ကော်ဖီတစ်ခွက်သောက်ရသလို အားအင်တွေပေးစွမ်းတဲ့မရှိမဖြစ်ဆီများ

Health Knowledge
ကော်ဖီတစ်ခွက်သောက်ရသလို အားအင်တွေပေးစွမ်းတဲ့မရှိမဖြစ်ဆီများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကော်ဖီတစ်ခွက်သောက်ရသလို အားအင်တွေပေးစွမ်းတဲ့မရှိမဖြစ်ဆီများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကော်ဖီတစ်ခွက်သောက်ရသလို အားအင်တွေပေးစွမ်းတဲ့မရှိမဖြစ်ဆီများ

မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်ချင်တဲ့သူတွေရှိပါတယ်။ ကော်ဖီပူပူလေးတစ်ခွက်က သင့်ကို အားအင်တွေရှိသွားအောင်၊ စိတ်ဓာတ်ခွန်အားမြှင့်သွားအောင် ကူညီပေးပါတယ်။ ဒါပေမဲ့ ကော်ဖီက တစ်နေ့ကို ပမာဏအများကြီးသောက်သုံးလို့မရပါဘူး။

ကော်ဖီအများကြီးသောက်သုံးမယ်ဆိုရင် သွေးဖိအားများလာတာ၊ အစာခြေပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကော်ဖီမသောက်ဘဲ ကော်ဖီလိုပဲ အားအင်တွေတိုးစေတဲ့အရာကို ရှာနေတယ်ဆိုရင်တော့ မရှိမဖြစ်ဆီတွေက ကူညီပေးပါလိမ့်မယ်။ အဲဒီမရှိမဖြစ်ဆီတွေကို နေ့တိုင်းအသုံးပြုမယ်ဆိုရင် သင့်စိတ်ကို လန်းဆန်းစေပြီး သင့်ကို အားအင်ပြည့်စေမှာဖြစ်ပါတယ်။ အဲဒီမရှိမဖြစ်ဆီတွေက

သံပုရာအဆီ

ဆစ်ထရစ်အနံ့ရှိတဲ့ သံပုရာအဆီက စိတ်ခံစားချက်ပေါ်ထိရောက်မှုရှိပါတယ်။ သံပုရာရဲ့လတ်ဆတ်တဲ့အနံ့က စိတ်ကို တည်ငြိမ်သွားစေပြီး အင်အားတွေပေးစွမ်းတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

လိမ္မော်အဆီ

လိမ္မော်အဆီက အားအင်တိုးစေတဲ့အပြင် များစွာသောကျန်းမာရေးကောင်းကျိုးတွေလည်းရှိပါတယ်။

ရို့မယ်ရီအဆီ

ရို့မယ်ရီအဆီက စိတ်ဓာတ်တက်ကြွစေပြီး ဦးနှောက်လှိုင်းလုပ်ဆောင်ချက်ပေါ် ကောင်းတဲ့သက်ရောက်မှုရှိပါတယ်။ ရို့မယ်ရီအဆီက သင့်ကို အာရုံစူးစိုက်အားကောင်းစေသလို မှတ်ဉာဏ်အားလည်း တိုးလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

သစ်ကြံပိုးခေါက်အဆီ

သစ်ကြံပိုးခေါက်အဆီက ဇီဝဖြစ်စဉ်အားကောင်းစေဖို့အတွက် အကူအညီပေးပါတယ်။ အဲဒီအဆီက အာရုံစူးစိုက်အားကောင်းစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

ဘယ်လိုအသုံးပြုမလဲ

မနက်ခင်းရေချိုးတဲ့အခါ ဒီအဆီတွေကို သုံးပေးလို့ရပါတယ်။ သင့်လက်ဖဝါးထဲကို သင့်ကြိုက်နှစ်သက်တဲ့ အဆီအနည်းငယ်ထည့်ပြီး ပွတ်ပေးပါ။ တစ်နေ့တာကို အားအင်အပြည့်နဲ့ဖြတ်သန်းဖို့အတွက် အဲဒီအဆီကို ရှုပေးလို့လည်းရပါတယ်။ အဲဒီအဆီကို မျက်နှာလိမ်းအဆီအဖြစ် အသုံးပြုနိုင်ပါတယ်။ moisturiserထဲကို အဆီအနည်းငယ်ထည့်ပြီး မျက်နှာမှာ လိမ်းပေးလို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...