Apple Logo မသိလို့ လုံခြုံရေးအလုပ် မရခဲ့တဲ့ ဆင်းရဲသားလေးက ကုဋေချီတန်ကြေးရှိတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Apple Logo မသိလို့ လုံခြုံရေးအလုပ် မရခဲ့တဲ့ ဆင်းရဲသားလေးက ကုဋေချီတန်ကြေးရှိတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
Apple Logo မသိလို့ လုံခြုံရေးအလုပ် မရခဲ့တဲ့ ဆင်းရဲသားလေးက ကုဋေချီတန်ကြေးရှိတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာ
” လုံခြုံရေးအလုပ် သွားလျှောက်တော့ သူတို့က ကျွန်တော့်ကို ပညာလည်း မတတ်ဘူး၊ ဆက်ဆံရေးလည်း မကောင်းဘူးလို့ ယူဆကြတယ်။ ပြီးတော့ iPhone လိုဂိုက ဘယ်ဟာလဲဆိုပြီး ရွေးခိုင်းတယ်။ ကျွန်တော်က အိုင်ဖုန်းမှ မမြင်ဖူးတာ၊ ဘယ်လို ရွေးတတ်မှာလဲ”
ဘီဟာပြည်နယ်ရဲ့ ရွာငယ်လေးမှာ မွေးဖွားခဲ့တဲ့ ဒီခုရှ်ကူမာဟာ ဆင်းရဲသားမိသားစုကနေ မွေးဖွားလာသူဖြစ်ပြီး ငွေကြေးမတတ်နိုင်လို့ ၁၀ တန်းအထိပဲ ကျောင်းနေခွင့် ရခဲ့ပါတယ်။ သူ့အဖေဆီက သုံးဘီးမောင်း သင်ပြီး သုံးဘီးမောင်းတယ်၊ ငွေပိုငွေလျှံလေးရအောင် ဟင်းသီးဟင်းရွက် ရောင်းတယ်။ ပညာလည်း ကောင်းကောင်းမတတ်၊ ငွေကြေးကျောထောက်နောက်ခံလည်း မရှိတဲ့ ဒီလို လူတစ်ယောက်က ကုဋေချီတန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုကို ထူထောင်နိုင်ခဲ့မယ်လို့ ဘယ်သူမှ ထင်ခဲ့ကြမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကူမာက RodBez အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့တယ်။ Tata Nano ကားဟောင်းလေးတစ်စီးနဲ့ သူ့လုပ်ငန်းကို စတင်ခဲ့တာပါ။ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကြား ချိတ်ဆက်ပေးပြီး ကီလိုမီတာ ၅၀ ကျော် ဝေးတဲ့ မြို့ပြင်ခရီးတွေအတွက် ကားစီစဉ်ပေးတဲ့ ကုမ္ပဏီပါ။
ခရီးစဉ်တစ်ကြောင်းစာပဲ ပေးရတဲ့ ဝန်ဆောင်မှု၊ ခရီးတူသူတွေ ကားအတူ စုစီးနိုင်တဲ့ ဝန်ဆောင်မှု၊ သူတလှည့်၊ ကိုယ်တလှည့်မောင်းရမယ့် ကားအငှားဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တာပါ။ စစချင်း ၆ လ၊ ၇ လလောက် တော်တော်လေး ရုန်းကန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ငွေပင်ငွေရင်း ကြီးထွားလာပြီး လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ပါတယ်။ အခုတော့ RodBez ရဲ့ ကွန်ရက်ထဲမှာ ကားအစီးရေ ၄၀၀၀ လောက်အထိ ရှိနေပြီး ဘီဟာပြည်နယ်မှာ အကြီးဆုံး အငှားကားဝန်ဆောင်မှုကုမ္ပဏီ ဖြစ်နေပါပြီ။
တချိန်က Apple Logo ကို မသိလို့ လုံခြုံရေးအလုပ် မရခဲ့တဲ့ သုံးဘီးမောင်းသမားလေး ကူမာဟာ အခုတော့ ဧရာမကုမ္ပဏီကြီးရဲ့ စီအီးအိုဖြစ်နေပြီး IIT Guwahati ၊ IIM အစရှိတဲ့ နည်းပညာကျောင်းဆင်းတွေကို သူ့ကုမ္ပဏီအတွက် အလုပ်ခန့်ကာ အိန္ဒိယနိုင်ငံတစ်ဝန်း ကားအငှား ဝန်ဆောင်မှုပေးအပ်နိုင်တဲ့ ကုမ္ပဏီဖြစ်လာရေး ရည်မှန်းချက်ကို ဆက်လက်အကောင်အထည် ဖော်လျက်ရှိပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။