ဘယ်အသက်အရွယ်မှာချမ်းသာကြွယ်၀နိုင်သလဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘယ်အသက်အရွယ်မှာချမ်းသာကြွယ်၀နိုင်သလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဘယ်အသက်အရွယ်မှာချမ်းသာကြွယ်၀နိုင်သလဲ
အခုတခါမှာတော့ ကိုယ်ရဲ့ဘယ်အသက်အရွယ်မှာ ချမ်းသာနိုင်မလဲ ၊ ငွေကြေးဥစ္စာပြည့်စုံနိုင်မလဲ၊ ဘယ်အချိန်ကာလမှာ အလုပ်အကိုင် နဲ့ စီးပွားရေးတွေ အဆင်ပြေလာနိုင်မလဲ ဆိုတာတွေကို (၇)အလီ ၊ (၈)အလီ ၊ (၉)အလီရရုံလေးနဲ့ ဘယ်သူမဆို တွက်ကြည့်လို့ရတဲ့ ဗေဒင်တွက်ကိန်းတစ်ခုကိုပြောပြပေးလိုက်ပါတယ်။ #မှတ်ချက် ။ ။ ဂဏန်းပေါင်းစက်များနဲ့ တွက်ပါက လုံး၀ အဖြေ မရနိုင်ပါ ။
ဒီတွက်ကိန်းဟာ လွယ်ပေမယ့် မှန်ကန်တဲ့ ရှေးဟောင်းဗေဒင်တွက်ကိန်း တစ်ခုဖြစ်ပါတယ်။ အပြည့်အဝကြီး မှန်ကန်တယ်လို့တော့ မဆိုလိုပါ
ဘူး။ {၇၀} ရာခိုင်နှုန်းတော့ မှန်ကန်မှု ရှိပါလိမ့်မယ်။ တစ်ခုရိှတာက ဘယ်လိုပဲ ချမ်းသာကိန်းရှိရှိ ၊ ဆင်းရဲကိန်းရှိရှိ မိမိရဲ့လက်ရှိပဉ္စက္ခတ်ကံကိုဆန့်ကျင်ပြီး ပြုမူနေထိုင်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ရရှိကြမှာပါ။ အမှန်တကယ်ဆို အခုတွက်ကိန်းက “အတိတ်ကံ” ကို တွက်ကြည့်တဲ့ နည်းတစ်နည်းလို့ ဆိုရပါလိမ့်မယ်။
တွက်နည်းကတော့ …
သိလိုသူရဲ့ မြန်မာမွေးခုနှစ်ကို (၃)ကြိမ် ခွဲရေးပြီးတည်ကိန်းပြုထားပါ။
ပြီးရင် ပထမ
ခုနှစ်ကို(၇)နဲ့ ÷ ပါ ။ အကြွင်း (၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် ပထမအရွယ်မှာ ချမ်းသာကြွယ်၀ကိန်းရှိနေပါတယ်။
ဒုတိယခုနှစ်ကို (၈)နဲ့ ÷ ပါ။ အကြွင်း
(၁၊ ၃ ၊ ၀ ၊ ၈)ကြွင်းရင် ဒုတိယအရွယ်မှာ ချမ်းသာကြွယ်၀ကိန်းရှိနေပါတယ်။
တတိယခုနှစ်ကိုတော့ (၉)နဲ့ ÷ ပါ။ အကြွင်း (၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် တတိယအရွယ်မှာ ချမ်းသာကြွယ်၀ကိန်းရှိနေပါတယ်။
အရွယ်သုံးပါးဆိုတာ
၁။ မွေးစအရွယ်ကနေ အသက်(၁၆)နှစ်အထိ (ပထမ)အရွယ်ဖြစ်ပါတယ်။
၂။ အသက်(၁၇)နှစ်ကနေ (၄၅)နှစ်အထိ(ဒုတိယ)အရွယ်ဖြစ်ပါတယ်။
၃။ အသက်(၄၆)နှစ်ရဲ့နောက်ပိုင်းကတော့ (တတိယ)အရွယ်ဖြစ်ပါတယ်။
ဟောကိန်းများ။
၁။ ကိုယ့်ရဲ့မြန်မာမွေးခုနှစ်ကိုတည်ပြီး (၇)နဲ့ ÷ လို့( ၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် ပထမအရွယ်မှာကောင်းစားပါမယ် ။ မိဘရဲ့ကူညီပံ့ပိုးမှုတွေ ၊ ဂရုစိုက်မှုတွေကို ရရှိပါမယ်။ ကိုယ်ဝတ်ချင်တဲ့အဝတ်အစားကို မကြာခနဝတ်ဆင်ရတတ်ပါတယ်။ ကျောင်းတက်ရတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ရတတ်ပါတယ်။ စိတ်တူကိုယ်တူသူငယ်ချင်းတွေလည်း ရရှိနိုင်ပါတယ် ။ လိုအင်ဆန္ဒတွေ ထိုက်သင့်သလောက် ပြည့်ဝပါမယ် ။
၂ ။ ကိုယ့်ရဲ့မြန်မာမွေးခုနှစ်ကိုတည်ပြီး(၈)နဲ့ ÷ လို့(၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် ဒုတိယအရွယ်မှာကောင်းစားပါမယ်။ ငွေကြေး စီးပွားရေးအလုပ်
အကိုင်တွေ အဆင်ပြေ အောင်မြင်နိုင်ပါတယ်။ကိုယ့်အပေါ် နားလည်မှုထားပြီး ချစ်ပေးနိုင်မယ့် ချစ်သူရည်းစားလည်း ရနိုင်ပါတယ် ။ ရည်မှန်း
ထားတဲ့ အလုပ်တွေ ထိုက်သင့်သလောက်အောင်မြင်အကျိုးပေးပါမယ်။ မိတ်ဆွေသူငယ်ချင်း အပေါင်းသင်းတွေကြားမှာနာမည်ကောင်းရတတ်ပါတယ်။
၃။ ကိုယ့်ရဲ့မြန်မာမွေးခုနှစ်ကိုတည်ပြီး(၉)နဲ့ ÷ လို့( ၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် တတိယအရွယ်မှာကောင်းစားပါမယ်။ ဘုရား ၊ တရား အလုပ်၊ဘာသာရေး အလုပ်တွေကို လုပ်ကိုင်နိုင်ပါမယ်။ ကိုယ့်ရဲ့ သားသမီးမြေးမြစ်တွေရဲ့သိတတ်စာနာမှု၊ဂရုစိုက်မှုတွေကိုလည်း ရရှိတတ်ပါတယ်စားဝတ်နေရေးအတွက် သိပ်ပြီးပူစရာမလိုပဲ နေရတတ်ပါတယ်။ တနည်းအားဖြင့် အိုဇာတာ
ကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဥပမာ ။ ။ (၁၃၃၁)ခုနှစ်မှာ မွေးတဲ့ သူတစ်ယောက်ကို တွက်ကြည့်ကြရအောင်ဗျာ။
အဲဒီသူဟာ (ပထမ)အရွယ် (၁)ကြွင်း ၊ (ဒုတိယ)အရွယ် (၃)ကြွင်း ၊ (တတိယအရွယ်) (၈)ကြွင်းတာကြောင့်မို့ အရွယ်သုံးပါးစလုံး ချမ်းသာကြွယ်၀ကိန်း ရှိနေပါတယ် ။ ဒါပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင်ကပါ ကံ ၊ ဉာဏ် ၊ ၀ီရိယ ၊ ဇွဲ ၊ လုံ့လ ၅ ဌာနလုံး ညီညွတ်အောင် ကျင့်ကြံနေထိုင်နိုင်မှသာ အကျိုးပေး ခံစားရပါမယ်။
နောက်ပြီး…ချမ်းသာ ကြွယ်၀တယ်ဆိုတာကလည်း နှစ်ပေါင်းများစွာ ဆက်တိုက်ကြီး ကောင်းစားမယ်လို့ မဟုတ်ပါဘူး။ ၄ ၊ ၅နှစ် ဆက်တိုက်ဆိုသလိုမျိုး ကောင်းစားနိုင်မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ ဘယ်သူမျှ ရှောင်လွှဲငြင်းဆန်လို့မရတဲ့ လောကဓံ(၈)ပါးဆိုတာလည်း အရှိမဟုတ်ပါလား ။ သက်ဆိုင်ရာ ခုနစ်ရက်သားသမီးရဲ့ ဇာတာအသီးသီးအလိုက် ကံညံ့တဲ့ နှစ်ပိုင်းတွေမှာတော့ အနည်းငယ် အခက်ခဲတွေ ၊ မပြေလည်နိုင်တာတွေကြုံတွေ့ ရင်ဆိုင်ရမှာပါပဲ။
ဤကား ရှေးဟောင်း ဗေဒင်ကျမ်း အလိုတည်း။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။