝါဆိုလ တစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက်များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာ ဖြင့်အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို (၃)ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခုပထမဝါဆိုလတစ်လတာအတွင်းကံကောင်း
ခြင်းများစွာကိုရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

အုန်းညွန့် နှင့် နှင်းဆီပန်းများ ညှိုးနွမ်းမလာခဲ့မှီ အသစ်တစ်ဖန် ပြန်၍လဲလှယ်ကာ ယတြာကို ရိုသေစွာဖြင့်လုပ်ဆောင်ပေးကြပါ။ယတြာလုပ်ပြီး အညွန့်နှင့် ပန်းများကို သီးသန့်အိတ်တစ်လုံးနှင့် ဖယ်ထား၍နီးစပ်ရာ အပင်ကြီး တစ်ပင်အောက်မှာ စွန့်ပစ်ပါ။ရေရှင်၌လည်းမျှောပေးလို့ရပါတယ် ခင်ဗျ။

‼️လစ်ပိုပုလင်းကိုမူ ပြန်လည်ဆေးကြောသန့်စင်၍ယတြာနည်းအတိုင်း သေချာထပ်မံ လုပ်ပေးလို့ရပါတယ်ခင်ဗျ။လစ်ပိုပုလင်းအသစ်ဝယ်ပြီးလည်းယတြာလုပ်ပေးနေလို့ရပါတယ်။လစ်ပိုပုလင်းထဲမှဖယ်ထုတ်ထားသော အရည်များကိုမူ မိမိနှင့် မိသားစုဝင်များ သောက်သုံးလို့ရပါတယ်။

ဤယတြာကိုယခု ပထမဝါဆိုလတစ်လတာလုံး၌ မည်သည့်နေ့ရက်၊အချိန်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု ပထမဝါဆိုလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။

ရေးသားသူ – ဗေဒင် ဆရာ ပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...