အကျပ်အတည်းကိစ္စမှန်သမျှအောင်မြင်စေရန်

Astrology
အကျပ်အတည်းကိစ္စမှန်သမျှအောင်မြင်စေရန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကျပ်အတည်းကိစ္စမှန်သမျှအောင်မြင်စေရန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကျပ်အတည်းကိစ္စမှန်သမျှအောင်မြင်စေရန်

မိမိရဲ့ ကုန်ပစ္စည်းကို လက်ငင်းရောင်းချခြင်းမဟုတ်ပဲ လဆိုင်းရောင်းချသူများ ၊ငွေချေးသူများ ၊ကာလရှည် ငွေကို ရင်းနှီးမြှပ်နှံထားပြီးမှ ငွေမပေါ်ပဲ အကြောင်းကြောင်းကြောင့် ငွေကြပ်နေသူများ မည်သည့် အကျပ်အတည်းကိစ္စမှန်သမျှအတွက်မဆို အောက်ပါယတြာကို ယုံကြည်စွာဖြင့် ပြုလုပ်ဆောင်ရွက်နိုင်ကြပါသည်။

ယတြာများအားလုံးကို မိမိအိမ်ဘုရားကျောင်းစောင်တွင် ပြုလုပ် ဆောင်ရွက်နိုင်ပါသည်။

(၁)မိမိအိမ်ဘုရားတွင် မုန့်လုံးရေပေါ် ၁၈လုံးကို ၉ရက်ဆက်တိုက် ကပ်လှုပေးပါ။

(၂)ရှင်သီဝလိ ဂါထာတော်ကို တနေ့၃၆ခေါက်ရွတ်ဆိုပါ။ ထို့နောက် အရဟံ ကို ပုတီးတလုံးချ ၉ပတ်စိတ်ပေးပါ။

(၃) ၁+၂ ယတြာများပြုလုပ်ပြီးနောက် ညှပ်ခေါက်ဆွဲ တစ်ပွဲကို တူဖြင့်သုတ်လိုက်ပါ။ ထိုညှပ်ခေါက်ဆွဲ ကို တူဖြင့်ညှပ်ပြီး မိမိဆိုင်ရှိဘုရားတွင် ၅ရက်တိတိကပ်လှုပေးပါ။
ဆုံးရှုံးမလိုဖြစ်သော ငွေကြေးများ အမြန်ပြန်လည် ရရှိခြင်း၊မြှုပ်နေသော ပစ္စည်းငွေများ အမြန်ပြန်လည် ရရှိခြင်း ၊အတိုက်အခိုက်ကင်းစင်ပြီး လာဘ်လာဘများလည်း ရွှင်လန်းလာပါလိမ့်မည်။စမတစ်ထောင် ဆရာတော်ကြီး၏ ယတြာနည်းကောင်းတစ်ခုဖြစ်ပါသည်။

သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို အစဉ်ဦးညွှတ်ကန်တော့လျက်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...