မင်္ဂလာသက်တမ်း ၂ နှစ်အကြာမှာ ခင်ပွန်းဖြစ်သူ နဲ့ ကွာရှင်းပြတ်စဲလိုက်တဲ့ အာရီယာနာ ဂရန်ဒီ

Celebrity International News
မင်္ဂလာသက်တမ်း ၂ နှစ်အကြာမှာ ခင်ပွန်းဖြစ်သူ နဲ့ ကွာရှင်းပြတ်စဲလိုက်တဲ့ အာရီယာနာ ဂရန်ဒီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာသက်တမ်း ၂ နှစ်အကြာမှာ ခင်ပွန်းဖြစ်သူ နဲ့ ကွာရှင်းပြတ်စဲလိုက်တဲ့ အာရီယာနာ ဂရန်ဒီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်္ဂလာသက်တမ်း ၂ နှစ်အကြာမှာ ခင်ပွန်းဖြစ်သူ နဲ့ ကွာရှင်းပြတ်စဲလိုက်တဲ့ အာရီယာနာ ဂရန်ဒီ

အဆိုတော် အာရီယာနာ ဂရန်ဒီဟာ သူ့ခင်ပွန်းဖြစ်သူ ဒယ်လ်တန် ဂိုမက်ဇ်နဲ့ ကွာရှင်းပြတ်စဲလိုက်ကြပြီလို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သူတို့ ၂ ဦးနဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ်အရ အာရီယာနာတို့ဟာ ဇန်နဝါရီ ကတည်းက ပြတ်စဲခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ အခင်အမင်မပျက်ဘဲ နေကြတုန်းပါပဲလို့ သိရပါတယ်။ “သူတို့အတူတူ ဆုံးဖြတ်ချက်ချဖို့ဖြစ်လာခဲ့တယ်။ ဇန်နဝါရီမတိုင်ခင်က ပြဿနာတွေ ရှိနေခဲ့တယ်။ ဒါပေမဲ့ အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် ဆက်ရှိနေစေချင်ကြပါတယ်”လို့ အတွင်းလူတစ်ဦးက ဆိုပါတယ်။

ဒယ်လ်တန်က သူတို့ရဲ့ဆက်ဆံရေးကို မပြတ်စဲချင်လို့ ကြိုးစားတဲ့အနေနဲ့ လန်ဒန်က ဂရန်ဒီရဲ့ Wicked သီချင်း ရိုက်ကွင်းဆီ အလည်သွားခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

အာရီယာနာ ဂရန်ဒီနဲ့ ဒယ်လ်တန် ဂိုမက်ဇ်တို့ဟာ ၂၀၂၀ ဇန်နဝါရီမှာ တွဲခဲ့ကြပြီး ၂၀၂၀ ဒီဇင်ဘာ ၂၀ မှာ စေ့စပ်ခဲ့ကြကာ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...