သွေးစုပ်ဖုတ်ကောင်လိုပြင်ဆင်ပြီး အခေါင်းနဲ့ ကျောင်းကပွဲကို လာခဲ့တဲ့ ကျောင်းသူလေး

International News
သွေးစုပ်ဖုတ်ကောင်လိုပြင်ဆင်ပြီး အခေါင်းနဲ့ ကျောင်းကပွဲကို လာခဲ့တဲ့ ကျောင်းသူလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွေးစုပ်ဖုတ်ကောင်လိုပြင်ဆင်ပြီး အခေါင်းနဲ့ ကျောင်းကပွဲကို လာခဲ့တဲ့ ကျောင်းသူလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွေးစုပ်ဖုတ်ကောင်လိုပြင်ဆင်ပြီး အခေါင်းနဲ့ ကျောင်းကပွဲကို လာခဲ့တဲ့ ကျောင်းသူလေး

ဆယ်ကျော်သက်ကျောင်းသူလေးတစ်ဦးက ကျောင်းမပိတ်မီကျင်းပတဲ့ ကျောင်းကပွဲကို ထူးထူးခြားခြားလေးပြင်ဆင်ပြီးလာခဲ့လို့ လူအများက တအံ့တဩဖြစ်ခဲ့ရပါတယ်။ အေဘီ ရစ်ခ်ကတ်စ်ဆိုတဲ့ အဲဒီကောင်မလေးက သွေးစုတ်ဖုတ်ကောင်လို ပြင်ဆင်ခြယ်သပြီး ၆ ပေရှည်တဲ့ အခေါင်းနဲ့ ကျောင်းကပွဲကို ရောက်လာခဲ့တာပါ။

သူက ကျောင်းကပွဲကို ဘယ်လိုပုံစံနဲ့သွားရမလဲဆိုတာကို အသက် ၇၆ နှစ်အရွယ် သူ့အဘွားဖြစ်သူနဲ့တောင် တိုင်ပင်ခဲ့တာပါ။ သူ့အဘွားကတော့ သူ့ကို သူ စိတ်ကူးထဲမှာရှိတဲ့အတိုင်း တတ်နိုင်သလောက်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ သူက သူ့ရဲ့အကြိုက်နှစ်သက်ဆုံးဇာတ်ကား The Lost Boys ထဲကအတိုင်း လိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူ့ကို ကျောင်းကပွဲဆီ ပို့ဆောင်ဖို့ နိဗ္ဗာန်ယာဉ်ကို ရဖို့လည်း မျှော်လင့်ထားခဲ့တာပါ။ နိဗ္ဗာန်ယာဉ်ကို မရနိုင်ခဲ့ပေမဲ့ အခေါင်းကိုတော့ ပေါင် ၅၀ ပေးပြီး ဖေ့စ်ဘွတ်ခ်ကနေ ဝယ်ယူနိုင်ခဲ့ပါတယ်။ သူ့အဖေက အနက်ရောင် Volvo XC90 ကားကို နိဗ္ဗာန်ယာဉ်အဖြစ် အသုံးပြုပေးခဲ့ပါတယ်။

ကျောင်းကပွဲနေ့ရောက်တဲ့အချိန်မှာ ကားထဲကနေ အခေါင်းနဲ့ ထွက်လာတဲ့ သူ့ကို လူတွေက မြင်ပြီး တအံ့တဩဖြစ်သွားခဲ့ကြပါတယ်။ သူက သွေးစုတ်ဖုတ်ကောင်လို အဖြူရောင်မိတ်ကပ်တွေလိမ်းခြယ်ပြီး အနက်ရောင်ဂါဝန်ကြီးဝတ်ဆင်လာခဲ့တာပါ။ သူပါလာတဲ့ အခေါင်းကို သူ့အဖေနဲ့သူ့အစ်ကိုတို့က လိုက်ပါသယ်ဆောင်ပေးခဲ့ပါတယ်။ လူတိုင်းက သူ့ကို လက်ခုတ်တီးကာ အားပေးခဲ့ကြပါတယ်။ စိတ်မကောင်းစရာကတော့ သူ့ရဲ့ဒီပုံစံကို သူ့အဘွားဖြစ်သူ မြင်မတွေ့လိုက်ရပါဘူး။ ကျောင်းကပွဲမတိုင်ခင် သူ့အဘွားthayဆုံးသွားခဲ့လို့ပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...