ရုပ်ရှင်ရိုက်ကူးမှုတွေကနေအနားယူဖို့ Tom Cruise မှာ အစီအစဉ်မရှိ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ရုပ်ရှင်ရိုက်ကူးမှုတွေကနေအနားယူဖို့ ရုပ်ရှင်ရိုက်ကူးမှုတွေကနေအနားယူဖို့ Tom Cruise မှာ အစီအစဉ်မရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကူးမှုတွေကနေအနားယူဖို့ Tom Cruise မှာ အစီအစဉ်မရှိ
ဟောလိဝုဒ်ရဲ့နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Tom Cruise ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ အသက် ၆၁ နှစ်ပြည့်ပြီဖြစ်သလို ၎င်းရဲ့ Mission: Impossible – Dead Reckoning Part One ဟာလည်း လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
သြစတေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Mission: Impossible – Dead Reckoning Part One ရဲ့ ပွဲကြိုပြသပွဲမှာ သြစတေးလျအခြေစိုက် The Sydney Herald သတင်းစာက Tom Cruise ကို အနာဂတ်မှာ အနုပညာလုပ်ငန်းတွေကနေအနားယူဖို့အစီအစဥ်ရှိမရှိမေးခဲ့ပါတယ်။ Tom Cruise ကတော့ ၎င်းဟာ ဝါရင့်သရုပ်ဆောင် Harrison Ford လိုမျိုး ရုပ်ရှင်တွေဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး အနားယူဖို့အစီအစဥ်မရှိသေးကြောင်း အခုလိုပြောလာပါတယ်။
“Harrison Ford ဆိုတာ နာမည်ကြီးပဲလေ။ ကျွန်တော် အဲဒီအရွယ်အထိအသက်ရှင်ခွင့်ရဖို့တော့မျှော်လင့်တယ်။ သူ့ကိုအမှီလိုက်နိုင်အောင် အနှစ် ၂၀ လောက် ကြိုးစားခဲ့ရတယ်။ သူ့အရွယ်ရောက်တဲ့အထိ Mission Impossibe တွေ ဆက်ရိုက်ချင်တယ်။”
Tom Cruise ရဲ့ Mission Impossibe ရုပ်ရှင်တွေက စတန့်အက်ရှင်ခန်းတွေမှာ Tom Cruise ဟာ လူစားမထိုးပဲ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် Mission Impossibe တွေဟာ လူကြိုက်များတဲ့ရုပ်ရှင်တွေဖြစ်လာတာပါ။ အဲဒီလိုသက်စွန့်ဆံဖျားစတန့်အက်ရှင်ခန်းတွေကို ကိုယ်တိုင်သရုပ်ဆောင်ပြတဲ့အတွက် Tom Cruise ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ Tom Cruise ကို ပိုမိုသဘောကျကြသလို စတန့်ခန်းတွေပြုလုပ်ရင်း မတော်တဆမှုဖြစ်မှာကိုလည်း အလွန်စိတ်ပူနေကြပါတယ်။
သရုပ်ဆောင် Harrison Ford ဟာ အသက် ၈၀ ရှိပြီဖြစ်ပေမယ့်လည်း အနုပညာအလုပ်တွေကနေ အနားမယူပဲ ရုပ်ရှင်တွေဆက်လက်ရိုက်ကူးနေဆဲဖြစ်ပါတယ်။ လက်ရှိမှာ Harrison Ford ရဲ့ Indiana Jones and the Dial of Destiny ဟာ ရုံတင်ပြသနေပါတယ်။
Mission: Impossible – Dead Reckoning Part One ဟာ ရုံတင်ပြသခြင်းမရှိပေမယ့်လည်း Rotten Tomatoes ရဲ့ Tomatometer မှာ ရဗျူးပေါင်း ၁၀၇ ခုနဲ့ ၉၈ ရာခိုင်နှုန်းအထိ ရရှိနေပါတယ်။
ရေးသားသူ –Myanmar Varient Entertainment
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။