သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေကို ဆယ်ယူပြီး လက်ပတ် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေကို ဆယ်ယူပြီး လက်ပတ် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေကို ဆယ်ယူပြီး လက်ပတ် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ
သမုဒ္ဒရာထဲမှာ ပလတ်စတစ်အမှိုက် ကင်းစင်ရေး ရည်ရွယ်လုပ်ဆောင်နေတဲ့ 4ocean ကုမ္ပဏီဟာ ၆ နှစ်တာကာလအတွင်း ပလတ်စတစ်အမှိုက် အလေးချိန် ပေါင် သန်း ၃၀ အထိ ဆယ်ယူပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့တိုက်ကြီး ၂ တိုက်မှာရှိတဲ့ တည်နေရာ ၁၂ ခုမှာ ပလတ်စတစ်အမှိုက်တွေ ဆယ်ယူပေးနေတာပါ။
အမေရိကန်၊ အင်ဒိုနီးရှားနဲ့ ဂွာတီမာလာနိုင်ငံတွေမှာ ဒေသခံဝန်ထမ်း ၁၈၅ ယောက်အထိ ခန့်အပ်ထားပြီး စွန့်ပစ်ပလတ်စတစ်တွေကို ပြန်လည်အသုံးပြုကာ လက်ပတ်တွေ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
4ocean ကုမ္ပဏီဟာ ယခုနောက်ဆုံးစီမံကိန်းတစ်ရပ်အဖြစ် Corona ဘီယာကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဂွာတီမာလာနိုင်ငံက ရီယိုမိုတာဂွာမြစ်မှာ ပလတ်စတစ်အမှိုက် ရှင်းလင်းရေးဆောင်ရွက်သွားမှာပါ။ ရီယိုမိုတာဂွာမြစ်ဟာ ဗဟိုအမေရိကတိုက်ရဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆိုးရွားဆုံး မြစ်တစ်စင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း သမုဒ္ဒရာထဲကို စီးဝင်နေတဲ့ ပလတ်စတစ်အမှိုက် ၂ ရာခိုင်နှုန်းနီးပါးဟာ ရီယိုမိုတာဂွာမြစ်ထဲကနေ စီးဝင်တာ ဖြစ်ပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။