ဖာဂူဆန် ဝါးပြီးသား ပီကေက မြန်မာငွေ သိန်း ၁ သောင်း တန်တယ်

International News Sports
ဖာဂူဆန် ဝါးပြီးသား ပီကေက မြန်မာငွေ သိန်း ၁ သောင်း တန်တယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖာဂူဆန် ဝါးပြီးသား ပီကေက မြန်မာငွေ သိန်း ၁ သောင်း တန်တယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖာဂူဆန် ဝါးပြီးသား ပီကေက မြန်မာငွေ သိန်း ၁ သောင်း တန်တယ်

မန်ချက်စတာယူနိုက်တက်နည်းပြဘ၀မှာ ဖာဂူဆန်ရဲ့ နောက်ဆုံးပွဲက ဝက်ဘရွန်းနဲ့ပါ။ တဖက်ကို ၅ ဂိုးစီသရေကျခဲ့ပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဖာဂူဆန်က ဝက်ဘရွန်းစ်ရဲ့ လာဘ်ကောင်ရုပ်လေးကို သူ စားသုံးခဲ့တဲ့ ပီကေကို ပရိသတ်တဦးဆီ သွားပို့ပေးဖို့အတွက် ပေးခဲ့ပါတယ်။

ဒီနောက်မှာ ဖာဂူဆန်အနားယူပြီးနောက် အဆိုပါပရိသတ်က သူ ရရှိခဲ့တဲ့ ဖာဂူဆန်ရဲ့ ပီကေကို ebay ကတဆင့် လေလံတင်ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။

သမိုင်းဝင်အမှတ်တရတွေ ဖော်ပြထားတဲ့ ပစ္စည်းစာရင်းမှာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ ဖာဂူဆန်က ပွဲပေါင်း ၁၅၀၀ ကျော် ကိုင်တွယ်ခဲ့ပြီး ဒီ ပီကေ သူ့ရဲ့ နောက်ဆုံးပွဲမှာ စားသုံးခဲ့တဲ့ ပီကေမို့ပါ။

ဒီနောက်မှာ ဒီ ပီကေအတွက် ကမ်းလှမ်းမှုတွေက များပြားလာခဲ့ပြီး တန်ဖိုးကလည်း မြင့်တက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ပေါင် ၃၉၀၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ပီကေရောင်းရငွေအားလုံးကို အဆိုပါပရိသတ်က ကိုယ်ကျိုးအတွက် အသုံးမပြုခဲ့ဘဲ ပရဟိတအဖွဲ့တွေဆီကို ခွဲဝေလှူဒါန်းခဲ့လို့လည်း တကယ်အကျိုးရှိခဲ့တဲ့ လေလံတင်ရောင်းဝယ်မှုတခု ဖြစ်ခဲ့ရပါတော့တယ်။ အခု ငွေတန်ဖိုးနဲ့ဆို ဒါဟာ မြန်မာငွေသိန်းပေါင်း ၁ သောင်းကျော်အထိရှိပါတယ်။

ရေးသားသူ –Manchester United Myanmar Fans – 2

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။