ကလေးတစ်ယောက်မွေးရင် ယွမ် ၅၀၀၀၀ (ငွေကျပ် သိန်း ၁၅၀) ထောက်ပံ့မယ်လို့ တရုတ်ခရီးသွားအေဂျင်စီ ကြေညာ

International News
ကလေးတစ်ယောက်မွေးရင် ယွမ် ၅၀၀၀၀ (ငွေကျပ် သိန်း ၁၅၀) ထောက်ပံ့မယ်လို့ တရုတ်ခရီးသွားအေဂျင်စီ ကြေညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးတစ်ယောက်မွေးရင် ယွမ် ၅၀၀၀၀ (ငွေကျပ် သိန်း ၁၅၀) ထောက်ပံ့မယ်လို့ တရုတ်ခရီးသွားအေဂျင်စီ ကြေညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေးတစ်ယောက်မွေးရင် ယွမ် ၅၀၀၀၀ (ငွေကျပ် သိန်း ၁၅၀) ထောက်ပံ့မယ်လို့ တရုတ်ခရီးသွားအေဂျင်စီ ကြေညာ

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုဖြစ်တဲ့ Trip.com Group က ဇူလိုင်လ ၁ ရက်နေ့ကစပြီး သူတို့ဝန်ထမ်းတွေ ကလေးတစ်ယောက် မွေးရင် ယွမ် ၅၀၀၀၀ ( မြန်မာငွေ သိန်း ၁၅၀ ဝန်းကျင်) ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အို အရေအတွက် များပြားပြီး လုပ်သားအင်အားစု လျော့နည်းမှု ကြုံနေရချိန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်တဲ့ Trip.com Group က အခုလို ကြေညာခဲ့တာပါ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Trip.com Group ရဲ့ ဝန်ထမ်းတွေအနေနဲ့ ကလေးတစ်ယောက်ယူရင် တစ်နှစ်ကို ယွမ် ၁၀၀၀၀ နှုန်းနဲ့ ၅ နှစ်တိုင်တိုင် ထောက်ပံ့စရိတ် ရရှိမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ကုမ္ပဏီအတွက် ယွမ် ၁ ဘီလျံလောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Trip.com Group ရဲ့ အမှုဆောင်ဥက္ကဋ္ဌကတော့ လုပ်သားအင်အားစု ကြီးထွားလာဖို့အတွက် အစိုးရသာမက ကုမ္ပဏီတွေကပါ နိုင်ရာဝန်ထမ်းကြဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ တစ်အိမ်ထောင်၊ ကလေးတစ်ယောက် မူဝါဒကို ဖျက်သိမ်းခဲ့ပေမဲ့ ကလေးမွေးဖွားနှုန်း တိုးတက်လာခြင်းမရှိပါဘူး။ ကိုဗစ်-၁၉ ကာလမှာတောင် အိမ်ထောင်ရှင်တွေက ကလေးယူဖို့ တွန့်ဆုတ်နေကြတယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြထားပြီး ၂၀၂၂ ခုနှစ်မှာ လူ ၁၀၀၀ ကို ကလေးမွေးဖွားမှု ၆.၇၇ အထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...