ချစ်သူသက်တမ်း ၁၁ နှစ်အကြာမှာ ချစ်သူမင်းသားဆီကလက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ Yaya

Celebrity International News
ချစ်သူသက်တမ်း ၁၁ နှစ်အကြာမှာ ချစ်သူမင်းသားဆီကလက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ Yaya

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်သူသက်တမ်း ၁၁ နှစ်အကြာမှာ ချစ်သူမင်းသားဆီကလက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ Yaya ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း ၁၁ နှစ်အကြာမှာ ချစ်သူမင်းသားဆီကလက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ Yaya

မြန်မာပရိသတ်တွေ အားကျရတဲ့ထိုင်းစုံတွဲတွေထဲမှာ မင်းသား Nadech Kugimiya နဲ့ မင်းသမီး Yaya Urassaya တို့စုံတွဲလည်း အပါအဝင်ပါပဲ။ သူတို့စုံတွဲနဲ့ပတ်သက်ပြီး ပရိသတ်တွေ ဖြစ်စေချင်တဲ့ ဆန္ဒကလည်း အကောင်အထည်ဖော်သွားခဲ့ပါပြီ။ ပရိသတ်ဖြစ်စေချင်သလို ထိုင်းထိပ်တန်းမင်းသား Nadech က သူ့ချစ်သူထိပ်တန်းမင်းသမီး Yaya ကို ဇွန်လ ၅ ရက်နေ့က လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ဒီသတင်းက ချက်ခြင်းပဲ လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။

Nadech က အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ အီတလီကို ရောက်နေတဲ့အချိန်အတွင်းမှာ Yaya ကို စိန်လက်စွပ်အကြီးကြီးနဲ့လက်ထပ်ခွင့်တောင်းခဲ့တာပါ။ Nadech နဲ့ Yayaတို့ဟာ ဒီဝမ်းသာစရာသတင်းကို အင်စတာဂရမ်အကောင့်တွေကနေ ပရိသတ်တွေကို အသိပေးခဲ့တာပါ။

လက်ထပ်ခွင့်တောင်းတဲ့ပုံတွေနဲ့အတူ “ကျွန်တော်တို့ ထာဝရအတူနေကြဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော့်ဘဝမှာ ဒီမိန်းကလေးကို ပိုင်ဆိုင်ရလောက်အောင်ကံကောင်းတာမို့ ကျွန်တော်က အပျော်ရွှင်ရဆုံးအမျိုးသားတစ်ယောက်ပါ။ ဘဝခရီးအသစ် စတင်လိုက်ပါပြီ။ ကျွန်တော် စိတ်လှုပ်ရှားတယ်။ မင်းက ကိုယ့်ရဲ့ နှလုံးသား၊ ပျော်ရွှင်မှူ၊ မျက်ရည်နဲ့ဝင်သက်ထွက်သက်ပါပဲ။ “လက်ထပ်မယ်”လို့ ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Yaya က Nadech ထက် ၂ နှစ်ငယ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြပေမဲ့ သူတို့ရဲ့ဆက်ဆံရေးကို ၂၀၁၉ ခုနှစ်မှာ တရားဝင်ကြေညာပေးခဲ့တာပါ။ အခုဆို ချစ်သူသက်တမ်း ၁၁ နှစ်ရှိပါပြီ။ ဇာတ်လမ်းတွဲတော်တော်များများမှာလည်း အတူသရုပ်ဆောင်ထားကြပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို အခိုင်အမာရရှိထားတဲ့စုံတွဲပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...