ဆားပွင့်ထက်သေးငယ်တဲ့ လက်ကိုင်အိတ် ဒေါ်လာ ၆၀၀၀၀ ကျော်နဲ့ လေလံအောင်မြင်

International News
ဆားပွင့်ထက်သေးငယ်တဲ့ လက်ကိုင်အိတ် ဒေါ်လာ ၆၀၀၀၀ ကျော်နဲ့ လေလံအောင်မြင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆားပွင့်ထက်သေးငယ်တဲ့ လက်ကိုင်အိတ် ဒေါ်လာ ၆၀၀၀၀ ကျော်နဲ့ လေလံအောင်မြင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆားပွင့်ထက်သေးငယ်တဲ့ လက်ကိုင်အိတ် ဒေါ်လာ ၆၀၀၀၀ ကျော်နဲ့ လေလံအောင်မြင်

ဆားတစ်ပွင့်ထက် သေးငယ်ပြီး အဏုမြူမှန်ပြောင်းနဲ့ကြည့်မှ မြင်ရတဲ့ လက်ကိုင်အိတ်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၆၃၇၅၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ အပ်ပေါက်ထဲ ထည့်လို့ရတဲ့အထိ သေးငယ်တဲ့ လက်အိတ်အိတ်ကို အမေရိကန်နိုင်ငံ ဘရွတ်ကလင်းမြို့အခြေစိုက် MSCHF အနုပညာကုမ္ပဏီက ဖန်တီးခဲ့တာပါ။

အဲဒီလက်ကိုင်အိတ်ကို ဖိုတိုပိုလီမာအစေး အသုံးပြုပြီး 3D printing နည်းပညာနဲ့ ထုတ်လုပ်ထားတာပါ။ လက်ကိုင်အိတ်က အလွန်သေးငယ်လွန်းလို့ နာမည်ကြီးဆိုင်တွေထံ နမူနာပို့ချိန်မှာ လက်ကိုင်အိတ်တချို့ ပျောက်ဆုံးခဲ့ပါသေးတယ်။ MSCHF အနုပညာကုမ္ပဏီက လက်ကိုင်အိတ် ဝယ်ယူသူတွေကို အဏုမြူမှန်ပြောင်းနဲ့ လက်ကိုင်အိတ် ဓာတ်ပုံပါ ပေးအပ်မှာဖြစ်ပါတယ်။

MSCHF ဟာ အငြင်းပွားဖွယ်ရာ ပစ္စည်းဒီဇိုင်းတွေ ထုတ်လုပ်လေ့ရှိပြီး အလွန်သေးငယ်တဲ့ လက်ကိုင်အိတ် မတိုင်မီကလည်း လူ့သွေး ထည့်ထားတဲ့ ဖိနပ်၊ အောက်ခံပြားမှာ (တန်ခိုးကြီးတယ်ဆိုတဲ့) ရေစင်ထည့်ထားတဲ့ ဖိနပ်၊ ဧရာမ အနီရောင်ရော်ဘာဖိနပ်ကြီး၊ ချောဆီအနံ့ ရေမွှေးတွေ ထုတ်လုပ်ခဲ့ဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...