အသံတုနဲ့ ဖုန်းဆက်ပြီး ဖခင်ရဲ့ဘဏ်အကောင့်ထဲက ငွေတွေအကုန် ခိုးခဲ့တဲ့သား

International News
အသံတုနဲ့ ဖုန်းဆက်ပြီး ဖခင်ရဲ့ဘဏ်အကောင့်ထဲက ငွေတွေအကုန် ခိုးခဲ့တဲ့သား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသံတုနဲ့ ဖုန်းဆက်ပြီး ဖခင်ရဲ့ဘဏ်အကောင့်ထဲက ငွေတွေအကုန် ခိုးခဲ့တဲ့သား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသံတုနဲ့ ဖုန်းဆက်ပြီး ဖခင်ရဲ့ဘဏ်အကောင့်ထဲက ငွေတွေအကုန် ခိုးခဲ့တဲ့သား

ဗြိတိန်အမျိုးသားတစ်ယောက်ဟာ သူ့အဖေနဲ့ ကွယ်လွန်သူ မိခင်ရဲ့ အသံတုတွေလုပ်ပြီး ဖခင်ရဲ့ ဘဏ်အကောင့်ထဲက ငွေတွေအကုန် ခိုးယူခဲ့ပါတယ်။ ၄၂ နှစ်သား ကုသ်ဘတ်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြား ၁၄ လတာ ကာလအတွင်း သူ့အဖေရဲ့ ဘဏ်အကောင့်ထဲကနေ ပေါင် ၅၆၀၀၀ ကျော်ကို လိမ်လည် ထုတ်ယူခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သူဟာ ဘဏ်ဝန်ထမ်းတွေကို ဖုန်းဆက်ရာမှာ သူ့အဖေနဲ့ ကွယ်လွန်သူ မိခင်ရဲ့ အသံတွေအတိုင်း တုပပြောဆိုခဲ့ပြီး ဘဏ်အကောင့် လုံခြုံရေး မေးခွန်းတွေကိုလည်း မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ (အလုပ်ထုတ်ခံရလို့ ရတဲ့ နစ်နာကြေးငွေအပါအဝင်) ဖခင်ဖြစ်သူ စုဆောင်းထားသမျှကို အခြားဘဏ်အကောင့်ထဲ လွှဲပြောင်းခိုင်းခဲ့တာပါ။ ကုသ်ဘတ်ဟာ ဖခင်အမည်နဲ့လည်း ချေးငွေတွေ ယူခဲ့ပါသေးတယ်။

ဖခင်က သူ့ရဲ့ ဘဏ်အကောင့်ကို စစ်ဆေးကြည့်တော့ ပိုက်ဆံတွေ တတိတိ လျော့လာတာ မသင်္ကာလို့ ဘဏ်ကို အကြောင်းကြားခဲ့တာပါ။ ဒါပေမဲ့ သူ့သား ခိုးယူခဲ့တာလို့ မထင်ခဲ့သေးပါဘူး။ ရဲတပ်ဖွဲ့က အသံဖိုင် ထုတ်ပြတော့မှ သူ့သားလက်ချက်မှန်း သိသွားခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ပရက်စတန်တရားရုံးက ကုသ်ဘတ်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...