နိုင်ငံ (၂) နိုင်ငံက အရက်ဘား (၈၇၅) ဆိုင်လုံး သွားရောက်ပြီးသွားခဲ့တဲ့ အမျိုးသား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ငံ (၂) နိုင်ငံက အရက်ဘား (၈၇၅) ဆိုင်လုံး သွားရောက်ပြီးသွားခဲ့တဲ့ အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
နိုင်ငံ (၂) နိုင်ငံက အရက်ဘား (၈၇၅) ဆိုင်လုံး သွားရောက်ပြီးသွားခဲ့တဲ့ အမျိုးသား
အငြိမ်းစား fortlift မောင်းသမား ဒေးဗစ် ဘင်ဟမ်ဆိုသူဟာ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ Wetherspoon ကုမ္ပဏီက ဖွင့်ထားတဲ့ အရက်ဘား (၈၇၅) ဆိုင်လုံးကို သွားရောက်နိုင်ခဲ့ပါတယ်။ သူဟာ အရက်ဘားတွေဆီ သွားတဲ့ခရီးစဉ်ကို ၂၀၁၉ ခုနှစ်က စတင်ခဲ့တာပါ။ အခုအပတ်မှာတော့ The Frying Horse အရက်ဘားမှာ အဆုံးသတ်ခဲ့ပါတယ်။
အသက် ၆၀ အရွယ် ဒေးဗစ်က Wetherspoon အရက်ဘားတိုင်းဆီသွားတဲ့ ၄ နှစ်ကျော်မှာ ခရီးစရိတ်၊ နေစရိတ်၊ စားစရိတ်တွေအတွက် ပေါင် ၃၀၀၀၀ ခန့် သုံးစွဲခဲ့ရပါတယ်။ သူ သွားတဲ့ဆိုင်တွေထဲက တချို့ကဆိုရင် ပိတ်ထားတာတွေလည်းရှိပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အူနာ ကိုပါးဆိုသူက သူ့ကို ebay ကနေ ၃ ပေါင်နဲ့ Wetherspoons လမ်းညွှန်စာအုပ်ကို ဝယ်ပေးခဲ့ပြီးတဲ့နောက်မှာ လမ်းညွှန်စာအုပ်ထဲက အရက်ဘားဆိုင်းကို သွားမယ်ဆိုတဲ့ စိတ်ကူး ပထမဆုံးရခဲ့တာပါ။
၄ နှစ်အတွင်း သူ သွားခဲ့တဲ့ အရက်ဘားတွေထဲမှာ သူ အကြိုက်ဆုံးဆိုင်တွေကတော့ Ramsgate မြို့က the Royal Victoria Pavilion၊ Bury St Edmunds မြို့က The Corn Exchange၊ Harrogate မြို့က Winter Gardens နဲ့ Edinburgh မြို့က the Caley Picture House တို့ပါ။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။