၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ မှ ဇွန်လ ၁၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ မှ ဇွန်လ ၁၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ မှ ဇွန်လ ၁၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ မှ ဇွန်လ ၁၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( June 12 to 18 )

Aries ရာသီခွင်တို့သည် အစာမကြေခြင်း နှင့် အဆစ်အမြစ်ရောင် ရောဂါများ ခံစားနေရပါက ယခုအပတ်တွင် သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် အအေးမိခြင်း စသော အသေးအဖွဲ့ ပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရန် အကြံပြုလိုပါတယ်။

ရက်သတ္တပတ် အစောပိုင်းတွင် ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ နယ်ပယ်များစွာမှ ငွေကြေး ရရှိတတ်ပါတယ်။ ငွေကြေး ထောက်ပံ့မှုများ ပေးစွမ်းနိုင်ပါမယ်။ သို့သော် ငွေကြေး ချေးငှားမှုနှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။

ဤကာလအတွင်း မိမိ၏ မိသားစုဘဝအတွက် အချိန်ပေးနိုင်အောင် ကြိုးစားပေးပါ။ မိသားစုဝင်များနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံပေးပါ။

ပြိဿရာသီခွင် – Taurus ( June 12 to 18 )

ယခုအပတ်သည် Taurus ရာသီခွင်တို့၏ ကျန်းမာရေးအတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးပေးပါ။

ငွေကြေး ကိစ္စနှင့် ပက်သက်၍ အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါမယ်။ အကျိုးခံစားခွင့်များကို ရရှိနိုင်မည့် အပြင် ငွေကြေး စုဆောင်းမှုကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိသားစု၏ အထောက်အပံကို ရရှိနိုင်ပါမယ်။ သို့သော် မိမိ၏ အကြောင်းအရာ ကိစ္စရပ်နှင့် ပက်သက်၍ မိသားစုဝင်များနှင့် ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးပေးရန် လိုအပ်ပါလိမ့်မယ်။

မေထုန်ရာသီခွင် – Gemin ( June 12 to 18 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အချိန်ပေး အားထုတ်ရန် လိုအပ်ပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ ‌အာဟာရဓာတ် ပြည့်ဝပီး အရည်ရွှမ်းသော အစားအစာများကို စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေး အသုံးစရိတ်များနေပါမယ်။ သို့သော် တချိန်တည်းမှာပင် ဝင်ငွေ သိသိသာသာ တိုးလာခြင်းကြောင့် ငွေကြေးနှင့် ပက်သက်၍ စိတ်ပူစရာ မလိုအပ်ပေ။

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ မိသားစုဘဝအတွင်း ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ ပစ္စည်း ဆုံးရှုံးခြင်း သို့မဟုတ် ဖောက်ထွင်းခံရနိုင်ခြေ အခွင့်အလမ်းများလည်း ရှိနေသောကြောင့် သတိထားပေးပါ။

ကရကဋ်ရာသီခွင် – Cancer ( June 12 to 18 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ယခင်ထက် ပိုမိုကောင်းမွန်လာပါမယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အရ တိုးတက်မှုများ ရှိနေပါမယ်။ နာတာရှည် ရောဂါများ ခံစားရမည် မဟုတ်ပေ။

ဤကာလအတွင်း ငွေကြေးအရ အတက်အကျများ ရှိနေပါမယ်။ အနာဂတ်အတွက် ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်နိုင်ပါတယ်။

မိသားစုနှင့် ပက်သက်၍ တည်ငြိမ် အေးချမ်းနေပါမယ်။ မိသားစုဝင်များ အကြား နာလည်မှုနှင့် အတူ ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ ဒါ့အပြင် လူမှုအဖွဲ့အစည်းတွင် အောင်မြင်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( June 12 to 18 )

ဤကာလအတွင်း Leo ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာအချို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် မျက်စိ၊ နား၊ နှာခေါင်းနှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။

ယခုအပတ်တွင် ငွေရေးကြေးရေးအရ စိုးရိမ်ပူပန်မှုကို ခံစားရစေနိုင်ပါတယ်။ မိမိ ယုံကြည်ရသော သူထံမှ အကြံဉာဏ်များ ရယူပေးပါ။ ငွေကြေး အကူအညီများ လိုအပ်နေပါမယ်။

မိသားစုဝင်များနှင့် အလိုက်သင့် ပြုမူပြောဆို ပေးရပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( June 12 to 18 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအရ ဖိစီးမှုဖြစ်စေနိုင်သော အရာများနှင့် ဝေးဝေးနေထိုင်ပါ။ ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ အာဟာရရှိသော အစားအစာများကို စားသုံးပေးပါ။ စိတ်အပန်းဖြေမှုအတွက် လုံလောက်စွာ အနားယူပေးရပါမယ်။

ဤကာလအတွင်း ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ သို့သော် မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှသာ အကျိုးခံစားခွင့်ကို ရရှိနိုင်ပါလိမ့်မယ်။

မိမိနှင့် မိသားစုအကြား ဆက်ဆံရေးသည် ခက်ထန်နေနိုင်ပါမယ်။

တူရာသီခွင် – Libra ( June 12 to 18 )

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အားစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် အနေအထိုင်၊ စားသောက်မှု ပုံစံနှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။ မဟုတ်ပါက ကိုယ်ခံအား ကျဆင်းခြင်းနှင့် အတူ ကျန်းမာရေး ဝေဒနာအချို့ ခံစားရနိုင်ပါတယ်။

ဤကာလအတွင်း ငွေကြေး စုဆောင်းနိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးအခြေအနေသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာမှာ ဖြစ်ပါတယ်။ ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ရတတ်ပါတယ်။ သို့သော် စိတ်မလောပါနှင့်။

Libra ရာသီခွင်တို့သည် အားနာတတ်သည့် စိတ်အရင်းခံအလျှောက် သူတစ်ပါးအား ကူညီလေ့ ရှိကြပါတယ်။ သို့သော် ယခုအပတ်တွင် ထိုသို့ အကူအညီ ပေးခြင်းက ဖိအားပိုမို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိတတ်နိုင်မှသာ အကူအညီပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( June 12 to 18 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် နယ်ပယ်အသီးသီးမှ ပြဿနာတို့ကြောင့် ဖိစီးမှုကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်အပန်းဖြေမှု အတွက် လုံလုံလောက်လောက် အနားယူပေးပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေသည် တိုးတက်ကောင်းမွန်နေပါမယ်။ မိသားစု၏ လိုအပ်သော အသုံးအဆောင် ပစ္စည်းများအတွက် ငွေကြေး သုံးစွဲမှုများ ရှိနေပါမယ်။

မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ သို့မဟုတ် အလည်အပတ် ခရီးစဉ်များလည်း ရှိနေပါတယ်။ သို့သော် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးရပါမယ်။

ဓနုရာသီခွင် – Sagittarius ( June 12 to 18 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးအရ စိတ်ဖိစီးစေနိုင်သော အရာများမှ ဝေးဝေးနေထိုင် သင့်ပါတယ်။

အကယ်၍ အစိုးရကဏ္ဍတွင် အလုပ်လုပ်နေသည် ဆိုပါက ယခုအပတ်သည် အရေးကြီးသလို ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ အကျိုးခံစားခွင့်များ ရရှိစေနိုင်ပါတယ်။

ဤကာလတစ်လျှောက်လုံး Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝသည် တည်ငြိမ်အေးချမ်းနေပါမယ်။ ဒါ့အပြင် လိုအပ်သော အသုံးအဆောင် ပစ္စည်းအချို့ကိုလည်း ဝယ်ယူနိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( June 12 to 18 )

အထူးသဖြင့် ဤကာလအတွင်း သွေးတိုး၊ ဆီးချို ဝေဒနာ ခံစားနေကသော Capricorn ရာသီခွင်များ အနေနဲ့ အထူး ဂရုစိုက်ပေးရပါမယ်။ ဆေးများကို ပုံမှန် သုံးစွဲပေးပါ။ ဒါ့အပြင် ကိုလက်စထရော ပမာဏကို ထိန်းသိမ်းရန်လည်း ကြိုးစားသင့်ပါတယ်။

မိမိ၏ ကြိုးစားအားထုတ်မှုနှင့် စေတနာထားမှုတို့ကြောင့် ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း ဆုံးဖြတ်ချက် တစ်ခုခုကို ချရမည်ဆိုရင် မိမိတစ်ဦးထက် မိသားစု၏ သဘောထားကိုပါ သိရှိအောင် ပြုလုပ်ရပါမယ်။ မိသားစုဝင်တို့၏ အတွေ့အကြုံ၊ သဘောထားကို ဆင်ခြင် သုံးသပ်ပီးမှ ဆုံးဖြတ်ခြင်းက ပိုမိုကောင်းမွန်စေပါတယ်။

ကုမ်ရာသီခွင် – Aquarius ( June 12 to 18 )

ဤကာလအတွင်း Aquarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အရ ဖိစီးမှုတို့ကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး သုံးစွဲးခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ သတိထား ဆောင်ရွက်သင့်ပါတယ်။ အကျိုးအမြတ်များနိုင်သလို အတိုက်အခိုက်လဲ များနေသည့် အချိန်ကာလတစ်ခု ဖြစ်ပါတယ်။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစုဘဝသည် တည်ငြိမ် အေးချမ်းနေပါမယ်။ မိသားစုအတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ။

မိန်ရာသီခွင် – Pisces ( June 12 to 18 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကောင်းမွန်သော ကျန်းမာရေးကို ရယူလိုပါက ကြိုးစားအားထုတ် ပေးရပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုကိုပါ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ငွေကြေး အခြေအနေအရ အားနည်းနေမည့် အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း မိသားစုဘဝတွင် ကောင်းမွန်သော သတင်းတို့ကြောင့် ပျော်ရွင်နေရမှာ ဖြစ်ပါတယ်။ မိမိ၏ ခံစားချက်များကို မိသားစုဝင်များအား ဖွင့်ဟ ပြောဆိုပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...