အိမ်ထောင်ရေးလမ်းကြောင်းများ အပိုင်း(၁)

Astrology
အိမ်ထောင်ရေးလမ်းကြောင်းများ အပိုင်း(၁)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်ရေးလမ်းကြောင်းများ အပိုင်း(၁) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေးလမ်းကြောင်းများ အပိုင်း(၁)

အိမ်ထောင်ရေးလမ်းကြောင်းများ တည်ဆောက်ပုံ များစွာရှိသည့်အနက် အပိုင်း ၃ ပိုင်းခွဲ၍ တင်ပြပေးပါမည်။ ယခု -အပိုင်း-၁ အဖြစ် ရေးသားပေးပါမည်။

A. အမှတ်အသား အိမ်ထောင်ရေးလမ်းသည် အိမ်ထောင် ရေးမျဥ်း နှလုံးလမ်းရှိရာသို့ ကွေးပြီး နှလုံးမျဥ်းနှင့် ထိတွေ့နေသည့် အိမ်ထောင်ရေးမျဥ်း ဖြစ်ပေသည်။ ထိုသို့သော အိမ်ထောင်ရေးမျဥ်း ပိုင်ရှင်များသည်
၁။ အိမ်ထောင်ဖက် သည် မိမိထက် စောစွာ ဆုံးပါးရခြင်း ။
၂။ အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြတ်စဲရခြင်းကို ဖြစ်ပေါ်စေသည့် အိမ်ထောင်ရေးလမ်းဖြစ်ပေသည်။

B. အမှတ်အသား အိမ်ထောင်ရေးလမ်းမျဥ်းသည် အခွ သဏ္ဍန်ဖြင့် တည်နေခြင်းဖြစ်ပေသည်။ ထိုသို့သော အဆုံး၌ အခွသဏ္ဍန်ဖြင့် တည်နေသော အိမ်ထောင်ရေးမျဥ်းတို့သည်
၁။ ပုံမှန်အခွဖြစ်ပေါ်နေပါက အိမ်ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦး တစ်ယောက် တစ်နေရာဆီ ခွဲခွာနေထိုင် နေရခြင်း။
၂။ အကယ်၍ အခွသဏ္ဍန်မှ အခွဲတစ်ခုသည် နှလုံးလမ်းဆီသို့ ကွေးနေပါက ကွာရှင်းပြတ်စဲရခြင်း၊
၃။ အခြားအရေးပါးသော နေရာတို့ ပုံမှန် မရှိပါက တရားမဝင် ထပ်မံထားရှိခြင်း။
၄။ အမြဲလိုလို လမ်းခွဲမည့်စကားများ ပြောနေရခြင်း

C. အမှတ်သား အိမ်ထောင်ရေးမျဥ်းသည် လွန်စွာဆင်းလာပြီး အောက်အင်္ဂါဂြိုလ်ခုံသို့တိုင် ရောက်ရှိနေပါက
၁။ ဘယ်ဖက်လက်တစ်ခုတည်းတွင်ဖြစ်ပေါ်နေပါက အိမ်ထောင်ဖက်နှင့် အဆင်ပြေမှုအားနည်း၍ ကွာရှင်းရန် ပြင်ဆင်ခြင်း။
၂။ အိမ်ထောင်ဖက်ကြောင့် ဘေးအန္တရာယ် ထိခိုက်မှု ဖြစ်ရခြင်း။
၃။ နှစ်ဖက်လုံးတွင် ထိုကဲ့သို့ဖြစ်နေသော် အိမ်ထောင် ရေး ကွာရှင်းပြတ်ဆဲရခြင်း။

D. အမှတ်အသားဖြစ်သော နှလုံးလိုင်းမျဥ်းသည် အိမ်ထောင်ရေးမျဥ်းသည် အပေါ်သို့ ကော့နေသော်
၁။ အိမ်ထောင်မပြုပဲ နေရခြင်း။
၂။ နဖူးစာရွာလည်၍ အိမ်ထောင်ပြုရသော် အပျိုကြီး၊ လူပျိုကြီးသဏ္ဍန်ကိုသာ ပြန်လည်ဖြစ်တည်စေရခြင်း။

E.အမှတ်အသား အိမ်ထောင်ရေးမျဥ်းသည် အောင်မြင် ရေးလမ်းနှင့် သွားရောက်ထိတွေ့နေလျှင်
၁။ ဂုဏ်ပြည့်စုံသော အိမ်ထောင်ဖက်နှင့် လက်ထပ်ရပြီး မိမိဘဝ တိုးတက်ပြည့်စုံရခြင်း။
၂။ အိမ်ထောင်ပြုပြီးမှ ငွေကြေး၊ ဂုဏ်တို့ ပြည့်စုံ ကောင်းမွန်လာခြင်း။

F.အမှတ်သား အိမ်ထောင်ရေးမျဥ်းသည် အဆုံး၌ ကျွန်း သဏ္ဍန်ဖြင့် တည်ရှိနေသည်။
ထိုသို့သော လက်ပိုင်ရှင်တို့ သည်
၁။ အိမ်ထောင်ရေး၌ အလွန်ပင် စိတ်စဥ်းရဲမှုများ ဖြစ်တည်ရခြင်း။
၂။ အိမ်ထောင်ရေး စိတ်စဥ်းရဲစေဖို့ အကြောင်း တရား များ ဖြစ်တည်လာခြင်း တို့ကို ဖြစ်စေတတ်ပါသည်။

၁.၂.၃ စသဖြင့် ဖော်ပြရခြင်းမှာ အိမ်ထောင်ရေးမျဥ်း တည်ရှိပုံအလိုက် ကွာခြားမှု ရှိနိုင်ပေသည်။ တစ်ဖန် အိမ်ထောင်ရေးစိတ်စဥ်းရဲစေသော လမ်းကြောင်းများ ဖြစ်ပေါ်နေလျှင် အိမ်ထောင်ရေး၌ ကွာရှင်းပြတ်ဆဲစေမည်။ စသဖြင့် ဖြစ်ပေါ်တတ်သဖြင့် အချက်များခွဲ၍ ရေးသားပေး ခြင်း ဖြစ်ပေသည်။ ထပ်မံပြီး နောက်ပိုင်း အိမ်ထောင်ရေး မျဥ်းတို့၌ ကွဲကွာပြီး ပြန်လည်ပေါင်းရခြင်း၊ ဒုတိယ အိမ်ထောင်ရေးဖြစ်ပေါ်ခြင်းတို့ကို ဆက်လက်ရေးသားပေးပါအုံးမည်။

ရေးသားသူ -Zar Ni Soe B.A(Eng) လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...