စာသင်နေတဲ့ ကောင်မလေးကို ဘေးကနေ မှီပြီးအဖော်ပြုနေတဲ့ ခွေးလေးရဲ့ဗီဒီယို(ရုပ်/သံ)

စာသင်နေတဲ့ ကောင်မလေးကို ဘေးကနေ မှီပြီးအဖော်ပြုနေတဲ့ ခွေးလေးရဲ့ဗီဒီယို(ရုပ်/သံ)

International News
စာသင်နေတဲ့ ကောင်မလေးကို ဘေးကနေ မှီပြီးအဖော်ပြုနေတဲ့ ခွေးလေးရဲ့ဗီဒီယို(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စာသင်နေတဲ့ ကောင်မလေးကို ဘေးကနေ မှီပြီးအဖော်ပြုနေတဲ့ ခွေးလေးရဲ့ဗီဒီယို(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စာသင်နေတဲ့ ကောင်မလေးကို ဘေးကနေ မှီပြီးအဖော်ပြုနေတဲ့ ခွေးလေးရဲ့ဗီဒီယို(ရုပ်/သံ)

TikTok မှာ တင်ထားတဲ့ ခွေးလေးတစ်ကောင်နဲ့ ကျောင်းသူလေးကြားက ကြည်နူးစရာအခိုက်အတန့်ကို ပြနေတဲ့ ဗီဒီယိုတစ်ခုက လူကြည့်များနေပါတယ်။ ခွေးလေးတစ်ကောင်က ကျောင်းခန်းအတွင်း စာသင်နေတဲ့ ကျောင်းသူလေးကို အဖော်ပြုပေးနေတဲ့ ဗီဒီယိုလေးပါ။ ကျောင်းသူလေးကို အဖော်ပြုလို့ရအောင် ခွေးလေးကို ခွင့်ပြုပေးထားတဲ့ ဆရာမကိုလည်း လူမှုကွန်ယက်အသုံးပြုသူတော်တော်များများက ကျေးဇူးတွေတင်နေကြတာပါ။

ဗီဒီယိုထဲက ဂါလက်တီတာဆိုတဲ့ အဲဒီခွေးလေးက ခွေးလေးတွေဟာ လူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်တယ်ဆိုတာကို သက်သေပြနေတဲ့အတွက် အခုလို လူစိတ်ဝင်စားနေကြတာပါ။ ဂါလက်တီတာက ကျောင်းသူလေး စာသင်ယူမှတ်သားနေစဉ်အတွင်း ကျောင်းသူလေးရဲ့ပခုံးပေါ်ကို သူ့ရဲ့ခေါင်းလေးတင်ပြီး အဖော်ပြုပေးနေခဲ့တာပါ။ ခွေးလေးက ကျောင်းသူလေးရဲ့ခန္ဓာကိုယ်ကိုလည်း မှီထားပြီး စက္ကန့်အနည်းငယ်လောက် အိပ်ပျော်နေတဲ့ပုံပါပဲ။

ဒီကြည်နူးစရာအခိုက်အတန့်ဗီဒီယိုလေးကို “ဒီကနေ့ မင်းတို့ မြင်တွေ့ရမယ့် အချိုမြိန်ဆုံးအရာပါပဲ”ဆိုတဲ့စာသားနဲ့ TikTok မှာ တင်ထားတာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေကလည်း “ခွေးလေးတွေက ကမ္ဘာပေါ်မှာ အလှပဆုံးသက်ရှိတွေပါပဲ”၊ “ချစ်စရာအကောင်းဆုံးအပိုင်းက ဆရာမဟာ ခွေးလေးကို စာသင်ခန်းအတွင်း ဝင်ခွင့်ပြုထားတာပဲ။ ကျေးဇူးတင်ပါတယ်”စတဲ့ ကောင်းတဲ့ကွန်မန့်တွေ ပေးခဲ့ကြပါတယ်။ ဒီဗီဒီယိုက ကြည့်ရှုသူ ၅ သန်းကျော်သွားပါပြီ။

ဗီဒီယိုကြည့်ရှုရန် – https://shorturl.at/istBS

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...