သောကအပူမှန်သမျှသြချယူရမယ့်နည်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သောကအပူမှန်သမျှသြချယူရမယ့်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
သောကအပူမှန်သမျှသြချယူရမယ့်နည်း
လူမှန်သမျှ အပူနဲ့ကင်းသူဟူ၍ မရှိပါဘူး ။အပူအမျိုးအမည်သာ ကွာခြားပါမယ် ။အပူကြီးနဲ့ အပူလေးသာ ကွာခြားရင်ကွာခြားမယ် ။အပူကတော့ အပူပါပဲ ။
သားသမီးအပူ လင်မယားအပူ အကြွေးပူစားဝတ်နေရေးအပူဘာပူညာပူအမျိုးမျိုး ရှိကြပါတယ် ။ဟုတ်ပြီ ။ဘာအပူပဲဖြစ်ဖြစ်စိတ်မညစ်စေဖို့ကျွန်တော်တို့ မြန်မာမှုဗေဒင်ပညာရပ်မှာ ဆရာသခင်ကြီးတွေက ဖြေရှင်းပေးခဲ့ကြပါတယ် ။အောင်မြင်မှုလည်း အလီလီရခဲ့တဲ့နည်းပါ ။
ပညာရပ်စကား ၊ ဗေဒင်စကားနဲ့ ပြောရရင် “ကက်ကင်း”နည်းပေါ့ ။(သောက = ကြက်သွန်)
နည်းက မခက်ပါဘူး ။လွယ်လွယ်ကလေးရယ်ပါ ။
ဒါပေမယ့် ကြုံတွေ့ရင်ဆိုင်နေရတဲ့ သောကအပူမီးကိုတော့ ငြိမ်းအေးသွားစေတာအမှန်ပဲ ။ တနည်းနည်းနဲ့ ကိုယ်ကြုံတွေ့ ရင်ဆိုင်နေရတဲ့အခက်အခဲ ပြေလည်သွားပါလိမ့်မယ် ။ တစ်ခုတော့ သတိပေးလိုက်ပရစေ ။ ဒီနည်းကိုပြုလုပ်နေစဥ် အတောအတွင်းမှာ အမဲသား ၊ ကျွဲသားနဲ့မူးယစ်သေစာတွေကို ရှောင်ကြဥ်ထားသင့်ပါတယ် ။
နည်းကတော့
ပထမဆုံး ဖန်ခွက်ဗြောင်ချော အလတ်တစ်လုံးကိုရှာပါ ။ပြီးရင် အဲဒီဖန်ခွက်ထိပ်ဝနဲ့ ကိုက်ညီမှုအရွယ်ရှိတဲ့ ကြက်သွန်နီဥကြီးတစ်လုံးကို (အမွှေးမျှင်ပါတဲ့ဘက်) အောက်ကထားလို့ ထည့်လိုက်ရပါမယ် ။ကျွံကျ မသွားစေရပါဘူး ။
ထည့်ပြီးပြီဆိုရင် ကြက်သွန်နီဥကြီးရဲ့ထိပ်ဘက် ၊ အပေါ်ဘက်ကနေ အမွေးတိုင်(၂)တိုင်ထိုးစိုက် ထွန်းညှိှပေးပါ ။ ဘုရားကျောင်းဆောင်အောက်နားမှာ ခုံငယ်ကလေးတစ်လုံးချပြီး လုပ်ရင် ပိုလို့အဆင်ပြေပါမယ် ။ လုပ်ရမယ့်အကြိမ်အရေအတွက်က (၉)ရက်ပါ ။ မနက် ၊ ည(၂)ကြိမ်ထွန်းပေးပါ ။
ထွန်းနေစဥ်မှာကိုယ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ သောကအပူငြိမ်းအေးစေဖို့ လေးနက်စွာ ဆုတောင်းရပါမယ် ။ အခက်အခဲအကြီး ၊ အသေးပေါ်မူတည်လို့ (၉)ရက်ထက်လည်း ပိုကြာတတ်တာမို့ မအောင်မမြင်ချင်း နေ့စဥ်လုပ်ပေးပါ ။ တစ်ကြိမ်လုပ်ရင် အကြောင်းအရာ ကိစ္စတစ်ခုထည်းကိုသာ လုပ်ရပါမယ် ။ အကြောင်းကိစ္စမျိုးစုံ တစ်ပြိုင်ထည်း မလုပ်သင့်ပါဘူး ။
ရေးသားသူ – သာထက်ဇော်မကွေး
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။