လိုတရကွမ်းရွက်အစီအရင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လိုတရကွမ်းရွက်အစီအရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
လိုတရကွမ်းရွက်အစီအရင်
အဘမင်းသိင်္ခရဲ့ ယတြာတွေထဲက အရမ်းအစွမ်းထက်
သော ကွမ်းရွက် ယတြာတစ်မျိုးပါ။ကွမ်းရွက်တစ်ရွက် ကို ကြွေပန်းကန်ပြားပေါ်တင်။
ကွမ်းရွက်ကိုအသုံးပြုသောအခါ ကွမ်းရိုးကို မညှပ်ပစ်ရပါ။
ပြီးရင် လက်မနှင့် ထုံးကိုတို့၍ ကွမ်းရွက် အချောဘက်တွင် ပုံပါအတိုင်း ၉ ချက်တို့ပါ။
တို့သည့်အခါတွင် ပါးစပ်မှ လိုက်၍ မိမိဖြစ်ချင်တာကိုရွတ်ဆိုပါ။
မိမိ ရွတ်ဆိုသည်မှာ (စေ) နှင့် ဆုံးရပါမည်။
စကားလုံးက (၉)လုံး ဖြစ်ရပါမယ်။
ဥပမာ
(၁) ဆိုင်~ တစ်~ ဆိုင်~ အ~ မြန်~ ဆုံး~ ရ~ ပါ~ စေ
(၂) အိမ်~ တစ်~ အိမ်~ အ~ မြန်~ ဆုံး~ ရ~ ပါ~ စေ
(၃) ငွေ ~ အ ~ ကြွေး ~ အ ~ မြန်~ဆုံး~ ရ~ ပါ~ စေ
(၄) ငွေ ~များ~များ ~ အ~ မြန်~ဆုံး~ ၀ငျ~ ပါ~ စေ
(၅) ယောက်~ကျား ~အ~မြန်~ဆုံး~ ပြန်~လာ~ ပါ~ စေ
(၆) မိန်း ~မ ~အ ~မြန်~ ဆုံး ~ပြန်~လာ~ပါ~စေ
(၇) ချစ် ~သူ ~အ ~မြန် ~ဆုံး ~ပြန် ~လာ ~ပါ ~စေ
မိမိ ဥာဏ်ရှိသလို စဉ်းစားပြီး မိမိဖြစ်ချင်တာထည့်ပေါ့ဗျာ။
စောနက ထုံးနဲ့တို့ထားတဲ့ အစက်လေးတွေအပေါ်မှာ ထန်းလျက်ခဲ ၉ လုံးကို တစ်စက်ပေါ်တစ်လုံးစီ လိုက်တင်ပါ၊ မိမိ စောနကထုံးတို့တဲ့အခါမှာ ရွတ်ဆိုတဲ့အတိုင်းထပ်ရွတ်ဆိုပြီးတင်ပါ။
ပြီးရင် ထိုကြွေပန်းကန်ကို ယူ၍ ညောင်ပင်ကြီးကြီးသို့ မိမိမွေးနေ့ မနက်စောစော ၆ နာရီ ကနေ ၇ နာရီခွဲအတွင်းသွား၍ ရုက္ခစိုးနတ်မင်းအား လှူ၍ တိုင်တည်ဆုတောင်းပေးပါ။ မကြာခဏပြုလုပ်လှူဒါန်းပေးပါ။
ဒီမှာ ထပ်ကွာတာက အချစ်ရေးအိမ်ထောင်ရေးဆိုရင်ဘယ်ဘက် လက်မကိုသုံးပါ။ ကျန်တဲ့ ကိစ္စကတော့ညာဘက်လက်မကိုသုံးပါ။
အကျိုးပေး မြန်ချင်ရင်တော့ ပဲခူး(သို့) ဖယ်ခုံ မြို့က ပန်းကန်တွေကို သုံးပေးပါ…
ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။