ရှေးဆရာကြီးများ၏ ကောင်းမှု့ယတြာများ

Astrology
ရှေးဆရာကြီးများ၏ ကောင်းမှု့ယတြာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှေးဆရာကြီးများ၏ ကောင်းမှု့ယတြာများဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှေးဆရာကြီးများ၏ ကောင်းမှု့ယတြာများ

“လမ်းဖေါက် ညောင်ထောက်
ဆင်းရဲပျောက် မချွတ်မှန်စွာ ယတြာ။
ရောဂါ ဝေဒနာ ကျရောက်လာ
ထောက်ပါ ညောင်ယတြာ။”

အနာရောဂါ ဝေဒနာများ စွဲကပ်လာလျှင် မည်သည့် နေ့နံသားသမီးမဆို ဘုရားရှင်၏
ပရိဘောဂ စေတီထိုက်သော ဗောဓိညောင်ပင်၌ ညောင်ထောက်ခြင်း၊ ယတြာ အစီအမံတို့ကို ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ရောဂါကင်း အနာရှင်း ချမ်းသာခြင်းတို့ကို ဖြစ်စေသည်ဟု အဟောပြု၍ ညွှန်ပြပါသည်။

ထို့ကြောင့် မကျန်းမာသူတို့သည် ညောင်ထောက်ခြင်း ကုသိုလ်ကောင်းမှု့အား ပြုလုပ်ခြင်းဖြင့် ယတြာပြုပါ။

မိမိ၏ လုပ်စီးပွါးကိုင်စီးပွါး ရပ်တန့်ခြင်း၊အဆင်မပြေ မချောမွေ့လျှင် လမ်းခင်းခြင်း၊ လမ်းပြင်ခြင်း၊ တံတားခင်းခြင်း အများသူငါတို့ လျှောက်ရာ အသုံးပြုရာ လမ်းများ၌ တံမြက်စီးလှည်းကျင်းခြင်း ကောင်းမှု့ယတြာကိုပြုလုပ်ပါ။

“ဆူးငြောင့် ခလုတ် ဖယ်ခွါလုပ် ပြုဖွယ်ကောင်းမှု့ရှာ”ဟူသော ထုံးအရ ဖေါ်ပြပါ ယတြာကို မပြတ် နေ့စဥ် လုပ်ဆောင်ခြင်းဖြင့် မိမိ၏သွားလမ်းသာ လာလမ်းဖြောင့် ရပ်တန့်နေသော စီးပွါးရေးများ ပြန်လည်၍ သက်ဝင် လှုပ်ရှားလာပါလိမ့်မည်။

အိမ်တွင်းသောက ပူပင်ရ ငြိမ်းအောင်အမှု့ အိမ်၌ပြု မချွတ်မှန်စွာ ပြုလုပ်ပါ။ အိမ်၌ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍ မရခြင်း တစ်ဦးမှ ပြောစကားသည် တစ်ဦးမှ အကောင်းမမြင်ခြင်း။ အနှောက်အယှက် အတိုက်အခိုက် ဝင်နေသည်ဟု ခံစားနေရလျှင် အောက်ပါအတိုင်းပြုလုပ်ပါ။

(၁) မိမိ၏ အိမ်၌ ရှိသော ဘုရားရှင်၏ရုပ်
ပွါးတော်ကို ရေသပ္ပါယ်ပါ။

(၂) ရဟန်းတော်တို့ကို ရေလှူပါ။

(၃) အသက်အရွယ်ကြီးသူတို့ကို ရေလှူပါ။
အပူ၏ ဆန့်ကျင်ဖက်သည် အအေးဖြစ်
သဖြင့် အအေးလှူပါ။ အပူဓါတ်ကို
အအေးဓါတ်ဖြင့် ဖျက်ပါ။
အသက်အရွယ်ကြီးသူတို့ကို အခုအခံ
အဖြစ်နှင့် ဖိနပ် လှူပါ။

ဤရေကဲ့သို့ ကြည်လင်ခြင်း၊ အေးမြခြင်းဖြစ်ပါစေဟု ဆုတောင်းပါ။ သစ္စာပြုပါ။
ဖိနပ်လှူရသော ကုသိုလ်ကောင်းမှု့၏ အကျိုးကြောင့် ဘဝခရီး၌ အခုအခံ ရရှိပါစေ။ ဆူးညှောင့်ခလုတ် ကင်းပါစေ။

အတိုက်အခိုက် အနှောက်အယှက်များသည်ဖိနင်းပြီး ဖြစ်ပါစေဟု သစ္စာပြုပါ။
အဆိုးကိုခွါ၍ အကောင်းကိုရှာရာ၌ကုသိုလ်ကောင်းမှု့ကို ဖြစ်စေနိုင်သော ကံကံ၏ အကျိုးကိုရှေးရှုသော ယတြာတို့ကို လုပ်နိုင်သရွေ့ မပြတ်စွာ ထုံစွဲအောင် ပြုလုပ်ပါ။

မိမိထံသို့ ကောင်းကျိုးချမ်းသာများသည်ရောက်ရှိလာပါလိမ့်မည် အလင်းပြ၍ မျှဝေပါသည် ကောင်းမှု့ကုသိုလ်တို့ကို ဖြစ်စေသော ယတြာတို့ကို ယုံကြည်စွာပြုလုပ်ပါ။
ဓမ္မ၏ သဘာဝအတိုင်းသာ ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်မှာ မလွဲပါ။ အခက်အခဲတို့ကို ယတြာပြုလုပ်ပြီး ကျော်ဖြတ်ပါ။ အောင်မြင်မှုဟူသည်ယတြာ၌လည်း စီးဝင်မြဲ ဖြစ်ပါသည်။

ရေးသားသူ –Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...