မင်းသား လီဂျွန်ဟိုနဲ့ မင်းသမီး ယွန်နာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းမဟုတ်ကြောင်း ငြင်းဆို

Celebrity International News
မင်းသား လီဂျွန်ဟိုနဲ့ မင်းသမီး ယွန်နာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းမဟုတ်ကြောင်း ငြင်းဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းသား လီဂျွန်ဟိုနဲ့ မင်းသမီး ယွန်နာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းမဟုတ်ကြောင်း ငြင်းဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်းသား လီဂျွန်ဟိုနဲ့ မင်းသမီး ယွန်နာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းမဟုတ်ကြောင်း ငြင်းဆို

လက်ရှိ မြန်မာပရိသတ်တွေကြား ရေပန်းစားနေတဲ့ “King the Land” ဇာတ်လမ်းတွဲထဲက မင်းသား လီဂျွန်ဟိုနဲ့ မင်းသမီးယွန်နာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းဟာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ ထွက်ရှိလာခဲ့တာပါ။ “King the Land” ဇာတ်လမ်းတွဲမရိုက်ကူးခင်ကတည်းက သူတို့နှစ်ဦးတွဲခဲ့ကြတာဖြစ်တယ်။ သူတို့နှစ်ဦး ချစ်သူတွေဖြစ်တာကြောင့် “King the Land” ဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ခဲ့ကြတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ဒီသတင်းက ကောလဟာလသတင်းဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးလုံးရဲ့အေဂျင်စီက ဒီသတင်းမမှန်ကြောင်း ငြင်းဆိုလိုက်တာပါ။ ဒီသတင်းထွက်ရှိတာနဲ့ပတ်သက်ပြီး ယွန်နာရဲ့အေဂျင်စီ SM Entertainment က “သူတို့နှစ်ဦးက ရင်းနှီးရုံပါပဲ။ တွဲနေကြတယ်ဆိုတဲ့ ကောလဟာလက မမှန်ပါဘူး”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ လီဂျွန်ဟိုရဲ့အေဂျင်စီ JYP Entertainment ကလည်း “သူတို့နှစ်ဦး ရင်းနှီးတာပါ။ လီဂျွန်ဟိုကို ဒါနဲ့ပတ်သက်ပြီး စစ်ဆေးကြည့်တော့ တွဲနေကြတဲ့ကောလဟာလက အခြေအမြစ်မရှိပါဘူး”လို့ အလားတူတုံ့ပြန်ခဲ့ပါတယ်။

မင်းသား လီဂျွန်ဟိုနဲ့ မင်းသမီး ယွန်နာတို့နှစ်ဦးလုံးက သရုပ်ဆောင်တွေအပြင် အဆိုတော်တွေလည်းဖြစ်ပါတယ်။ ယွန်နာက Girls’ Generation အဖွဲ့ဝင်အဖြစ် ၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီးလီဂျွန်ဟိုကတော့ 2PM အဖွဲ့ဝင်အဖြစ် ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာပါ။ သူတို့နှစ်ဦးလုံးက သရုပ်ဆောင်အနေနဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေနဲ့ လူသိများပြီးသားသူတွေပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...