ဓမ္မတာလာချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သင့်လား

Health
ဓမ္မတာလာချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သင့်လား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဓမ္မတာလာချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သင့်လား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဓမ္မတာလာချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သင့်လား

အရိုးသားဆုံးပြောရရင် ဓမ္မတာလာချိန်ဆို မိန်းကလေးတော်တော်များများ စိတ်ညစ်ကြရပါတယ်။ ဗိုက်မကောင်းတာ၊ လေအောင့်တာ၊ မအီမသာဖြစ်တာ၊ ဗိုက်အောင့်၊ ခေါင်းကိုက်တာတွေ ကြုံတွေ့ရတာကြောင့်ပါပဲ။

အဲဒီအချိန်မျိုးမှာ ဘာအလုပ်မှမလုပ်ချင်ဘဲ အိပ်ရာထဲမှာနေပြီး ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်နေချင်ကြတာပါ။ တချို့မိန်းကလေးတွေကဓမ္မတာလာချိန်ဆို Gym မသွားချင်ကြတော့ပါဘူး။ တကယ်တော့ ရာသီလာချိန်မှာ တစ်နေ့တာကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာကနေ မနားပစ်သင့်ပါဘူး။

ရုပ်ပိုင်းဆိုင်ရာအရ တက်တက်ကြွကြွနေတာက ဓမ္မတာလာချိန်ဖြစ်တတ်တဲ့ လက္ခဏာရပ်တွေကို လျော့ချပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ ဓမ္မတာလာချိန်မှာ အားစိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေမလုပ်ဘဲ ပေါ့ပေါ့ပါးလုပ်ဆောင်လို့ရတဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။

ဓမ္မတာမလာခင်

ဓမ္မတာမလာခင် တစ်ပတ်ကြိုပြီး လက္ခဏာရပ်တွေပြပါတယ်။ အမျိုးသမီးတွေက ပိုပြီးပင်ပန်းတာ၊ စိတ်မကြည်တာမျိုးတွေပိုဖြစ်ပြီး gym သွားဖို့တောင် ခွန်အားစုစည်းဖို့ တကယ်ကို ခက်ခဲကြပါတယ်။ အဲဒီအချိန်မျိုးမှာ လေ့ကျင့်ခန်းလုပ်တာကို မရပ်ပစ်ဘဲ ဖြည်းဖြည်းချင်းလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်လုပ်ဆောင်ကြည့်သင့်ပါတယ်။

ဓမ္မတာလာချိန်

ဓမ္မတာလာချိန်မှာ မိမိလုပ်ဆောင်တဲ့ ဘယ်အရာကိုမဆို ရပ်မပစ်သင့်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ လှုပ်လှုပ်ရှားရှားနေပေးပါ။ ဓမ္မတာလာချိန်ဖြစ်တတ်တဲ့ လက္ခဏာရပ်တွေလည်း လျော့ပါးသွားတာကို ခံစားမိပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်ကို အရမ်းကြီးအားစိုက်စရာမလိုတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို လုပ်ဆောင်ကြည့်ပါ။

ဓမ္မတာလာချိန် ရှောင်ရှားရမယ့် လေ့ကျင့်ခန်းများ

ဓမ္မတာလာတဲ့အခါ ဝမ်းဗိုက်လေ့ကျင့်ခန်းတွေ မလုပ်ဆောင်ပါနဲ့။ ဒီလေ့ကျင့်ခန်းက သင့်ဝမ်းဗိုက်ကို ဖိအားနှစ်ဆလောက်ထည့်ပြီး လုပ်ဆောင်ရတဲ့အတွက် အဆင်မပြေနိုင်ပါဘူး။ အားစိုက်စရာမလိုတဲ့ အခြားလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

ဓမ္မတာလာချိန် လုပ်ဆောင်သင့်တဲ့လေ့ကျင့်ခန်းများ
လမ်းလျှောက်တာ (သို့) ပြေးတာ

လမ်းလျှောက်တာက အားစိုက်မထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပါပဲ။ လေးလံတဲ့အရာတွေ ဘာတစ်ခုမှမလုပ်ချင်ဘူးဆိုရင် အပြင်ထွက်ပြီး လမ်းနည်းနည်းလျှောက်ကြည့်ပါ။ ဒါက သင့်စိတ်ကို ကြည်လင်စေပြီး ကယ်လိုရီတချို့ကိုလည်း လောင်ကျွမ်းစေပါလိမ့်မယ်။ ဓမ္မတာလာချိန်နာကျင်မှုတွေမရှိဘူးဆိုရင် အပြေးလေ့ကျင့်ခန်းလည်းလုပ်လို့ရပါတယ်။

Pilates လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက ကြွက်သားကို အဓိကထားပြီးလုပ်ဆောင်တာဖြစ်ပြီး ဓမ္မတာလာချိန်အတွင်း အကူအညီဖြစ်စေပါတယ်။ နောက်ကျောနာတတ်တဲ့သူဆိုရင်လည်း ဒီလေ့ကျင့်ခန်းက နာကျင်မှုတွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

ယောဂ

ဒီလေ့ကျင့်ခန်းက အကြောလျော့တာနဲ့ အသက်ရှုလေ့ကျင့်ခန်းတွေကို ပေါင်းထားတာဖြစ်ပါတယ်။ ဓမ္မတာလာချိန်အတွင်းလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို ကောင်းစေပြီး ရာသီလာချိန်ဖြစ်တတ်တဲ့နာကျင်ကိုက်ခဲခြင်းတွေကို သက်သာသွားစေနိုင်ပါတယ်။

ကခြင်း

ကတာက ခန္ဓာကိုယ်ကို ကျစ်လျစ်စေတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဓမ္မတာလာချိန်မှာ သင့်ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားဖြစ်ဖို့ဆိုရင် ကပေးလို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...