လေးဘက်နာ ခြေဆစ်လက်ဆစ်ကိုက် ဒူးနာခါးနာ ဆေးကမြင်း ရွက်လှုပ်ပင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေးဘက်နာ ခြေဆစ်လက်ဆစ်ကိုက် ဒူးနာခါးနာ ဆေးကမြင်း ရွက်လှုပ်ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
လေးဘက်နာ ခြေဆစ်လက်ဆစ်ကိုက် ဒူးနာခါးနာ ဆေးကမြင်း ရွက်လှုပ်ပင်
လေဖက်နာပိုး ခြေဆစ်လက်ဆစ်ကိုက်ဒူနာခါးနာခြင်းတို့အတွက်ဆေးကမြင်း ( ခ) ရွက်လှုပ်ပင် လက်တစ်ဆုပ်ကိုရေစင်အောင်ဆေးပြီး သုံးခွက်တစ်ခွက်တင် မတ်ခွက်ဖြင့် တနေ့တစ်ကြိမ်သောက်ပါ ။
နှစ်ရှည်လများ ခံစားနေရသူများအတွက် အမှန်ထိရောက်ပြီး ဆေးစွမ်းပါသည် ။
” ဆေးကမြင်းပင်(သို့)ရွက်လှုပ်ပင် ”
ဆေးကမြင်းသည် အသက်၀င်ဘိသကဲ့သို့ရှိသည်။ လေမတိုက်ပါပဲ အရွက်ထိပ်ဖျားတို့က လက်ခုတ်လက်ဝါး တီးသလို တစ်ရွက်နှင့်တစ်ရွက်လှုပ်ခတ်၏။
ထိုပြင် တီးလုံးသံကြားကလည်း ပိုမိုအသက်၀င်စွာလှုပ်ခတ်ပြန်သည်။ ဖိုရွက်မရွက် အလိုလိုထပ်နေတတ်ပြန်သည်။အံ့ဖွယ်ဆေးပင်ပါတကား။ထိုကြောင့် ဆေးကမြင်းပင်ဟု ခေါ်သည်ဟုဆိုသည်။
အယူအဆများ
ကာမအားကို အလွန်အားပေးသည် ဟုဆိုပါသည်။ အချို့အိမ်တွင်စိုက်ပါက မိသားစုလူမှုရေးဖောက်ပြန်တတ် သည်ဆိုသောအယူရှိကြသည်။စိုက်လိုသူတို့က ရွှေရည် ငွေရည်သွန်းကာ
သီလလုံစွာထိန်း၍စိုက်ကြသည်လည်းရှိသည်။ ထိုကိစ္စတို့သည်က ဟုတ်ချင်လည်းဟုတ်မည်၊ဟုတ်ချင်မှလည်း ဟုတ်ပေမည်။
ပင်စည်လုံး လက်မလုံးခန့်သာရှိသည်။အရွက်ရှည်မျှောပြီး ဗျက်အကျယ်(၁)လက်မခွဲမှ(၂)လက်မထိရှိတတ်သည်။ အရွက်ရှည်မှာ(၂)လက် မမှ(၄)လက် မထိရှိသည်။
အရွက်ရောင်မှာအစိမ်းရောင်ဖြစ်သော်လည်း မျက်နှာပြင်ဘက် အရောင်ရင့်ပြီး၊ကျောဘက် အရောင်နုသည်။
အသည်းရောင်သူတို့အတွက် အလွန်အစွမ်းထက်သည်ဆိုသည်
အသည်းရောင်သူတို့အတွက်ဆေးနည်း
ဆေးကမြင်းပင်(ခေါ်)ရွက်လှုပ်ပင်အား လက်တစ် ဆုပ်စာခူပြီး (၃)ခွက်(၁)ခွက်တင်ပြုတ်ကျိုသောက် ပေးပါကအသည်းရောင်ရောဂါပျောက်ကင်းသက်သာ စေပါသည်။ ဆေးသုံးခွက်သောက်ရုံဖြင့် သိသား လှသည် ဆိုပါသည်။
ကျောက်ဂဝံများရှိရာဒေသများတွင် ပေါက်ရောက် တတ်ပါသည်။ ပဲခူးတိုင်း စိန့်ကန့်လန့်တောင်ကြော ဂဝံတောများတွင်အလွန်ပေါသည်ဆိုသည်။
လောကီအစီအရင်
နှစ်သက်သူ၏ရုပ်အဖြစ်လှုပ်ခတ်နေသော ဆေးကမြင်းရွက် (၉)ရွက်ညှစ်ပြီးရွံ့့ မိန်းမရုပ်လုပ်၍ ဆောင်ပါက ပီယတွင် အစွမ်းကြီးသည်ဟု မှတ်သားဖူးသည်။
မှတ်ချက်
ဆေးကမြင်း ရွက်ပူးကပ်နေစဉ်ခူးသောအရွက်ဖြစ်ရပါမည်။.နောက်တနည်းပူးကပ်နေသောအရွက်စုံခူး၍ မိမိအိပ်သော ခေါင်းအုံး အောက်မှာထား၍ မိမိနှစ်သက်သောသူကို အိပ်မက်စေသော ပီယရွက် အဖြစ် အသုံးပြုလို့ရပါကြောင်း ကြားဖူးသည်။
တင်ပြလိုသည်မှာ ဆေးကမြင်းပင်သည် အသက်၀င် သောဆေးပင်ဖြစ်ပြီး အသည်းရောင် ရောဂါအတွက်ပျောက်ကင်းစေသည်ကို တင်ပြခြင်းဖြစ်ပါသည်။ ။
လိုသူတို့သုံးစိတ်နှလုံးရွှင်ပြုံးပျော်ပါစေ..
ရေးသားသူ – SPF Myanmar
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။