ငါး ဂဏန်းသမားများအကြောင်း

Astrology
ငါး ဂဏန်းသမားများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငါး ဂဏန်းသမားများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငါး ဂဏန်းသမားများအကြောင်း

အင်္ဂလိပ်မွေးနေ့ 5 . 14 . 23 နေ့မွေးသူများ အားလုံး ( 5 ) ဂဏန်းသမား များဖြစ်ကြပါတယ်….(5)ဂဏန်းဟာ သင်္ချာဗေဒပညာမှာ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတဲ့ဂဏန်းဗျ။ ဗုဒ္ဓဟူးဂြိုဟ်ကို အင်္ဂလိပ်လို Mercury လို့ခေါ်တယ်။ ဂရိ ဒဏ္ဍာရီတွေမှာတော့ “ဟားမီးစ်” လို့ခေါ်တဲ့ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော် နတ်သားဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမှတ်အသားပေါ့။

(5)ဂဏန်းသမားတွေဟာ လွတ်လပ်မှုကို သိပ်ကြိုက်တယ်။ အချုပ်ချယ်ခံဘဝ၊ သူများလက်အောက်ခံဘဝမှာ နေလိုသူတွေမဟုတ်ဘူး။ မီးအပူကို ကြောက်တဲ့သဘောက ဇွဲသတ္တိဝီရိယ နည်းတဲ့သဘောကို ပြတယ်ဗျ။ (5)ဂဏန်းသမား အတော်များများဟာ ဆင်းရဲပင်ပန်းခံပြီး ရေရှည်လုပ်ရမယ့် အလုပ်မျိုးဆိုရင် မီးနဲ့တွေ့သလို ပြေးတော့တာဘဲဗျို့

။ (5)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမား တွေလိုဘဲ ဇွဲသတ္တိသိပ်မကောင်းလှဘူးဗျ။ ရှေရှည် စွဲစွဲမြဲမြဲလုပ်ရမယ့် လုပ်ငန်းတွေထက်တစ်ပွဲတိုး ဖြတ်လမ်းနည်းတွေနဲ့ ကြီးပွားလိုချင်တတ်ကြတယ်။ ဝီရိယထက် ဉာဏ်ကို ပိုမိုအားကိုး လိုသူတွေဖြစ်တယ်။ ဉာဏ်ကလည်း အလွန်ကောင်းတတ်ကြတယ်။ (5)ဂဏန်းသမားတွေဟာ တင်္ခနုပ္ပတိ လို့ခေါ်တဲ့ ဖြတ်ထိုးဉာဏ် အလွန်ကောင်းတယ်။ အာဝဇ္ဇန်းကောင်းတယ်။ လူမှုဆက်ဆံရေး အလွန်ပြေပြစ်တယ်။ ဘယ်လို လူမျိုးနဲ့မဆိုတည့်အောင်ပေါင်းနိုင်တယ်။

ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အယ်လ်ဘတ်အိုင်စတိုင်း ဟာဆိုရင် မတ်လ (14)ရက်နေ့မှာမွေးတဲ့ (5)ဂဏန်းသမားဖြစ်ပြီး မတ်လ(14)ရက်နေ့ဟာ ကြာသပတေးဂြိုဟ်ပိုင်တဲ့ မိန်ရာသီထဲမှာ ကျရောက်နေလို့ သူ့ကျတော့ ဗုဒ္ဓဟူးဂြိုဟ်ရော၊ ကြာသပတေး ဂြိုဟ်ပါ စိုးမိုးခံရသူဖြစ်တယ်။ ဒါကြောင့် သူဟာ သိပ္ပံပညာ သာမက၊ အဘိဓမ္မာဆန်တဲ့ အတွေးအခေါ်တွေကိုပါ ပိုင်ဆိုင်သူတစ်ဦးဖြစ်သွားပါတယ်။

(5)ဂဏန်းသမားတွေရဲ့ ထူးခြားချက်

နောက်တစ်ခုဟာ သင်္ချာဗေဒမှာ (1) ကနေ (9) အထိ ဂဏန်း (၉)ခုရှိတဲ့ အထဲမှာ (5)ဂဏန်းဟာ အလယ်ဗဟိုကျနေတာကို တွေ့ရလိမ့်မယ်။ ရှေ့မှာ ဂဏန်း (၄)လုံးရှိတယ်။ နောက်မှာ ဂဏန်း (၄)လုံးရှိတယ်။ သူက အလည်မှာ တံတားသဘောမျိုး ပေါင်းကူးပေးထားတာ မျိုးဖြစ်နေတယ်။အဲဒါမျှတညီညွတ်အောင် ပေါင်းစပ်ပေးနိုင်ခြင်း၊ ပေါင်းကူးဆက်ဆံပေးနိုင်ခြင်း၊ စေ့စပ်ညှိနှိုင်းပေးနိုင်ခြင်း အဓိပ္ပါယ်တွေကို ဆောင်တယ်။

ဒါကြောင့် (5)ဂဏန်းသမားနဲ့ မတည့်တဲ့ ဂဏန်းမရှိသလောက်ဘဲ။ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အားလုံးနဲ့ သင့်တင်အောင် ပေါင်းနိုင်ကြတယ်။ သူဟာ ဆက်သွယ်ရေးပေါင်းကူးဂြိုဟ်ဖြစ်နေတော့ (5)ဂဏန်းသမားတွေဟာ သတင်း၊ ဆက်သွယ်ရေး၊ လူမှုဆက်ဆံရေး၊ သတင်း ဆက်သွယ်ရေး၊ စာနယ်ဇင်း၊ ရေဒီယို၊ သတင်းစာ၊ တီဗွီ၊ ကွန်ပျူတာ၊ အင်တာနက်၊ ကြော်ငြာလုပ်ငန်း၊ ဝါဒဖြန့်ချိရေး လုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေလည်း ဖြစ်နေတတ်တယ်။

ဂရိနတ်တွေထဲမှာ မာကြူရီနတ်သားဟာ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော်နတ်သားဖြစ်လို့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ဆက်သွယ်ရေး၊ သတင်းဖြန့်ချိရေး၊ ကူးလူး ဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စတွေရဲ့ အမှတ်အသား တစ်ခုဖြစ်နေတယ်လို့ ဆိုရမှာပေါ့။

(5)ဂဏန်းသမားတွေရဲ့ ယေဘူယျ သရုပ်အမှန်များ

ငါးဂဏန်းသမားတွေဟာ ဉာဏ်ကောင်းပြီး၊ ဝီရိယနည်းသူတွေဖြစ်တယ်။ လောကဓံတရားကို ခံနိုင်ရည်ရှိတယ်။ရေရှည်ဇွဲသတ္တိနည်းတယ်။ လူမှုဆက်ဆံရေး အလွန်ကောင်းတတ်တယ်။ ကိုယ်မနှစ်သက်ရင်တောင် အလွန်အတိုက်အခံပြုခဲတယ်။ ရန်ကို ရှောင်ရှားတတ်တယ်။ နှုတ်သွက်တယ်။ စကားပြောကောင်းတယ်။ အာဝဇ္ဇန်း ကောင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ်နည်းတယ်။ အမိန့်သြဇာပေးလိုမှု နည်းတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။

ဒါကြောင့် (5)ဂဏန်းသမား အာဏာရှင်ဖြစ်တာ မရှိသလောက် ရှားပါတယ်။ (5)ဂဏန်း သမားတွေထဲမှာ ဘုရင်တွေ၊ ဘုရင်မတွေ ရှိပေမယ့် သူတို့ဟာ မျိုးရိုးအစဉ်အဆက်အရဖြစ်ကြသူတွေဖြစ်ပြီး သူတို့လက်ထက်မှာ လည်း ဖိနှိပ်မှုတွေ သိပ်နည်းပါတယ်။

နောက်ပြီး သူတို့ဟာ အသုံးအစွဲကြီးပြီး လက်ဖွာသူများဖြစ်တယ်။ သူများကိုလည်း အလွယ်တကူ စွန့်ကြဲပေးကမ်း တတ်ကြတယ်။ အကောင်းစား ဇိမ်ခံပစ္စည်းတွေကို ခုံမင်နှစ်သက်တတ် တယ်။ သူတို့ဟာ မရှိလည်းပျော်ပျော်၊ ရှိလည်း ပျော်ပျော် နေတတ်သူတွေဖြစ်တယ်။ စည်းကမ်းသေဝတ်မှု နည်းတယ်။

တစ်ချို့ဆိုရင် ဗရမ်းဗတာ နေတတ်ထိုင်တတ်တာမျိုး တွေလည်း တွေ့ရတယ်။ ဉာဏ်ကောင်း၊ ဖြတ်ထိုးဉာဏ် ကောင်းပေမယ့် စီမံခန့်ခွဲမှုမှာတော့ အားနည်းညံ့ဖျင်း တတ်သူတွေ ဖြစ်တယ်။

(5)ဂဏန်းသမားတွေဟာ လူမှုဆက်ဆံရေလည်းကောင်း၊ အပေါင်းအသင်းလည်းများ၊ စကားပြောလည်း ကောင်းတတ် သူတွေဖြစ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆန့်ကျင်ဘက်လိင် တွေရဲ့ သဘောကျမှုကို ခံရတတ်သူတွေဖြစ်တယ်။ ဒါကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ရှုတ်ထွေး တတ်ကြတယ်။ အိမ်ထောင်မကျခင်မှာ အချစ်ရေးရှုတ်ထွေးပြီး ရည်းစားများ တတ်ကြသူတွေဖြစ်တယ်။

ယေဘူယျပြောရရင်တော့ (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်းတတ်ကြတယ်။ အထူးသဖြင့် မိန်းကလေး (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်း တတ်တယ်။ သူတို့အိမ်ထောင်ဘက်ဟာ လူအေး၊ လူဖြောင့်တွေ ဖြစ်တာ များတယ်။ အထူးသဖြင့် (23)ရက်ဖွား မိန်းကလေး တွေဟာ အိမ်ထောင်ရေးကံ ကောင်းတတ်ကြတယ်။ ကိုယ့်ထက် အဆင့်မြင့်တဲ့ အိမ်ထောင်ဘက်ကို ရတတ်တယ် (ဒါမှမဟုတ်)ကိုယ်နဲ့ အိမ်ထောင်ကျပြီး ကြီးပွားချမ်းသာလာတတ်တယ်။

ဒါပေမယ့် သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ အေးစက်စက်နိုင် ကြသူများဖြစ်လို့ ဒီအပေါ်မှာ ကျေနပ်မှု မရနိုင်ကြတာ မျိုးတွေလည်း ရှိတတ်တယ်။
(5)ဂဏန်းသမားတွေဟာ စိတ်မှတ်ကြီးသူတွေ မဟုတ်ဘဲ ခွင့်လွှတ်လွယ်တယ်သူများဖြစ်တယ်။ဘယ်လောက် စော်ကား ခံရခံရ ခဏလောက်ဘဲ ဒေါသဖြစ်၊ ပေါက်ကွဲတတ်ကြပြီး လွယ်လွယ် နဲ့ ပြီးပျောက်သွားကြ သူများဖြစ်တတ်ကြပါတယ်။ သူတို့နဲ့ လိုက်ဖက်တဲ့ ဂဏန်းတွေကတော့ (2)ဂဏန်း၊ (5)ဂဏန်း၊ (7) ဂဏန်း နဲ့ (8)ဂဏန်းတို့ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ဂဏန်းအားလုံးနဲ့လည်း အဆင်ပြေညီညွတ်အောင် ပေါင်းသင်းနိုင်တဲ့ အရည်အချင်းမျိုးလည်း ရှိပါတယ်။ (5)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမားတွေနဲ့ အိမ်ထောင်ကျတာကို အများဆုံး တွေ့ရတတ်တယ်။

(5)ဂဏန်းတစ်ခုခြင်းစီရဲ့ သီးခြားဂုဏ်အင်တွေ

(5)ဂဏန်းသမားတွေထဲမှာ (5) ထီးတည်းသမားတွေဟာ အားလုံးနဲ့ ပိုမိုအဆင်ပြေပြီး၊ လွတ်လပ်မှုကို ပိုမို မြတ်နိုးတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ရက်ရောသဘောကောင်းမှုများတယ်။ စွန့်ကြဲပေးကမ်း လွယ်တယ်။ “ပျော်ပျော်နေthayခဲဝါဒ” ကို ကျင့်သုံးတတ်သူများဖြစ်တယ်။ အထက်တန်းကျကျ နေလိုတတ်ကြတယ်။ အပျော်ကြူးတတ်မှု တွေ ရှိနိုင်တာကိုတော့ သတိပြုသင့်တယ်

(14)ဂဏန်းသမားတွေကျတော့ ထက်မြက်မှုရှိပြီး၊ အုပ်ချုပ်သူသြဇာအာဏာရှိသူများနဲ့ ရင်းနှီးကျွမ်းဝင် လွယ်တတ်ကြသူများ ဖြစ်တယ်။ သူတို့ရဲ့ အကူအညီနဲ့မိမိဘဝတက်လမ်းကို ရှာကြံနိုင်တတ် ကြတယ်။ တနင်္ဂနွေ(1)ဂဏန်း နဲ့ ယူရေးနပ်စ်ဂြိုဟ် (4)ဂဏန်းပေါင်းစပ်ထားတာကြောင့် ကျန်တဲ့ (5)ဂဏန်းတွေထက် ပိုမိုထက်မြက်ပြီး သြဇာ နဲနဲ ပေးချင်တဲ့ သူတွေဖြစ်တယ်။ ယူရေးနပ်စ်ဂြိုဟ်ပါနေတဲ့အတွက် သူတို့ဟာ လောကဓံတွေကို မကြာခဏကြုံရတတ်တယ်။ ရန်အတိုက်အခံပိုများတယ်။
.
ဒါပေမယ့် သူတို့ဟာ လူကောင်းလူဖြောင့်တွေဖြစ်ပြီး အပေါင်း အသင်းများအပေါ်မှာ အနစ်နာ ခံပြီးပေါင်းတတ်ကြတယ်။ ခင်မင်မိပြီဆိုရင် အစွမ်းကုန် ကူညီတတ်ကြသူတွေ ဖြစ်ပါတယ်။သူတို့ဟာ နောက်က Current of Destiny ခေါ်တဲ့ မွေးတဲ့ ခုနှစ်ဂဏန်း မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်။

(23)ဂဏန်းသမားတွေကျတော့ ဂဏန်းအားလုံးထဲမှာ ဘုရင်ဆိုလောက်တဲ့ဂဏန်းဖြစ်တယ်။ (23)ရက်ဖွားဟူသမျှ ကောင်းစား ကြတာများတယ်။ မိန်းကလေးဆိုရင် ပိုကောင်းစား တတ်တယ်။ လင်ကောင်းသားကောင်းရတတ်တယ်။ (23)ရက်ဖွား ယောင်္ကျားများ ကြပြန်တော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှု ကို ရတတ်ပြီး ဘဝတက်လမ်း အလွန်မြန်တတ်ကြတယ်။

ဒါပေမယ့် (23)ဂဏန်းဟာ တနင်္လာဂြိုဟ် နဲ့ ကြာသပတေးဂြိုဟ်ကြီးတို့ ပေါင်းစပ်ထားတဲ့ “စန္ဒြဂုရု” ယုဂ်ရတဲ့ ဂဏန်းဖြစ်လို့ ကိုယ်ကျင့် တရားကောင်းဖို့လိုတယ်။ (23)သမားတွေဟာ ကံကောင်းနေရာက ကိုယ်ကျင့်တရားပျက်ခြင်း၊ သူတစ်ပါးကို အနိုင်ထက် ပြုနှိပ်စက်ခြင်း၊ ကာမဂုဏ်ဖောက်ပြန်ခြင်း စတဲ့ ဒုစရိုက်တွေကို ကျူးလွန်မိရင် ကံတရားက ချက်ခြင်းအပြစ်ပေး ခံရတတ်ပြီး အောက်ဆုံးကို ပြုတ်ကျ သွားတတ်တာကို သတိထားပါ။

(23)ဂဏန်းဟာ (5) , (14)ဂဏန်းတွေနဲ့ယှဉ်ရင် အတ္တစိတ်၊ တစ်ကိုယ်ကောင်းစိတ် ပိုများတတ်တယ်။ ကပ်စေးပို နဲတတ်တယ်။ ရက်ရောမိရင်လည်း သူမတူအောင် ရက်ရောတတ်သလို၊ ကပ်စေးနှဲမိရင်လည်း သူမတူအောင်ဖြစ်တတ်တယ်။
– နောက်ဆုံးခြုံပြောရရင် (5)ဂဏန်းသမားတွေဟာ ပြဒါးကို thayအောင်thetဖို့ မလွယ်သလို၊ သူတို့ကို ပြုပြင်ပြောင်းလဲဖို့လွယ်သူတွေ ဖြစ်ပါတယ်။ (5)ဂဏန်းသမား လူဆိုးဖြစ်မိရင် ဆုံးမပဲ့ပြင်ဖို့ကြိုးစားမနေနဲ့။

သူ့ဟာသူ ပြန်ကောင်းရင်ကောင်းလိမ့်မယ်။ သူများဆုံးမလို့တော့ နောင်တရမယ် မထင်နဲ့။ (5)ဂဏန်းသမားတွေဟာ ဘုန်းကြီးတစ္ဆေ တွေဗျ။ သူ့ကို တရားသွားမဟောနဲ့ သူကပြန်ဟောပြလိမ့်မယ်။ သူတို့ဟာ လောကကြီးအကြောင်းကို နောကြေနေအောင် သိကြသူတွေ ဖြစ်တွေလို့ သူတို့ကို ဆရာလုပ်လို့ မလွယ်လှပါဘူး။

ထင်ပေါ်ကျော်ကြားတဲ့ (5)ဂဏန်းသမားများ

အိန္ဒိယလွတ်လပ်ရေးဖခင်ကြီးနဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟလာနေရူး က (23)ရက်ဖွား၊ နပိုလီယံအလွန်ချစ်မြတ်နိုးတဲ့ မိဘုရားကြီး ဂျိုဆက်ဖင်က (23)ရက်ဖွား၊ လေရူးသုန်သုန် ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ဟောလီးဝုဒ်မင်းသမီးချော ဗီဗီယံလေးက (5)ရက်ဖွား၊ မင်းသားကြီး ဂရေဂိုရီပတ်က (5)ရက်ဖွား၊ ဂျော့ဘုရင် နံပါတ်(6)က (14)ရက်ဖွား၊ ချက်နိုင်ငံရဲ့ ပထမဆုံးသမ္မတ စာပေနဲ့ကဗျာပညာရှင် ဗားကလက်ဟေဗယ်က (5)ရက်ဖွား၊ ဂျော်ဒန်ဘုရင်ဟူစိန်က (14)ရက်ဖွား၊ ဂျိမ်းစ်ဘွန်းမင်းသား ရော်ဂျာမိုးက (14)ရက်ဖွား၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေဖြစ်ခဲ့တဲ့ ကောလင်းပါဝယ်က (5)ရက်ဖွား၊ ကွန်ဒိုလီဇာရိုက်စ် က (14)ရက်ဖွား၊ ဘောလုံးသမား ဟာနန်ခရက်စ်ပိုက (5)ရက်ဖွား၊ အင်္ဂလိပ်လူမျိုး နက္ခတ်သင်္ချာစွယ်စုံပညာရှင် ရာဖေးလ် က (5)ရက်ဖွား၊ Dell ကွန်ပျူတာကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ မိုက်ကယ်ဒဲလ် က (23)ရက်ဖွား၊ ဘီလျံနာ ဒေါ်နယ်ထရမ့်က (14)ရက်ဖွား၊ အာဏာရှင်တော်လှန်ရေးခေါင်းဆောင်ချီဂွေဗားရား က (14)ရက်ဖွား၊ ကွပ်မျက်ခံရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အလီဘူတို (ဘင်နာဇီယာဘူတို၏ဖခင်) က (5)ရက်ဖွား၊ ကာတွန်းပညာရှင်ကြီး ဝေါ့လ်ဒစ်နေး က (5)ရက်ဖွား၊ ကွန်မျူနစ်ဝါဒရဲ့ ဖခင်ကြီး ကားလ်မတ်ခ် က (5)ရက်ဖွား၊ ဗြိတိသျှ အိမ်ရှေ့စံ ချားလ်မင်းသားက (14)ရက်ဖွားများ ဖြစ်ကြပါတယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

ရေးသားသူ –ဒေါက်တာတင်ဗိုလ်ဗိုလ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...