အရပ်ပုလို့ Crush ဆီက အငြင်းခံရပြီးနောက် ဒေါ်လာ ၈၀၀၀၀ အကုန်ကျခံပြီး အရပ်ရှည်အောင်လုပ်ခဲ့တဲ့ အမျိုးသား

International News
အရပ်ပုလို့ Crush ဆီက အငြင်းခံရပြီးနောက် ဒေါ်လာ ၈၀၀၀၀ အကုန်ကျခံပြီး အရပ်ရှည်အောင်လုပ်ခဲ့တဲ့ အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရပ်ပုလို့ Crush ဆီက အငြင်းခံရပြီးနောက် ဒေါ်လာ ၈၀၀၀၀ အကုန်ကျခံပြီး အရပ်ရှည်အောင်လုပ်ခဲ့တဲ့ အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရပ်ပုလို့ Crush ဆီက အငြင်းခံရပြီးနောက် ဒေါ်လာ ၈၀၀၀၀ အကုန်ကျခံပြီး အရပ်ရှည်အောင်လုပ်ခဲ့တဲ့ အမျိုးသား

ဂျော်ဂျီယာနိုင်ငံသား ဒိုင်ဇယ်လ် ဆီဂါစ်ဆိုသူက limb lengthening ဆိုတဲ့ ခွဲစိတ်နည်းနဲ့ အရပ်ရှည်အောင်လုပ်ခဲ့ပါတယ်။ သူဟာ အရပ် ၅ ပေ ၅ ပဲရှိတဲ့အတွက် Crush ဆီကအငြင်းခံရပြီးတဲ့နောက်မှာ ဒေါ်လာ ၈၀၀၀၀ အကုန်အကျခံကာ အခုလိုခွဲစိတ်မှုလုပ်ဖို့ ဖြစ်လာခဲ့တာပါ။ ဒိုင်ဇယ်လ်က ဆယ်ကျော်သက်အရွယ်မှာ သူ အရမ်း Crush ခဲ့ရတဲ့ မိန်းကလေး ငြင်းတာကို ခံခဲ့ရတာပါ။ အဲဒီမိန်းကလေးက ဒိုင်ဇယ်လ်ကို စိတ်ဝင်စားပေမဲ့ သူ့အတွက် အရပ်ပုပြီး အသက်ငယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းခဲ့တာပါ။

Limb lengthening ခွဲစိတ်နည်းနဲ့ အရပ်ရှည်အောင်လုပ်ဖို့အတွက် ဒိုင်ဇယ်လ်က တူရကီနိုင်ငံရှိ လူထုကျန်းမာရေးစင်တာ Live Life Taller ကို သွားခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်တွေက ဒီခွဲစိတ်နည်းနဲ့ သူ့ကို ၃- ၄ လက်မလောက်ပဲ အရပ်ရှည်အောင် လုပ်ပေးနိုင်ပါတယ်။

သူက ဒီနည်းကို (၂) ကြိမ်လုပ်ခဲ့ရပြီး တစ်ကြိမ်ကို ဒေါ်လာ ၄၀၀၀၀ စီပေးခဲ့ရပါတယ်။ ဒီခွဲစိတ်မှုကို ခံယူပြီးတဲ့နောက်မှာ လမ်းလျှောက်ကျင့်နေရပါတယ်။
အဲဒီခွဲစိတ်နည်းက အတော်လေးနာကျင်ရပေမဲ့ သည်းခံနိုင်တယ်လို့ ဒိုင်ဇယ်လ်က ဆိုပါတယ်။ အခုဆို ဒိုင်ဇယ်လ်က အရပ် ၆ ပေရှိသွားပါပြီ။ ဒါပေမဲ့ ခြေထောက်ကြွက်သားတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ ရွေ့လျားနိုင်စွမ်းတိုးတက်အောင် ပြင်းထန်တဲ့ ကာယကုထုံးကို ခံယူနေရပါတယ်။

Limb lengthening ခွဲစိတ်တာက ကြွက်သား၊ အရွတ်တွေကိုလည်းဆွဲဆန့်ရင်း လူတစ်ယောက်ရဲ့လက် (သို့) ခြေထောက်မှာရှိတဲ့ အရိုးအရှည်ကို တိုးလာစေတဲ့ ကုသနည်းပါ။ Limb lengthening ခွဲစိတ်မှုအတွင်း ဆရာဝန်တွေက အရိုးကို နှစ်ပိုင်းဖြတ်လိုက်ပြီး fixator လို့ခေါ်တဲ့ အထိန်းလေးနဲ့ ဆက်ထားလိုက်ပါတယ်။

ပြီးရင် ခွဲထားတဲ့အရိုးတွေကို ဖြည်းဖြည်းချင်း ဆွဲဆန့်ပါတယ်။ ဆွဲဆန့်လို့ဟလာတဲ့ ကြားနေရာလေးမှာ အရိုးအသစ်ဖြစ်လာမှာပါ။ အဲဒီလိုဖြစ်လာဖို့ အချိန် ၂ လ လောက်ယူရပါတယ်။

ဒီခွဲစိတ်မှုခံယူထားတဲ့ လူနာတွေက ချက်ချင်း လမ်းမလျှောက်နိုင်ဘဲ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ဖို့လိုအပ်ပါတယ်။ အပြည့်အဝပုံမှန်အတိုင်း ပြန်ကောင်းလာဖို့ အချိန် ၁ နှစ် ယူရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...