ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ဇကာတင်စာရင်းထပ်ဝင်ခဲ့တဲ့ မင်းသားဒေါင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ဇကာတင်စာရင်းထပ်ဝင်ခဲ့တဲ့ မင်းသားဒေါင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ဇကာတင်စာရင်းထပ်ဝင်ခဲ့တဲ့ မင်းသားဒေါင်း
အားပေးကျတဲ့ ပရိသတ်ကြီးရေ ဇွန်လ (၁၀) ရက် နေ့၊ ထိုင်းနိုင်ငံ ၊ အမျိုးသားအနုပညာပြခန်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၇) ကြိမ်မြောက် TVGold Awards” ဆုပေးပွဲကြီး ကို ထိုင်း-မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲ “ကျောက်ဖုရားမှ ဧရာဝတီသို့” ရုပ်သံ ဇာတ်လမ်းတို့ ရဲ့အဖွဲ့ဝင်အဖြစ် မင်းသားချော ဒေါင်း မှ တက်ရောက်ခဲ့ပါတယ်။
မြန်မာအမျိုးသမီးထုကြီး တစ်ခုလုံးနီးပါးက သည်းသည်း လှုပ်ချစ်ရတဲ့ မင်းသား ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်း-မြန်မာ ရုပ်သံဇာတ်လမ်းတွဲ ” ကျောက်ဖုရားမှ ဧရာဝတီသို့ ရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံး အနုပညာ ဖန်တီးမှုဆုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ် ။
ဒီရုပ်သံဇာတ်လမ်းတွဲဟာ ဆုကြီး (၅)ဆု အတွက် ဇကာတင် စာရင်း လျာထားခြင်းခံထားရတဲ့ကြားကပဲ အခုလိုရရှိသွား တာဖြစ်သလို မင်းသားချော ဒေါင်းကိုယ်တိုင်ကလည်း “အကောင်းဆုံး ဇာတ်ပို့ဆု” အတွက် ထိုင်းနိုင်ငံက နာမည် ကျော် မင်းသားတွေကြားမှာ တစ်ဦးတည်းသော နိုင်ငံခြားသား သရုပ်ဆောင် အနေနဲ့ ပထမဦးဆုံး ဇကာတင် စာရင်း တင်သွင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။