မွေးစားမိဘတွေကြောင့်ခြေထောက်ကျိုးသွားခဲ့တဲ့ သမီးလေးကို အကောင်းပကတိဖြစ်အောင်ကုသပြုပြင်ပေးနိုင်ခဲ့တဲ့ ခိုင်နှင်းဝေ

Celebrity Local News
မွေးစားမိဘတွေကြောင့်ခြေထောက်ကျိုးသွားခဲ့တဲ့ သမီးလေးကို အကောင်းပကတိဖြစ်အောင်ကုသပြုပြင်ပေးနိုင်ခဲ့တဲ့ ခိုင်နှင်းဝေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မွေးစားမိဘတွေကြောင့်ခြေထောက်ကျိုးသွားခဲ့တဲ့ သမီးလေးကို အကောင်းပကတိဖြစ်အောင်ကုသပြုပြင်ပေးနိုင်ခဲ့တဲ့ ခိုင်နှင်းဝေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မွေးစားမိဘတွေကြောင့်ခြေထောက်ကျိုးသွားခဲ့တဲ့ သမီးလေးကို အကောင်းပကတိဖြစ်အောင်ကုသပြုပြင်ပေးနိုင်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ… သရုပ်ဆောင်ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတ အလုပ်တွေကို လုပ်ကိုင်ရင်း တစ်နိုင်ငံလုံးက ပရိသတ် တွေရဲ့ မေတ္တာကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသလို အထူးသဖြင့် မိဘတွေနဲ့ ခွဲခွာရတဲ့ ကလေးငယ်တွေကို စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဟာ ကလေး ငယ်ပေါင်းများစွာကို မိခင်ရင်းတစ်ယောက်သဖွယ် ပြုစု၊စောင့်ရှောက်ထားတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေက ဧပြီလက မွေးစားထားတဲ့ အခြားသောမွေးစားမိဘတွေရဲ့ နှိ ပ်- စ က်မှုကြောင့် ခြေထောက်ကျိုးသွားခဲ့တဲ့ သမီးလေးကို ခွဲစိတ်ကုသမှု တွေပြုလုပ်ပေးခဲ့ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေ အဆိုပါ သမီးလေးရဲ့ ကောင်းမွန်လာတဲ့ ခြေထောက် အခြေအနေနဲ့ လူကောင်းပကတိတစ်ယောက်လို လမ်းလျှောက်နေနိုင်တဲ့ အခြေအနေကို ပြသလာခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ သူမက ခေါ်ယူမွေးစားပြီး စောင့်ရှောက်ပေးတဲ့ သမီးလေးကို လူကောင်းပကတိ ဖြစ်သွားအောင် ဆေးကုသမှုပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါ တယ်။ ခိုင်နှင်းဝေဆီ ရောက်လာတဲ့ ကလေးတိုင်း ကတော့ မိခင်ရင်းလို မေတ္တာပေးနိုင်တဲ့ ခိုင်နှင်းဝေဆီ ရောက်ရှိတာ အဆိုးတွေကြားထဲက ကံကောင်းမှုတစ်ခု လို့ ဆိုရမှာပါပဲနော်။

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...