Titan ရေငုပ်သင်္ဘောငယ် ပေါက်ကွဲခဲ့ပြီး လိုက်ပါသွားသူ ၅ ဦးလုံး thayဆုံးပြီလို့ ဆုံးဖြတ်

International News
Titan ရေငုပ်သင်္ဘောငယ် ပေါက်ကွဲခဲ့ပြီး လိုက်ပါသွားသူ ၅ ဦးလုံး thayဆုံးပြီလို့ ဆုံးဖြတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Titan ရေငုပ်သင်္ဘောငယ် ပေါက်ကွဲခဲ့ပြီး လိုက်ပါသွားသူ ၅ ဦးလုံး thayဆုံးပြီလို့ ဆုံးဖြတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Titan ရေငုပ်သင်္ဘောငယ် ပေါက်ကွဲခဲ့ပြီး လိုက်ပါသွားသူ ၅ ဦးလုံး thayဆုံးပြီလို့ ဆုံးဖြတ်

တိုင်တန်းနစ်သင်္ဘောပျက်ကို သွားကြည့်တဲ့ ရေငုပ်သင်္ဘောငယ်ဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူ ၅ ယောက်လုံး thayဆုံးသွားပြီလို့ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က တိုင်တန်းနစ်သင်္ဘောပျက်ရဲ့ သင်္ဘောဦးပိုင်းကနေ ပေ ၁၆၀၀ အကွာမှာ Titan ရေငုပ်သင်္ဘောငယ်ရဲ့ အစိတ်အပိုင်း ၅ ခုကို တွေ့ရှိခဲ့ပါတယ်။ အဝေးထိန်း ရေအောက်ရှာဖွေရေးယာဉ်က ဒီအစိတ်အပိုင်းတွေကို တွေ့ခဲ့တာပါ။

Titan ရေငုပ်သင်္ဘောငယ် အဆက်အသွယ်ပြတ်သွားပြီးနောက်မှာ အမေရိကန်ရေတပ်က ပေါက်ကွဲသံတစ်ခု ကြားလိုက်ရတယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ထံ သတင်းပို့ခဲ့ပါတယ်။ Titan ရေငုပ်သင်္ဘောငယ် ဘာကြောင့် ပေါက်ကွဲသွားတာလဲ၊ ဘယ်အချိန်မှာ ပေါက်ကွဲခဲ့တာလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အပျက်အစီး အပိုင်းအစတွေကို ခွဲခြမ်းစိတ်ဖြာကြည့်မှပဲ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်မှာပါ။

Titan ရေငုပ်သင်္ဘောငယ်ပေါ်မှာ OceanGate ကုမ္ပဏီ (တိုင်တန်းနစ်သင်္ဘောပျက်ကို သွားကြည့်တဲ့ ရေအောက်ခရီးစဉ် စီစဉ်သည့်ကုမ္ပဏီ) စီအီးအို စတော့တန်ရက်ရှ်၊ ဗြိတိန်- ပါကစ္စတန် စီးပွားရေးသမား ရှာဇာဒါဒါဟုဒ်နဲ့ ၁၉ နှစ်အရွယ် သားဖြစ်သူ ဆူလီမန်၊ ဗြိတိန် စီးပွားရေးသမား ဟာမစ်ရှ်ဟာဒင်း၊ ပြင်သစ်ရေတပ်ရဲ့ ရေငုပ်သမားဟောင်းတစ်ဦးဖြစ်တဲ့ နာမည်ကျော် စွန့်စားသွားလာသူ နာဂီယိုလတ်တို့ လိုက်ပါခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...