တစ်နာရီ ၁၉၈ မိုင်နှုန်း မောင်းနိုင်တယ်ဆိုတဲ့ ထွန်စက်ပုံစံ ပြိုင်ကား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်နာရီ ၁၉၈ မိုင်နှုန်း မောင်းနိုင်တယ်ဆိုတဲ့ ထွန်စက်ပုံစံ ပြိုင်ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
တစ်နာရီ ၁၉၈ မိုင်နှုန်း မောင်းနိုင်တယ်ဆိုတဲ့ ထွန်စက်ပုံစံ ပြိုင်ကား
စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တယားတွေ ထုတ်လုပ်တဲ့ ဘီလာရုစ်ကုမ္ပဏီက ထွန်စက် အစိတ်အပိုင်းတွေကို အသုံးပြုပြီး တစ်နာရီ ၁၉၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်ဆိုတဲ့ ပြိုင်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီပေါင်း ၁၅၀ ပါဝင်ခင်းကျင်းပြသခဲ့တဲ့ Innoprom ပြပွဲမှာ Minsk Tractor Plant ကုမ္ပဏီရဲ့ ထွန်စက်ဒီဇိုင်း ပြိုင်ကားက စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့တာပါ။
ပြပွဲကို လာရောက်ခဲ့တဲ့ ဘီလာရုဇ်ဝန်ကြီးချုပ်နဲ့ ရုရှားဝန်ကြီးချုပ်တို့က ဒီကားကို စမ်းသပ်မောင်းနှင်ကြည့်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ ပြပွဲမှာ ခင်းကျင်းပြသထားတာက အမှန်တကယ် မောင်းနှင်လို့မရတဲ့ နမူနာပုံစံ ဖြစ်နေတာကြောင့် စမ်းသပ်မောင်းနှင်ခွင့်တော့ မရခဲ့ပါဘူး။
တချို့တွေကတော့ လူစိတ်ဝင်စားမှု ရရှိစေမယ့် မားကတ်တင်းအိုင်ဒီယာ တစ်ခုဖြစ်ပြီး အမှန်တကယ် မောင်းနှင်နိုင်တဲ့ ထွန်စက်ပြိုင်ကား တီထွင်ထားခြင်း မရှိဘူးလို့ စွပ်စွဲကြပါတယ်။ ဒါပေမဲ့ ပြပွဲကျင်းပရေးကုမ္ပဏီ ဒါရိုက်တာကတော့ ထွန်စက်ပြိုင်ကား အမှန်တကယ်ရှိပြီး တစ်နာရီ ၁၉၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။