အသည်းရောဂါရှင် ကင်ဆာဝေဒနာရှင်များ အတွက် သင်္ဘောရွက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အသည်းရောဂါရှင် ကင်ဆာဝေဒနာရှင်များ အတွက် သင်္ဘောရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
အသည်းရောဂါရှင် ကင်ဆာဝေဒနာရှင်များ အတွက် သင်္ဘောရွက်
ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်
သင်္ဘောရွက်မှာပါတဲ့acetogenin လို့ခေါ်တဲ့ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကိုလျှော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။
အသည်းကျန်းမာစေနိုင်ပါတယ်
အသည်ကို သန့်စင်ပေးခြင်းက အသည်းထိခိုကနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာဝပစ္စည်းအများအပြားထမြာ သဘော်ရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက်က သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။
ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်
ရာသီလာစဉ်နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့ကဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။
အစာကြေစေနိုင်တယ်
သင်္ဘောရွက်မှာပါတဲ့chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။
နှင်းခူသက်သာစေနိုင်တယ်
အရေပြားပြဿနာတစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကိုဆေးကြောသန့်စင်ထားတဲ့ သင်္ဘောရွက်ကိုကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး နှင်းခူကိုပျောက်ကင်းစေမှာပါ။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခနျဓါကိုယကြနြွးမာမှုကိုတြောတြောလေးထိခိုကစြနေိုငတြာပါ။ သင်္ဘောရွက်မှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန်ဓါကိုယျကို ကျန်းမာစေနိုင်ပါတယ်။
ဆံသားကျန်းမာစေနိုင်တယ်
သင်္ဘောရွက်မှာပါတဲ့ ဓါတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီးဗောက်မထအောင် ကာကွယ်ပေးပါတယ်။
အသားအရေကျန်းမာစိုပြေစေတယ်
ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်thayတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။
အားအင်ပြည့်ဖြိုးစေတယ်
ခန်ဓါကိုယျအတှကျ လိုအပ်တဲ့ အာဟာရတွေကိဖြည့်ပေးပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။သွေးစီးဆင်းမှုကောင်းမာန်စေပြီး ခနဒ`ာကိုယမျာ အင်အားပြည့်နေစေအာင်လုပ်ဆောင်ပေးနိုင်ပါတယ်။
သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓါတ်က အဆီတွေ၊ကာဗိုဟိုက်ဒရိတ်တွေ ပရိုတင်းတွေကိုဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
သင်္ဘောရွက်ကဆေးဖက်ဝင်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ကတော့ မသုံးသင့်ပါဘူး။
ရေးသားသူ -SPF Myanmar
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။